Tag Archives: singapore
စင်္ကာပူ
၁။ ဟိုးတစ်ချိန်ကတော့
ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။ရန်ကုန်ရေ  နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး…
တနေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။
၃။ သုပ်သုပ်သွား၊ သုပ်သုပ်လာ၊ သုပ်သုပ်စား
သုပ်သုပ်နား၊ အလုပ်တအားလုပ်
လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်္ကာပူရေ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်
တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး
မြေနဲ့၊ ရေနဲ့ ၊ ဇာတိနဲ့ လူမျိုး စင်္ကာပူရဲ့
ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမယ့်
မင်းကျမ်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။
၎။ ကမ်းခြေချန်ကီဘိလစ်(Changi Village) မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ဥာဏ်ပညာတွေ ဘယ်လောက်ယူသွားနိင်လည်း
ကိုယ်ကနားပြီး စိတ်ကမနားနိင်ဘူး စလုံးရေ။
၅။ ငါတို့ ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလိုဝင်မွှေသွားတဲ့ ပင်လယ်မ က
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိင်ဘူး။
၆။ အီကွေတာ အောက်ကမြို့ကလေး
ပွင့်သမျှ ပန်းမမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကြတော့…ဘယ်တော့မွှေးမလဲ။
၇။ တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့ မလွယ်တဲ့
အမျိုးတွေ ၊ သူငယ်ချင်းတွေ
ပင်နီစူလာပလာဇာ (peninsula plaza) မှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်္ကာပူ ခင်ဗျားကြီး အရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
၈။ ပြောစရာ ရှိလို့သာပြောရ
ပြောဖို့မလိုပါဘူး။
အိမ်သည် ဧည့်သည် မပူရအောင်ထားပေးတဲ့
စင်္ကာပူ ကျေးဇူးပါ
အဲဒီလို ကျေးဇူး
ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
၉။ စင်္ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံး မကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမယ့် အဲဒါ ရှော့ခ်ရှိတယ်။
၁၀။ အမှန်ကိုလည်း ပြောမရ အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။
၁၁။ “ဆရာ… အသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော် မပြန်နိင်တာ သုံးနှစ်ရှိပြီ
အိမ်က ပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ၊
အခုထိ မကျေသေးဘူး။ ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟော်တယ်မှာတော့ ၀ိတ်တာပေါ့၊ သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံ မကျေသေးတော့ မိသားစုကို မျက်နှာပူလို့ သင်္ကြန်မှာ
ပိတောက်တွေ ပွင့်လားဟင်…”စလုံးမှာ မေးတဲ့စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလားဆိုတဲ့ မင်းရဲ့ မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်မှာ ပြာကျစေတယ်
ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး
ခွင့်လွှတ်ပါ သားလေးရယ်။
၁၂။ လူကြီးတွေက ပြည်ပနိင်ငံကို အထင်မကြီးနဲ့တဲ့
ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှု့တွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုန့်ပြန်မှု့။
၁၃။ အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့
ခံရခက်တယ် တကယ်က
ဘာမဆို ခွဲဝေယူကြတယ်
…. ….
ကိုယ်တွေတော့ လုံးဝ(လုံးဝ) မပါဘူး။
၁၄။ MRT ရထားပေါ်မှာ iPhone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြိးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်္ကာပူမှာပေါ့
