Tag Archives: လုပ်ငန်းခွင်

သတင်းထောက်ဖြစ်လို့တဲ့ ပိုက်ဆံ မယူရဲကြဘူး

ကျမမှာ ရေးချင်စရာက ရှိလာခဲ့ပြန်ပါပြီ။ မနေ့ညက ကျမရဲ့ မောင်လေး အေးချမ်းဟိန်(ဗိုဟိန်၊ မြစ်မခ)ရဲ့ ဇနီး မြင့်မြတ်(ကြယ်စင် မြစ်မခ) ဗဟိုအမျိုးသမီးဆေးရုံ တင်လိုက်ရတယ်။
မြင့်မြတ်က ကိုယ်ဝန်ကြီးနဲ့ပါ၊ ကိုယ်ဝန် သက် ၇လ မပြည့်သေးဘူး။

သူတို့ လင်မယား နှစ်ယောက်စလုံးက ပြည်တွင်းသတင်းထောက်တွေပါ။ မြစ်မခမှာ ၀င်ရေးနေကြတဲ့ သတင်းထောက်တွေပါ။
သူတို့လည်း မြန်မာပြည်က သတင်းထောက်တွေဆိုတော့ ငတ်တလှည့်ပြတ်တလှည့်ပါ။ ကိုယ်ဝန်ကြီးနဲ့ပေမဲ့ အိုဂျီဆီကိုလည်းမှန်မှန် မသွားနိုင်ရှာပါဘူး။ ပထမ ကလေးတုန်းကလည်း ကိုယ်ဝန် ၈လနဲ့ ဗိုက်ထဲမှာတင် ကလေး ဆုံးခဲ့တယ်။ ခုလည်း မြင့်မြတ် ခါးတွေနေတော့ ကျမတို့ အားလုံးစိတ်ပူနေခဲ့ကြတယ်။
Continue reading သတင်းထောက်ဖြစ်လို့တဲ့ ပိုက်ဆံ မယူရဲကြဘူး

ကန့် လန့် ကာ၏နောက်ကွယ်၌ (၁)

လူတစ်ယောက်အတွက် အနှမြောဆုံးအရာမှာ သူ၏အသက်ပင်မဟုတ်ပါလား။

သို့ ပေငြားလည်း တရုတ်ပြည် Foxconn လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံမှာ (၆)လအတွင်းမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ (၇) ဦး သေဆုံးခဲ့ပြီးပါပြီ။

Foxconn – သူကဘယ်လို အလုပ်မျိုးလုပ်နေသလဲ။
ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တည်းတမ်းထုတ်လုပ်တဲ့ စက်ရုံကတော့ တရုတ်ပြည် Shenzhen မြို့ မှာ တည်ရှိပါတယ်။
တရုတ်ပြည်က စက်ရုံကို 1988 မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၊ ယခုအချိန်မှာ ၀န်ထမ်းစုစုပေါင်း (400,000) လေးသိန်းကျော်နဲ့  ကမ္ဘာပေါ်မှာ အလှဆုံး။ လူကြိုက်အများဆုံး iPod,iPad, iPhone တို့ ကို နောက်ကွယ်ကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ပစ္စည်းထုတ် စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။

iPod,iPad, iPhone ထုတ်ကုန်တွေကို လူသိများသလို။ အခုအချိန်မှာ Foxconn စက်ရုံက သေကြောင်းကြံစည်မှုတွေကိုလည်း လူတွေအာရုံစိုက်လာရပါပြီ။

ဘာကြောင့် (၆)အတွင်းမှာ သေကြောင်းကြံစည်မှု (၉) ကြိမ်ဖြစ်ပွားခဲ့ရပါသလဲ။
Continue reading ကန့် လန့် ကာ၏နောက်ကွယ်၌ (၁)

ပြင်ဆင်ခြင်း

Give me six hours to chop down a tree, and I will spend the first four hours sharpening the axe.
Abraham Lincoln

