Tag Archives: အမှား

ဘ၀ တွင် ရှုံးနိမ့်ရခြင်း တရားဆယ်ပါး

၁။   ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်မရှိခြင်း။
၂။   အဆိုးမြင်ခြင်း၊ အပြုသဘောမဆောင်ခြင်း
၃။   အတတ်ပညာမဲ့ခြင်း၊ အတတ်ပညာ မဆည်းပူးခြင်း
၎။   ဆုံးဖြတ်ချက်မချတတ်ခြင်း၊ မချနိုင်ခြင်း၊ အမှားဆုံးဖြတ်ခြင်း
၅။   လူမူဆက်ဆံရေး ညံ့ဖျင်းခြင်း
၆။   ပြင်းပြထက်သန်သောာ စိတ်ထား မရှိခြင်း
ရ။   အယုံလွန်ခြင်း၊ အယုံလွယ်ခြင်း၊ အားနာခြင်း
၈။   ကြောက်ရွံ့ ခြင်း၊ ရိုးရာ အစွဲအလမ်းကြီးခြင်း
၉။  ရတာထက် ပိုသုံးစွဲခြင်း
၁၀။ အမြန်သဋ္ဌေးဖြစ်လာခြင်း

ကြောက်စရာ အကောင်းဆုံးအရာ

ဘယ်အရာဟာ ကြောက်စရာအကောင်းဆုံးလဲ –

.

..

သေခြင်းတရားလား။

အမုန်းတရားလား။

ကြောက်စရာ အကောင်းဆုံးအရာကတော့ – ကိုယ့်လုပ်ခဲ့တဲ့ ကိုယ့်အမှားပါပဲ။

ကိုယ့်အမှားကြောင့် ကိုယ် နောင်တ ရနေတာ၊
ကိုယ့်အမှားကြောင့် ကိုယ် ငိုကြွေး နေရတာ၊

KoKTH

အမှား(၃) +အမှား(၄)

အမှား(၃)

ကလေးမှားရင် – တစ်ပြား၊

လူကြီးမှားရင် တစ်ဆယ်၊

ဘယ်အမှားမှ မကောင်းဘူး၊

တစ်ဆယ်တန် အမှားက ပိုဆိုးတယ်။

အမှား(၄)

စားလို့ မကုန် မှားလို့ ကုန်။


ဒီလိုနဲ့ ပဲ အမှားကိုကြောက်လို့ ဘာမှမလုပ်ဘူးဆိုရင်လည်း
အမှားတစ်ခုပါပဲ။

လူသည် အရုပ်တစ်ရုပ်မဟုတ်တဲ့အတွက်
တစ်ခုခုတော့လုပ်ရမှာပဲ။

တွေးခေါ်ဆင်ခြင်မှု ရင့်သန်လေလေ၊
အမှားနည်းလေလေ ပါပဲ။

အမှား(၁)+အမှား(၂)

အမှား(၁)

တစ်ခါမှားမိရင်ပဲ
ပေးဆပ်ရတဲ့ အကြွေးက
တိုး ရင်း ပေါင်း
များလှပါတယ်။

ပေးဆပ်လို့ 
မရနိုင်တဲ့
အမှားမျိုးကတော့
အဆိုးဆုံးပါပဲ။


အမှား(၂)

“မမှားသော ရှေ့ နေ
မသေသော ဆေးသမား”တဲ့
ဒီဖြေဆေးဟာ
ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။

မမှားတာ
အကောင်းဆုံးပဲ။

KoKTH