Tag Archives: web site

Google Dictionary is closed down.

Google Dictionary is no longer available.

You can use Google web search to find definitions or Google Translate for your translation needs.

ကျွန်တော် အမြဲသုံးနေတဲ့ Google Service တစ်ခု ပိတ်သွားပါပြီ။

ကျွန်တော် အခု http://www.ldoceonline.com/ (Longman English Dictionary Online – LDOCE) ကို ပြောင်းလဲ အသုံးပြပါသည်။

သူက အသံတွက်ပါသည်။ ဖော်ပြချက်တွေ အတော်ရှင်းလင်းပါသည်။

 

Online Study

နိုင်ငံခြားဘာသာစကားများကို အကြောင်းအမျိုးမျိုးကြောင့် သင်တန်းအသီးသီးမှာ သွားရောက် မလေ့လာနိုင်သူများအတွက် Internet မှ လေ့လာနိုင်တဲ့ web site တစ်ခု ညွှန်းဆိုပေးလိုက်ပါတယ်

http://fsi-language-courses.org/Content.php

စာသားများကို pdf အနေနှင့် အသံဖိုင်များကို mp3 အနေနှင့် download ယူထားပြီး။ Internet မရှိသည့် အချိန်မှာလည်း ဆက်လက်လေ့လာနိုင်ပါတယ်

Opera 10.5

Web Browser တွေထဲမှာ အမြန်ဆုံးပါလို့  ကြွေးကြော်ပြီး – ဒီနေ့  ထွက်ရှိလာပါပြီ။

လက်တွေ့ စမ်းကြည့်ရသလောက် တော်တော်လေး မြန်ပါတယ်။

မြန်မာစာ Font နဲ့  ရေးသားဖို့  အတွက် နည်းနည်းတော့ ပြင်ဆင်ရလိမ့်မယ်။

http://www.opera.com/

Google Dictionary

Google ကတော့ Internet အသုံးပြုသူတွေနဲ့  ရင်းနှိးနေတာ ကြာလှပါပြီ။
သူက ရိုးစင်းတယ်။ လွယ်ကူတယ်။ နောက် သုံးစွဲသူတွေက အခကြေးငွေ ပေးဖို့ မလိုဘူး။

အခုလည်း အားလုံးအတွက်  http://www.google.com/dictionary ကို ဖွင့်ပေးလိုက်ပါပြီ။

နောက်တချိန်မှာတော့ English to Myanmar Dictionary လည်း ရလာမှာပါ။
Continue reading Google Dictionary

pdf document စာကြောင်းတွေ ဖြည့်ဖို့ 

pdf document တွေကို print ထုတ်ပြီး လက်ရေးနဲ့  မဖြည့်ချင်တော့ဘူး။ ကွန်ပျုတာထဲမှာပဲ ဖြည့်စွက်ချင်တယ်။ ပြီးမှ သပ်သပ်ရပ်ရပ် Print ထုတ် ဒါမှ မဟုတ် email ပို့ ချင်တယ်။

သြော် လူ့ အလို နတ်မလိုက်နိုင် တဲ့။

ဒါပေမယ့် ကွန်ပျူတာ ပညာရှင်တွေကတော့ user တွေ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး ကျိုးစားပြီး ဖြည့်ပေးပါတယ် ။

သာမန်ကိစ္စလေးအတွက် Adobe Acrobat Professional ကို သုံးဖို့ က မသင့်တော်ပြန်ဘူး။
PDF Editor တွေကလည်း ဈေးကြီးတယ်။ မြန်မာပြည်မှာ License ကိစ္စက အရေးမကြီးပေမယ့်၊ နိုင်ငံရပ်ခြားမှာ နေထိုင် အလုပ်လုပ်နေသူတွေအတွက် License က ဂရုစိုက်ရမယ်လေ။