အလုပ်တစ်ခု အတွက် ပြင်ဆင်ချိန်ဆိုတာ မရှိမဖြစ် အရေးကြီးပါတယ်။
ရုံးအလုပ်မှ မဟုတ်ပါဘူး။ နေ့ တဓူဝ အလုပ်ကိစ္စတွေမှာလည်း ပြင်ဆင်ချိန်ဆိုတာ လိုအပ်တာပါပဲ။
ငယ်ငယ်လေးကတည်းက အမေက အိပ်ယာမ၀င်ခင်မှာ အိပ်ယာပြင်ဖို့  ခဏခဏပြောတယ်။ ကျွန်တော်တို့ ကလည်း ဒီအတိုင်း ၀င်ဝင်အိပ်တယ်။
ညအိပ်ယာဝင်တာကအစ ပြင်ဆင်ဖို့ လို အပ်တယ်။
အိမ်သာတက်ရာမှာလည်း ရေရှိရဲ့လား။ တစ်ရှူးရှိရဲ့လား။ တံခါး လုံခြုံရဲ့လား ပြင်ဆင်လေ့လာရပါတယ်။
အကယ်၍များ မပြင်ဆင် မလေ့လာဘဲ အိမ်သာတတ်ခဲ့ရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။

ကျွန်တော်တို့ တစ်တွေမှာ ပြင်ဆင်တတ်တဲ့ အလေ့အကျင့်သေးသေးလေး တစ်ခုခိုင်မြဲစွာရှိနေမယ်ဆိုရင်- အမှားအယွင်း၊ အလွဲအချော်တွေ
လျော့နည်းလာအောင်ထိန်းသိမ်းနိုင်မှာပါ။

အလုပ်တစ်ခုအတွက် အချိန်တစ်ခုပေးပြီး  ပြင်ဆင်ပါ။

တိကျတဲ့အဖြေ

ဒုတိယကမ္ဘာစစ်အတွင်းမှာ နာမည်ကြီးစိတ်ပညာရှင် J. P. Guilfordကို အမေရိကန်စစ်တပ်က ငှားရမ်းပြီး စမ်းသပ်မှုတစ်ရပ် ပြုလုပ်စေခဲ့တယ်။ ဒီပညာရပ်နဲ့ အကောင်းဆုံး၊ အသင့်တော်ဆုံး လေယာဉ်တပ်သားတွေ ရွေးထုတ်နိုင်ဖို့ဖြစ်တယ်။

ဒါပေမယ့် ထင်သလို မအောင်မြင်ခဲ့ပါဘူး။ အစမ်းသပ်ခံတပ်သားတွေဟာ လေ့ကျင့်ချိန်မှာ တက်ညီလက်ညီနဲ့ အမှတ်ပြည့်ရခဲ့ပေမယ့် ရှေ့တန်းရောက်တာနဲ့ အပစ်ချခံခဲ့ရတယ်။ ဒါကြောင့် သေဆုံးမှုတွေ တိုးခဲ့ရတယ်။

Guilfordက ဒီလိုပြဿနာကို ရှာဖွေစူးစမ်းချိန်မှာ မသေဘဲကျန်ရစ်တဲ့ လေတပ်သားအများစုက တပ်သားဘဝကနေ ပင်စင်ယူထားတဲ့အရာရှိတွေ ရွေးထုတ်ထားတဲ့သူတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ဒီအတွက် Guilford အရမ်းခေါင်းခြောက်ခဲ့ရတယ်။ သူ့ရဲ့ စေ့စပ်တဲ့စမ်းသပ်မှုပညာက အရာရှိတွေရဲ့ အမြင်လောက်တောင် မစွမ်းခဲ့တော့ဘူးလား? ဘယ်နေရာမှာ အခက်အခဲဖြစ်နေခဲ့လဲ?

ဒီပြဿနာအတွက် အရာရှိတစ်ဦးကို Guilford မေးလိုက်တယ်။ အရာရှိက “ဘာကြောင့်လဲဆိုတာ ကျွန်တော်လဲ ပြောမပြတတ်ဘူး။ ဒီလိုလုပ်ရအောင် တပ်သားတချို့ကို ခင်ဗျားနဲ့ကျွန်တော်အတူ ရွေးကြည့်ကြရအောင်…!”