မြန်မာပြည်မှာတော့
ကဗျာ ဆရာ အပါအ၀င် အားလုံးညံ့နေသေးတယ်။
၁၅။ အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိင်ဘူး
လူတချို့က
မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်
ပိုက်ဆံ ချမ်းသာမယ်
ဒါဆိုလုပ်ချင်ရာ လုပ်မယ်
လူများလို့ နိင်ပေမယ့် မမှန်ရင် မနေပါနဲ့
လူနည်းလို့ ရှုံးပေမယ့်
မှန်ရင် နေကြပေးပါ။
၁၆။ ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဋ္ဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာ ဆရာဝန် တစ်ဦးက
“စင်္ကာပူက သူဋ္ဌေးက လူကို လူလိုတန်ဖိုးထားတယ်
မြန်မာပြည်က သူဋ္ဌေးက
လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေ ချည်းပဲ ” တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး
ဘယ်တော့မှ ပြောနိင်မှန်းလည်း မသိဘူး။
၁၇။ သေသေချာချာ ပြောနိင်တာကတော့
ပြည်ပရောက် မြန်မာတွေအားလုံးကို
ပြည်တွင်းက မြန်မာတွေအားလုံးက
ရင်တွေ ပြာကျလောက်အောင် လွမ်းနေကြ
ဒီထဲမှာ အမေတွေက ပိုဆိုးတာပေါ့
ရန်ကုန်မြို့ က
အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေ ချည်းပဲ။
၁၈။ စင်္ကာပူက…
အဖြူ၊ အမဲ၊ အညို ဘယ်သူနဲ့ ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ ဆုံးတော့
စင်္ကာပူဆိုတာ အလွမ်းတွေ စုနေတဲ့
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသား၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်း တာကျိုးရတာပေါ့။
၁၉။ ချစ်သူကိုလည်း ချစ်တယ်
အဖေ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆို ချစ်ရဲ့သားရဲ့ ဘာလို့ခွဲရက်တာလည်း
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာမှာ
ငါတို့ အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွှင်စွာနစ်
တချို့ ၀မ်းနည်းစွာနစ်
မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး “ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ
တို့ပိုင်တဲ့မြေ ”
စင်္ကာပူရေ… တို့လူမျိုးကို ချစ်ပါ
အမှန်တရား ၊ ရိုးသားမှု့နဲ့ မြန်မာတွေပါ
“ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ “ ။ ။
(စောဝေ)
(၁၄-၅-၂၀၁၁) နေ့ လမ်းပြကြယ်  စာကြည့်တိုက် စာချစ်သူများ စင်္ကာပူနိင်ငံမှ ကျင်းပပေးသော Poetry Performance ပွဲတွင် ရွတ်ခဲ့သော ကဗျာ
ကောင်းကင် online မဂ္ဂဇင်းမှ ကူးယူဖော်ပြထားပါသည်။
http://www.kaungkin.com/index.php?option=com_content&view=article&id=544:poem&catid=48:2009-04-21-17-32-48&Itemid=78
Changi Village : အနားယူ အပန်ဖြေရန်ခေတ်မှီစွာ တည်ဆောက်ထားသော အပန်းခြေစခန်း။
peninsula plaza: မြန်မာတွေ ဆုံတွေ့ သောနေရာ၊ မြန်မာ ဆိုင်တွေ ဖွင့်ထားသောနေရာ။
စင်္ကာပူက PC Show 2010
စင်္ကာပူက ဦးဦး၊ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့ ဆီက နောက်ဆုံးထုတ် ကွန်ပျုတာ၊ ဖုန်း အစရှိတာတွေ မှာချင်ရင် – အခု PC Show 2010 စ နေပြီ  – 10 June မှ ၁၃ June အထိ ပဲနော်-
ပစ္စည်းကောင်း ဈေးချိုချိုနဲ့ ရောင်းတာနော် –
ဘာမှာ ရမှန်းမသိရင်၊ ဘာဝယ် ရမှန်းမသိရင် -
ပစ္စည်းများကို အုပ်စုအလိုက် စုစုစည်းစည်း ဖော်ပြထားပြီး၊ တခုချင်းစီအတွက် မှတ်ချက်လေးတွေပါ ရေးပေးထားပါသည်။ အသေအချာလေ့လာပြီးမှ ၀ယ်ချင်ရင်တော့ -ဒီမှာ အရင်လေ့လာပါ။
http://www.digitalone.com.sg/guides/article/12059
ဈေးနှုန်းတွေက နေ့ စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ နေ့ စဉ်ပြောင်းလဲနေသော ဈေးနှုန်းများကို လူတိုးမခံရဘဲ သိလိုလျှင်-