ကျွန်တော်ကတော့ http://www.pdfescape.com/ ကို ညွှန်းချင်တယ်။

  • Online Application ဆိုတော့ Installation လုပ်ဖို့ လုံးဝ မလိုဘူး။ Web Browser ကနေ အလွယ်တကူ သုံးလို့ ရတယ်။ မြန်မာပြည်တွင်းကတော ဈေးကြီးတဲ့  Pdf editor တွေကို crack လုပ်ပြီး သုံးလို့ ရပါတယ်။
  • မူလ pdf document ထဲကို စာကြောင်းတွေ ဖြည့်စွက်လို့ ရတယ်။
    ရှိပြီးသား စာပိုဒ်တွေ ပုံတွေကို ဖျက်ထုတ်လို့ ရတယ်။
  • pdf document ထဲက ရှိပြီးသား စာမျက်နှာတွေကို ဖျက်လို့ ရတယ်။ ရှေ့ နောက် ရွှေ့ လို့ ရတယ်။
  • pdf document ၂ ခု၊ ၃ ခု တွေကို တစ်ခုတည်းဖြစ်သွားအောင် ပေါင်းလို့ ရတယ်။
    ဒါကို  Append PDF လုပ်တယ်လို့ ခေါ်တယ်။
  • Register မလုပ်ဘဲ သုံးချင်လည်းရတယ်။
    Register လုပ်ထားရင် မိမိ pdf တွေကို သိမ်းထားပေးတယ်

ကျွန်တော် သိသလောက် မျှဝေလိုက်တယ်။ ပိုကောင်းတာတွေ ရှိရင် လည်း ကျွန်တော် ကို မျှဝေပါ။

KoKTH

မြန်မာ ဘာသာဖြင့် စုံလင်စွာ ဖတ်ရှူနိုင်ပြီ

မြန်မာ့သတင်း၊ မြန်မာ့ အတင်းတွေကို နေရာတခုတည်းမှပဲ ထိုင်ပြီး ဖတ်နိုင်တဲ့ အချိန်ရောက်လာပါပြီ။

ဇော်ဂျီ ဖောင့် နှင့် Web 2.0 RSS  နည်းပညာကိုအသုံးပြုကာ အင်တာနက်ပေါ်မှ ခေတ်လူငယ် ၊ လျှပ်တပြက်သတင်းဂျာနယ်၊ အင်တာနက်ဂျာနယ် ၊ ရွှေအမြုတေ ၊ Teen Magazine ၊ Idea Magazine ၊SoccerMyanmar…… ၊ စသည့် အင်တာနက်ပေါ်ရှိ မြန်မာဝဘ် ဆိုက်များ  ဘလော့များ ၊ ဖိုရမ်များမှ ဗဟုသုတရစရာ မြန်မာ နှင့် နိုင်ငံတကာသတင်းများ ၊ အိုင်တီ နှင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ မြန်မာဘလော့များ ၊ မြန်မာ့ရာသီဥတုအခြေအနေ ၊ အနုပညာသတင်း ၊ မြန်မာ MP3 သီချင်းများ ၊ မြန်မာဗီဒီယို ၊ Free Software Downloads ၊ ကျန်းမာရေး ၊ ဘာသာရေး ၊အစားအသောက် ၊ မြန်မာ ဗေဒင် ၊ ဟာသ ၊ လူငယ်ကဏ္ဍ စသည့် မြန်မာဘာသာဖြင့် http://www.myanmardaily.net/ တနေရာတည်းတွင် စုံလင်စွာ ဖတ်ရှူနိုင်ပါပြီ။

Desktop Wallpaper

ဓာတ်ပုံလှလှလေးများကို Desktop Wallpaper တင်ချင်လို သူများအတွက်-

National Geographic မှ people,  culture, places, nature အစရှိတဲ့ ခေါင်းစဉ်တွေအတွက် quality ကောင်ကောင်း ပုံတွေ အခမဲ့ရနိုင်ပါတယ်။

http://photography.nationalgeographic.com/photography/wallpapers