“ဟုတ်ပြီ.. ကျွန်တော်တို့အတူ ရွေးကြရအောင်” ဆိုပြီး နှစ်ယောက်အတူရွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ရွေးချယ်ချိန်မှာ ပထမဆုံးတပ်သားဝင်လာတော့ Guilfordက တစ်ဘက်ကနေပြီး အကဲခတ်၊ မှတ်တမ်းရေးခဲ့တယ်။

“ကောင်လေး.. တကယ်လို့ ဂျာမန်တွေက မင်းလေယာဉ်ကိုတွေ့သွားပြီး အမြင့်ပစ်ဒုံးကျည်နဲ့ ပစ်တော့မယ်ဆိုပါစို့၊ မင်းဘယ်လို လုပ်မလဲ?” အရာရှိက ပထမမေးခွန်း စမေးခဲ့တယ်။

“လေယာဉ်ကို ဒီထက်မြင့်အောင် ပျံမယ်”

“မင်းဘယ်လို သိတာလဲ?”

“စစ်တိုက်လမ်းညွှန်စာအုပ်မှာ အဲဒီလို တိကျတဲ့အဖြေကို ရေးထားပါတယ်။ မှန်တယ် မဟုတ်လား?”

“မှန်ပါတယ်။ တိကျတဲ့အဖြေပါ။ မင်းသွားနိုင်ပါပြီ”

“ဆရာ… မေးခွန်းတစ်ခုပဲ မေးတာလား? တခြားမေးခွန်း မရှိတော့ဘူးလား?”

“ဟုတ်တယ်.. မေးခွန်းတစ်ခုထဲပါ၊ မင်းသွားနိုင်ပါပြီ။ ကျန်တဲ့မေးခွန်းက ငါတို့အတွက်ဖြစ်တယ်”

ဒုတိယတပ်သား ထပ်ဝင်လာတယ်။ တပ်သားနေရာယူပြီးတာနဲ့ အရာရှိက အပေါ်ကမေးခွန်းကိုပဲ ပြန်မေးလိုက်တယ်။

“ကောင်လေး.. တကယ်လို့ ဂျာမန်တွေက မင်းလေယာဉ်ကိုတွေ့သွားပြီး အမြင့်ပစ်ဒုံးကျည်နဲ့ ပစ်တော့မယ်ဆိုပါစို့၊ မင်းဘယ်လို လုပ်မလဲ?”

“တိမ်တိုက်တစ်ခုရှာပြီး အမြန်ပုန်းလိုက်မယ်” ဒုတိယတပ်သားက ဖြေပါတယ်။

“ဟုတ်လား? တကယ်လို့ တိမ်မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ?”

“မြေပြင်ကို အမြန်ပျံဆင်းပြီး သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်မယ်”

“မင်း ကိုယ့်ကိုသေကြောင်းကြံတာလား?”

“ဒီလိုဆိုရင် လေယာဉ်ကိုယ်ထည်ကို ဘယ်ညာယိမ်းလိုက်ရင်ကော?”

“လေယာဉ်က မင်းမောင်းတာလေ၊ ငါမောင်းတာမဟုတ်ဘူး။ မင်း စာမဖတ်ဘူးလား?”

“ဆရာပြောတာက စစ်တိုက်လမ်းညွှန်စာအုပ်လား?”

“အဲဒီစာအုပ်မဟုတ်ရင် မင်းက ဘာစာအုပ်ဖတ်ချင်သေးလို့လဲ?”

“စစ်တိုက်လမ်းညွှန်စာအုပ်ကို ကျွန်တော်ဖတ်ပါတယ်။ ဒါပေမယ့် စာအုပ်ကထူလွန်းလို့ ကျွန်တော်အကုန် မမှတ်မိဘူး။ ကျွန်တော်က လေယာဉ်မောင်းတာပဲ ဝါသနာပါတယ်။ အမေရိကန်တပ်အတွက် ကျွန်တော်လေယာဉ်မောင်းမယ်၊ အစားအစာအညွှန်းတွေလို ရေးထားတဲ့ စာတွေကို ကျွန်တော်မဖတ်ချင်ဘူး”

“မင်း ဘာကိုဆိုလိုတာလဲ?”