http://www.bootstrike.com/itfairsg/itshow2010/
ကဲ ဈေးနှုန်းလည်းသိပြီ။ ပစ္စည်းတွေ အကြောင်းလဲ သိပြီ။
ဝယ်လိုတာ ၀ယ်လို့ ရပြီ။
မှာလိုတာ မှာလို့ ရပြီ။
ခေါ်သံ
ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။
နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ … .. ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။
Continue reading ခေါ်သံ
ပတ္တမြားမှန်ရင် နွံ့ မနစ်ပါ။
အခုရက်ပိုင်းမှာ http://www.temasekreview.com/ ရဲ့ဆောင်းပါး သည် စင်္ကာပူနိုင်ငံသားတွေနဲ့  မြန်မာတွေ အငြင်းအခုံဖြစ်အောင် တွန်းအားပေးနေပါတယ်။
သေချာလေ့လာကြည့်ရင် –
  • ဒီ blog သည် အတိုက်အခံပါတီရဲ့ လက်ရှိ အာဏာရပါတီကို တိုက်ခိုက်နေတဲ့နေရာပါ။
  • ဒီ blog သည် မြန်မာလူမျိုးတို့ သာမက၊ တခြား လူမျိုးများ (တရုတ်၊ ဖိလစ်ပိုင်) အစရှိသော စင်္ကာပူမှာ အခြေချ၊ အလုပ်လုပ်နေသောသူများကို စော်ကားစွာ ရေးသားထားတာ တွေ့ နိုင်ပါတယ်။ ရေးသားထားသော ဆောင်းပါးများမှာလည်း တဖက်သားကို စော်ကားလွန်းပြီး၊ အဆင့်အတန်းမဲ့စွာ တိုက်ခိုက် ရေးသားထားပါတယ်။
    ဒါကြောင့် ဒီ blog သည် ပြဿနာကို မီးခွက်ထွန်းရှာနေသာ အတိုက်အခံပါတီရဲ့ တိုက်ကွက်ဖြစ်ပါတယ်။
    နောက် ဆောင်းပါး တစ်ပုဒ် မှာ ပြဿနာရှာလိုကြောင်း ရေးသားထားပါတယ်။
    Protracted online flame war between foreigners and locals on TR a warning for future social unrest
  • သူတို့ နိုင်ငံရေးပြဿနာ အရှုပ်အထွေးမှာ မြန်မာတွေ မြေဇာပင်မဖြစ်စေလိုပါ။  ။
Continue reading ပတ္တမြားမှန်ရင် နွံ့ မနစ်ပါ။
စင်္ကာပူမှ ရုံးပိတ်ရက်များ
စင်္ကာပူမှ မြန်မာ သူငယ်ချင်းများ – ရုံးပိတ်ရက်တွေမှာ အမိမြေပြန်မယ်။ တခြားနေရာတွေကို အလည်အပတ်ခရီးထွက်မယ်။ ရုံးပိတ်ရက်တွေကို ဘယ်လို ထိထိရောက်ရောက် အသုံးပြုမလဲ။
အခွင့်အရေးကို လက်လွက်မခံပါနဲ့  ။ အခုကတည်းက ကြိုတင် စီစဉ်လို့ ရအောင် ဒီ ဇယားလေးကို မျှဝေပေးလိုက်ပါတယ်
စင်္ကာပူနိုင်ငံ စာပေဟောပြောပွဲ
စင်္ကာပူနိုင်ငံ “စာပေ မြတ်နိုးသူများ” ၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့်
2009 December 20
NTUC Center, No1. Marina Boulevard, Singapore 018989
စင်္ကာပူနိုင်ငံ  ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
စာရေးဆရာကြီး (၃) ဦး တို့ က စာပေ စကားနှင့် အနှပညာ အယူအဆ များကို နေ့ လည် ၁၂ : ၃၀ မှ ညနေ ၆း၃၀ အထိ စိတ်အားထက်သန်စွာဖြင့် ဟောပြောခဲ့ပါတယ်။
ဆရာ နေ၀င်းမြင့် က “တခါသုံး လူ့ အဖွဲ့ အစည်း ခေါင်းစဉ် ” ဖြင့် – ယနေ့ ခေတ်အခြေအနေ နှင့်  မြန်မာလူမျိုးတို့ ၏ ပကတိ  မြန်မာ့ စာပေ နှင့် မြန်မာ့ စိတ်ဓာတ် တို့ ၏ ခမ်းနားထည်ဝါမှုကို ရှင်းပြခဲ့ပါတယ်။
ဆရာမ ဂျူး က “စာရေးဆရာ တစ်ယောက်၏ မှတ်စုများ”  ခေါင်းစဉ်ဖြင့် – ဖြတ်သန်းပြီးခဲ့တဲ့ စာရေးဆရာ သက်တမ်းကို အပိုင်း ၅ ပိုင်းခွဲပြီး၊ အပိုင်းတခုမှ နောက်တခုသို့  ကူးပြောင်းလာသော ရည်ရွယ်ချက်တို့ ကို ရှင်းပြခဲ့ပါတယ်။
ဆရာချစ်ဦးညို က “ရသ စာပေ ဖန်တီးမှုနှင့် ရသ စာပေ ခံစားမှု”  ခေါင်းစဉ်ဖြင့် – ရသ အနုပညာ၏ စွမ်းပကားနှင့် အနှပညာရှင်တို့ ၏ ကျိုးပမ်းမှုတိုကို ဝေေ၀ဆာဆာ ဟောပြောခဲ့ပါတယ်။
စာရေးဆရာတို့ ၏ ဆိုစကားများကို အောက်ပါ နေရာမှ download ယူနိုင်ပါတယ်။
http://www.mediafire.com/?wjgzvazyned – ချစ်ဦးညို
http://www.mediafire.com/?jywmbimwzg2 – နေ၀င်းမြင့်
http://www.mediafire.com/?zd0mtwdwg0q – ဂျူး
