အခုရက်ပိုင်းမှာ http://www.temasekreview.com/ ရဲ့ဆောင်းပါး သည် စင်္ကာပူနိုင်ငံသားတွေနဲ့  မြန်မာတွေ အငြင်းအခုံဖြစ်အောင် တွန်းအားပေးနေပါတယ်။
သေချာလေ့လာကြည့်ရင် -
- ဒီ blog သည် အတိုက်အခံပါတီရဲ့ လက်ရှိ အာဏာရပါတီကို တိုက်ခိုက်နေတဲ့နေရာပါ။
- သူတို့ နိုင်ငံရေးပြဿနာ အရှုပ်အထွေးမှာ မြန်မာတွေ မြေဇာပင်မဖြစ်စေလိုပါ။ ။
Read more…
“တရုတ်ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေကြောင့် အမျိုးသမီးအရေအတွက် နည်းလာမယ်။ နောင် ၁၀ -၂၀ နှစ်လေက်အကြာမှာ ယောကျာင်္တွေမှာ အိမ်ထောင်ပြုဖို့ အရေး ရင်လေး နေရလိမ့်မယ်” လို့  လွန်ခဲ့သော ငါးနှစ်ခန့် က ရန်ကုန် စီးပွားရေး တက္ကသိုလ်က ဆရာတစ်ယောက် ပြောခဲ့ဖူးတယ်။
အဲဒီတုန်းက ဟုတ်သလိုလိုရှိသားပဲလို့  မှတ်ထားလိုက်မိတယ်။
Read more…
အတိတ်သမိုင်းကို ပြန်လှည့်လျှင် တတ်တူးကို ရဲစွမ်းသတ္တိရှိသောသူများနှင့် ရာဇ၀တ်ပြစ်မူကျူးလွန်သော သူများကိုသာ လူပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ရွေးချယ်ပြိး ထိုးခွင့်ပြုခဲ့ပေမယ့် – အခုအချိန် သက္ကရာဇ် ၂၀၀၀ အလွန်မှာတော့ တက်တူး ယဉ်ကျေးမှုသည် ပိုမို ကျယ်ပြန့် လာခဲ့သည်။
လူတဦးချင်းစီ၏ လွတ်လပ်ခွင့် ပိုမိုရရှိလာသည်နှင့်အမျှ တက်တူးထိုးရခြင်း ရည်ရွယ်ချက်တို့ မှာ တဆင့်ချင်း ပြောင်းလဲလာခဲ့သည်။
အစောပိုင်း အချိန်တုန်းက အရပ်ဒေသတစ်ခု အတွက်၊ အကြောင်းအရာတစ်ခု အတွက်၊ အောင်မြင်မှုတစ်ခုအတွက် ဂုဏ်ပြု မှတ်တမ်းလိုသော ရည်ရွယ်ဖြင့် တက်တူးကို အမျိုးသားများ လွတ်လပ်စွာ ထိုးလာခဲ့သည်။
ယခု အချိန်ကာလမှာ -တတ်တူးယဉ်ကျေးမှုသည် တဖြည်းဖြည်း ကျယ်ပြန့် လာခဲ့သည်။
အနုပညာရှင်များ၏ တက်တူး အလှကို လူအများကြည့်ရှုရင်း တက်တူးသည် လူအများနှင့် သက်ဆိုင်သော အလှအပ အပြင်အဆင်တစ်ခုဖြစ်လာခဲ့သည်။

အထူးသဖြင့် မိမိလှပသော ခန္ဓာကိုယ် အလှအပကို ဖော်ထုတ်ပြသလေ့ရှိသော အသက် ၂၀ မှ ၄၀ အတွင်း အမျိုးသား၊ အမျိုးသမီးတို့ ၏အတွေးစိတ်ကူးထဲတွင် “ဘာမှ မပါ အလွတ်သက်သက် ပြထားတာတက်စာရင် တက်တူးအလှနှင့်ဆို ပိုမို ဆွဲဆောင်မှုရှိလာမှာပဲ ” ဟူသော အယူအဆများ ၀င်ရောက်လာတာ မထူးဆန်းတော့ပါ။
Read more…
American Got Talent ၊ Britain Got Talent ဘာပဲဖြစ်ဖြစ် သူလိုငါလို မထင်ရှားပေမယ့် လေးစားလောက်အောင် အရည်အချင်းရှိတော့ အားကျဂုဏ်ယူမိသည်။
လူတစ်ဦးချင်းစီမှာ ထူးခြားတဲ့ အရည်အချင်းတွေရှိတာပါပဲ
လူတစ်ဦးချင်းရဲ့ အရည်အချင်းကို အရောင်တင်ပေးတာတဲ့ ..
http://www.youtube.com/BritainsGotTalent09
ဒီတပါတ် ရုံးပိတ်ရက် အားလပ်ချိန်အတွက်- ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
၁၀ မိနစ်လောက်ကြည့်ရုံနဲ့  သူတို့ လိုပဲ မိမိရဲ့ အရည်အချင်းတွေ ၊ မိမိ ရဲ့မောင်နှမ၊ သားချင်းတွေ ရဲ့အရည်အချင်းတွေကို အရောင်တင်ပေးချင်စိတ် ဖြစ်လာမှာပါ။
ကျိုးစားပါ။ အခွင့်အရေးရလာတဲ့အချိန် အဆင်သင့်ဖြစ်နေအောင် ကျိုးစားပါ။
ဘယ်အရာမှ ရပ်တန့် မနေပါဘူး။
ကိုသစ္စာ
Recent Comments