“ကျွန်တော် ကြက်ဥကြော်လည်းရတယ်။ အသားကင်လည်း ရတယ်။ အမေနဲ့အတူ apple pieတွေ ကူလုပ်လဲရတယ်။ ဒါပေမယ့် အစားအစာအညွှန်းတွေလို ဒါပြီးရင် ဒါလုပ်ပါလို့ ၁, ၂, ၃ အစဉ်လိုက်ရေးထားတဲ့ စာတွေကို ကျွန်တော်နားမလည်ဘူး”

“ကောင်းပြီ.. မင်းသွားနိုင်ပြီ”

“ဆရာ… ကျွန်တော့်အဖြေမှားသွားပြီလား?”

“အခုက မေးခွန်းပြန်မေးရမယ့်အချိန်မဟုတ်ဘူး”

ဒုတိယတပ်သားထွက်သွားတာနဲ့ အရာရှိက Guilfordဘက်လှည့်ပြီး “ဆရာ.. ဆရာကိုရွေးခိုင်းရင် ဘယ်တစ်ယောက်ကို ဆရာရွေးမလဲ?”

“ခင်ဗျားရဲ့ အကြံဥာဏ်ကို ကျွန်တော်အရင်သိချင်တယ်”

“ကျွန်တော်က ဒုတိယတစ်ယောက်ကို ရွေးမယ်” အရာရှိကပြောပါတယ်။

“ဘာဖြစ်လို့လဲ?”

“ပထမတစ်ယောက်ဖြေတဲ့အဖြေက တိကျတဲ့အဖြေမှန်ဆိုတာ မှန်တယ်။ ရန်သူရဲ့ဒုံးကျည်ကလွတ်အောင် လေယာဉ်ကို ဒီထက်မြင့်အောင်ပျံမယ်။ ဒါပေမယ့် ဂျာမန်တွေက ငတုံးတွေမဟုတ်ဘူး။ တိကျတဲ့အဖြေမှန်း ကျွန်တော်တို့သိသလို သူတို့လည်းသိတယ်။ ဒါကြောင့် ဂျာမန်တွေက နိမ့်တဲ့နေရာမှာ တစ်ချက်အရင်ပစ်ပြီး လေယာဉ်အမြင့်ပျံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့စိတ်ကို သွေးဆောင်ဖြားယောင်မယ်။ တကယ့်သူတို့ရဲ့ ပစ်မှတ်က အမြင့်ဆုံးမှာ ထားထားတယ်။ အဲဒီအချိန်ကျရင် ဘယ်သူသေမလဲ?”

“အော်.. ဒီလိုလား?”

“ဒုတိယတစ်ယောက်က ပြောင်ချော်ချော်ဖြေတယ်။ ပြီးတော့ စည်းမျဉ်းစည်းကမ်းအတိုင်း မလိုက်နာဘူးဆိုပေမယ့် သူ့မှာ လိုအပ်ရင် လိုအပ်သလို ပြောင်းလဲနိုင်တဲ့ ဥာဏ်ရှိတယ်။ အခက်အခဲကြုံတာနဲ့ အခက်အခဲကလွတ်အောင် နည်းမျိုးစုံသုံးနိုင်တယ်။ နည်းများလေ လွတ်မြောက်ဖို့လမ်းများလေပဲ။ ကျွန်တော်လို စစ်ပွဲအများကြီး တိုက်ခဲ့ဖူးတာတောင်မှ မသေဘဲ ကျန်နေတဲ့သူတစ်ယောက်က စစ်မြေပြင်မှာ ကြုံရတဲ့အတွေ့အကြုံတွေ စစ်တိုက်လမ်းညွှန်ထဲ မရှိဘူးဆိုတာကို ပိုသိတယ်။ စာအုပ်ထဲ ရေးထားတာနဲ့ တူတယ်ဆိုလို့ တစ်မျိုးပဲရှိတယ်”

“ဘယ်တစ်မျိုးလဲ?”