Alternative Download Links-
ချစ်ဦးညို
နေ၀င်းမြင့်
ဂျူး
Changi Airport အတွေ့ အကြုံ
သူငယ်ချင်းတစ်ယောက် စင်္ကာပူကို လာမည်ဆိုလို နာမည်ကျော် Changi Airport ကို ရထားစီးပြီးထွက်လာခဲ့တယ်။
သူငယ်ချင်းကပြောထားတာက Silk Air နဲ့  ရန်ကုန်က 10:30 မှာထွက်လာမယ်။ စင်္ကာပူကို 2:30 လောက် Terminal 2 ကိုဆိုက်ရောက်မယ်တဲ့ ။
ရုံးကနေ နေ့ တ၀က်ခွင့်ယူပြီး ကမန်းကတန်းထွက်လာခဲ့ရတယ်။ MRT ရထား စီးရင်း Juron East ကနေ လေဆိပ်ကို ၁ နာရီ ခွဲလောက်ကြာမယ် စိတ်ထဲမှာမှန်းဆပြီး 12:45 မှာ Juron East MRT ကနေ ထွက်လာခဲ့တယ်။
တကယ်တမ်းကျတော့ မှာ Juron East MRT ကနေ Changi Ariport ကို 52 မိနစ် တိတိပဲ ကြာတယ်။ ရထားထဲက ထွက်ထွက်ချင်း လေယာဉ်ပျံ အချိန်စာရင်းတွေ ဖော်ပြထားတဲ့ Electronic Display Board ကို ချက်ချင်း တွေ့ လိုက်ရတယ်။ ကျွန်တော် အရမ်းဝမ်းသာသွားတာပေါ့ – ကျွန်တော် သူငယ်ချင်းစီးလာတဲ့ လေယာဉ်ပျံ ဘယ်အချိန်ရောက်မလဲ။ ဘယ် Belt မှာ ပစ္စည်း ရွေးပြီး ။ဘယ်အပေါက်ကနေ ထွက်လာမှာလဲ -သိချင်လို့ ပါ။
တိုးတက်တဲ့ တိုင်းပြည်တွေမှာ အားကျ အတုယူဖို့ ကောင်းတာ လူတွေရဲ့အချိန်ကို တန်ဖိုးထားပြီး အတတ်နိုင်ဆုံး လွယ်ကူ အဆင်ပြေအောင် စီစဉ်ပေးထားတယ်။
Continue reading Changi Airport အတွေ့ အကြုံ
Singapore 2009 Population
Singapore’s population hit almost 4.99 million in June 2009.
The growth has been fuelled mainly by the increase in immigrants, as the number of babies delivered by Singapore residents rose only marginally.
The Department of Statistics show that the number of citizens grew from 3.16 million last year to 3.2 million this year, while that of permanent residents inched up from 0.48 million to 0.53 million in 2009. The number of non-residents rose by 4.8 % to reach 1.25 million.
စင်္ကာပူနိုင်ငံသား အဖြစ်ပြောင်းလဲမလား။
စင်္ကာပူနိုင်ငံသား အဖြစ်ပြောင်းလဲမလား။
ဒီမေးခွန်းက အတော် အရေးကြီးတဲ့ မေးခွန်းပါပဲ။
လူဘ၀ တစ်ခုသာမက မျိုးဆက်တစ်ခုလုံးအတွက်ပါ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။
ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာချနိုင်ဖို့ ရှုတောင့်အမျိုးမျိုးကနေ လေ့လာဖို့ လိုလိမ့်မယ်။
အခုနောက်ထပ် အမြင်တစ်ခုကို တင်ပြလိုက်ပါတယ် ။
ဒါမှာ download လုပ်ပါ။
ပထမ အမြင်နဲ့ ၊ ဒုတိယအမြင် ယှဉ်တွဲ လေ့လာကြည့်ရင် ပိုမို ခိုင်မာစွာဆုံးဖြတ်နိုင်မယ့်လို့  ယုံကြည်ပါတယ်
စင်္ကာပူနိုင်ငံသားအဖြစ်ကို ပြောင်းတော့မယ်ဆိုခဲ့လျှင်
စင်္ကာပူနိုင်ငံသားအဖြစ်ကို ပြောင်းတော့မယ်စဉ်းစားနေတဲ့ မြန်မာများအနေနဲ့ မပြောင်းခင် ဖတ်ရှုသင့်တဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။ ဆောင်းပါးရှင်ဟာ အချက်အလက်၊ အထောက်အထားပြည့်စုံစွာနဲ့ ဝေဖန်သုံးသပ်ပြထားပါတယ်။
http://www.scribd.com/doc/18681880/Myanmar-Singaporean11
ဆောင်းပါးရှင် အမည်ကို မသိတဲ့အတွက် အမည်မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။ ရေးသူ ဘယ်သူပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ရေးတဲ့အတွက် အထူး ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။
မြန်မာလူမျိုးတွေအပေါ်စေတနာထားသော ကိုပေါ (http://kopaw07.blogspot.com/)ပိတောက်ရိပ်မှ ရယူထားပါသည်။ ဆောင်းပါးရှင်မှာ ကိုပေါ မဟုတ်ပါဘူး။
မြန်မာလူမျိုးများ ဖတ်သင့်သော ဆောင်းပါးတစ်ပုဒ်ပါ။