Tag Archives: မိန်းမသား
2011 Miss Universe Leila Lopes
Leila Lopes - Miss Angola
2011 Miss Universe Leila Lopes
သူမ၏ အကြောင်း အနည်းငယ်ဖော်ပြလိုက်ပါသည်။
မွေးရပ်ဇာတိ : Angola နိုင်ငံ ၊ Benguela Province မြို့
မွေးသက္ကရာဇ် : February 26, 1986
လက်ရှိ အသက် :25
အရပ် : 1.79 m (5 ft 10 1⁄2 in)
လက်ရှိနေထိုင်သောအရပ်: United Kingdom
ပြိုင်ပွဲဝင်သော အလှမယ်များအားလုံး မေးခွန်းများစွာကို ဖြေဆိုကြရသည်။ သူမ မေးခွန်းများကို ဘယ်လို ဖြေဆိုခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။
( ပြိုင်ပွဲဝင်သူများ ကိုယ်စီကိုယ်စီ လှပကြပါသည်။ သို့ ပေမယ့်  အကဲဖြတ်ဒိုင်များ၏ မေးခွန်းများကို ဖြေဆိုတဲ့ အဖြေတွေက သီခြားစီ ထွက်လာခဲ့ပါသည်။ ထိုအဖြေများက အောင်မြင်မှု သရဖူကို ရယူပေးခဲ့တာပါ။)
Responding to questions, Lopes said that
she has never had cosmetic surgery of any kind and that her three tips for beauty were to get a lot of sleep, use sun block even when it’s not sunny and to drink lots of water.
She said her smile was her best weapon in the competition.
အမှတ်ထင်ထင် မိန်းမသားအလှ
မိန်းမသားတွေ နေ့ တိုင်းအလှပြင်လေ့ရှိတယ်။
မိမိရဲ့ အလှအပ အပြင်အဆင်ကို အများသူငါ သတိထားမိရင် မိန်းမသား အတော်များများ ကျေနပ်နှစ်သက်ကြတယ်။
အများသူငါ အထူးသဖြင့် ကောင်လေး ချောချောလေးတွေ သတိထားမိအောင် မိန်းမသားတွေ ဘာလို ပြင်ဆင်သင့်လဲ။ ဘာတွေ ဆောင်သင့်သလဲ-
  1. မိမိရဲ့ အပြုံး
    အတင်းလည်း လုပ်ပြီးလည်း မပြုံးပါနဲ့ ။ ပကတိ အပြုံးလေးဆို လုံလောက်တယ်။
    အပြုံးလှလှ ပေးနိုင်ရင်တော့ တဖက်သား နှလုံးသားထဲထိ ပြေးဝင်သွားနိုင်တယ်။
  2. မိမိရဲ့ ဆံပင် ပုံစံနှင့် ထုံးဖွဲ့ ထားမှု
    ကိုယ်နဲ့ လိုက်တဲ့ ဆံပင်ပုံစံနှင့် ထုံးဖွဲ့ မှုကို အမြဲ ရှာဖွေ၊ထိန်းသိမ်းပါ။
    ဆံပင်ပုံစံလှလို့ ရှိရင် အနောက်ကကြည့်လည်းလှတယ်။ ဘေးကကြည့်လည်းလှတယ်။
  3. မိမိရဲ့ မိတ်ကပ်
    တချို့ က မိတ်ကပ်အထူနဲ့ လိုက်တယ် ။ တချို့ က မိတ်ကပ်အပါးနဲ့ လိုက်တယ်။
  4. မိမိရဲ့ ရင်သားအလှ
  5. မိမိရဲ့  အသားအရည် စိုပြေလှပမှု
    အသား အဖြူရောင်လည်း အဖြူရောင်အလျှောက်လှတာပဲ။ အသား အမည်းရောင်လည်း အမည်းအလျှာက်လှတာပါပဲ။
    အဓိက ကတော့ အရောင်ထက် စိုပြေ နေဖို့ အရေးကြီးတာပါ။
  6. မိမိရဲ့ လက်ကိုင်အိတ်
    မိန်းမကိုင် လက်ကိုင်အိတ်တွေက မိန်းကလေးတစ်ယောက်ကို အများကြီး အဓိပ္ပါယ်ဖွင့်ပေးနေတယ်။ ဒီမိန်ကလေးက ဘယ်လို မိန်းကလေးလဲ- ကျောင်းသူလား၊ ၀န်ထမ်းလား၊ အလုပ်ပိုင်ရှင်လား စသည်ဖြင့် ပေါ့။
လေ့လာမှုတွေပြုလုပ်ပြီး ဒီအချက် ၆ ချက်တွေက မိန်းမသားတွေကို သိသာထင်ပေါ်စေတယ်။
ယောကျာင်္းလေးတွေရဲ့ အမြင်အာရုံမှာ စွဲထင်ကျန်ရစ်စေတယ်။
ကဲ ဒီလေ့လာတွေ့ ရှိချက် ဟုတ်ပါသလား ။