“ဈာပနာအခမ်းအနား… အဲဒီတစ်ခုပဲ စာအုပ်ထဲရေးထားတဲ့အတိုင်း တစ်လုံးမှမခြားခဲ့ဘူး။ စစ်တိုက်တာကိုလဲ အလွတ်ကျက်ရမယ်ဆိုရင် သေဖို့လမ်းပဲရှိခဲ့တယ်။ အဖြေကတော့ တွေ့မှာမဟုတ်ဘူး”

အရာရှိရဲ့စကားကို နားထောင်ပြီး Guilford က သူ့ရဲ့ဆန်းစစ်ချက်ကို အသစ်တစ်မျိုးပြောင်းလဲလိုက်တယ်။

ဆန်းစစ်ချက်အသစ်ရဲ့ မေးခွန်းတွေက “တကယ်လို့ သင့်မှာ အုတ်တစ်ခဲရှိတယ်။ အဲဒီအုတ်တစ်ခဲရဲ့ မတူတဲ့အသုံးဝင်ပုံ ၅ဝမျိုးကို ပြောပါ” ဆိုတာမျိုးတွေဖြစ်တယ်။

Guilfordဟာ ဒီလိုဆန်းစစ်ချက်နဲ့ အမေရိကန်ရဲ့ အကောင်းဆုံးလေယာဉ်တပ်သားတွေကို ရွေးထုတ်နိုင်ခဲ့သလို “ဆန်းသစ်တဲ့ စမ်းသပ်မှု” တစ်ခုကို ဖန်တီးနိုင်သူဖြစ်ခဲ့တယ်။

+++++++++++++ ++++++++++++++

နောက်ဆုံးဘူတာမှာ ဆင်းတဲ့လူတစ်ယောက်ရဲ့ မအီမသာတဲ့ မျက်နှာကိုကြည့်ပြီး မိတ်ဆွေတစ်ဦးက မေးတယ်။

“ဘယ်လိုဖြစ်တာလဲ? နေမကောင်းဘူးလား?”

“ရထားမူးလာတာ.. ငါက ရထားစီးတဲ့အချိန် ထိုင်ခုံပြောင်းပြန်စီးရင် မူးတတ်တယ်”

“ဘာဖြစ်လို့ မျက်နှာချင်းဆိုင်က လူနဲ့ နေရာမလဲခဲ့တာလဲ?”

“ငါ မလဲချင်ဘူး။ အော်.. ငါရှေ့မှာလဲ ထိုင်တဲ့လူမရှိခဲ့ဘူး”

ဒါဟာ ရယ်စရာကောင်းတဲ့ စကားပြောတွေ မဟုတ်ခဲ့ပါဘူး။ လက်တွေ့လူ့လောကမှာ ဒီလိုအဖြစ်တွေ အများကြီးရှိနေခဲ့ပါတယ်။

ဂျပန်နိုင်ငံက နာမည်ကြီးတံဆိပ် တိုရှီဘာစတည်ထောင်တုန်းက စီးပွါးပျက်ပြီး တံခါးပိတ်ဖို့နီးခဲ့တယ်။ တိုရှီဘာကို ဘယ်အရာနဲ့ ကယ်တင်ခဲ့သလဲ သိပါသလား?

“ရောင်စုံပန်ကာက ကယ်ခဲ့တာဖြစ်ပါတယ်”

အဲဒီနှစ်က ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ပန်ကာကအမည်းရောင်ဖြစ်တယ်။ ဒါနဲ့ ကုမ္ပဏီတိုင်းက အမည်းရောင်ပန်ကာတွေ လိုက်ထုတ်ကြတယ်။ (၁၉၅၂)ခုနှစ် တိုရှီဘာလည်းလိုက်ပြီး အမည်းရောင်ပန်ကာတွေ ထုတ်လုပ်ခဲ့တယ်။ လူတိုင်းထုတ်ကြတဲ့အတွက် ပန်ကာတွေ ရောင်းအားနည်းခဲ့တယ်။ (၇)သောင်းကျော်ရှိတဲ့ တိုရှီဘာရဲ့ဝန်ထမ်းတွေကို ဘယ်လိုဖြေရှင်းပေးရမှန်း မသိဖြစ်ခဲ့တယ်။ ဒီအချိန်မှာ ကုမ္ပဏီပိုင်ရှင် Ishisakaက “ပန်ကာတွေရောင်းနိုင်သူကို ကုမ္ပဏီက ၁ဝ%စတော့ရှယ်ယာပေးမယ်” လို့ ကြော်ငြာလိုက်တယ်။

ဝန်ထမ်းတစ်ဦးက Ishisakaကို ဘာဖြစ်လို့ ပန်ကာခွံတွေကို ရောင်စုံနဲ့မထုတ်သလဲလို့ အကြံပေး မေးမြန်းလိုက်တယ်။ အဲဒီအကြံကို အတည်ပြုဖို့ အစည်းအဝေးလုပ်ပြီးတော့ ဝန်ထမ်းတချို့က “ဒီအကြံက အလကား၊ မဖြစ်နိုင်ဘူး” လို့ဆိုကြတယ်။ နောက်တော့ Ishisakaက သေမထူး ရှင်မထူးမို့ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ဆုံး ရောင်စုံပန်ကာတွေ အရောင်းသွက်ခဲ့ပြီး တိုရှီဘာကို အသက်ဆက်နိုင်ဖို့ ကယ်တင်ခဲ့တယ်။

တကယ်လို့ ပြဿနာတစ်ခုမှာ တိကျတဲ့အဖြေ၊ ဖြေရှင်းနည်းတစ်ခုပဲရှိတယ်လို့ သင်ယုံခဲ့ရင် သင်ရဲ့တွေးတောမှု၊ ရှာဖွေမှုတွေက ရပ်တန့်နေလိမ့်မယ်။ ယုန်နဲ့လိပ်ပုံပြင်ထဲက အိပ်ပျော်နေတဲ့ယုန်လို မနိုးမချင်း ပန်းတိုင်ဘယ်လောက်နီးနီး ဘယ်တော့မှ သူအရောက်သွားနိုင်ခဲ့မှာ မဟုတ်ပါဘူး။

မူရင်း—-http://www.rocmp.org/archiver

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

တက်သိပညာရှင်တွေ အတွက် နေလို့ ပျော်သော နိုင်ငံ ၁၀ ခု။

အသိဥာဏ်ချင်းယှဉ်ပြိုင်သော (knowledge age) မှာ တက်သိပညာရှင်များသည် တိုင်းပြည်တစ်ခု တည်ဆောက်ရေး၊ဖွံဖြိုးရေး အတွက် အရေးပါသော အင်အားတစ်ရပ်လို့  အားလုံးက လက်ခံထားလျှက်ရှိရာ ဘယ်နေရာ၊ ဘယ်ဒေသတို့ သည် တက်သိပညာရှင်တို့  အတွက် နေလို့ ၊ အခြေချိလို့  အကောင်းဆုံးလဲလို့ လေ့လာမှုပြုခဲ့သည်။
Continue reading တက်သိပညာရှင်တွေ အတွက် နေလို့ ပျော်သော နိုင်ငံ ၁၀ ခု။

အလုပ်လုပ်ရက်-ဘယ်နှရက်

ကိုဖိုးလုံးဟာ ကုမ္ပဏီတစ်ခုမှာ ကိုယ်ကြိုးမငဲ့ဘဲနဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်လာခဲ့လိုက်တာ လုပ်သက် ၂နှစ် ကျော်လာတာတောင်မှ သူ့ကို ရာထူးလည်းမတိုးဘူး၊ အပြောင်းအရွှေ့လည်း မလုပ်ပေးဘူး၊ လစာလည်းမတိုးဘူး၊ ဘောက်ဆူးလည်း မပေးဘူး။ ဒီတော့ သူ့ခမျာ စိတ်တွေညစ်ရတာပေါ့။ ဒါကြောင့် သူ့ဌာနက မန်နေဂျာကို တက်ပြောမယ်လို့ဆုံးဖြတ်လိုက်ရတော့တယ်။

နောက်တစ်နေ့မနက်ကျတော့ ရုံးမှာ မန်နေဂျာနဲ့တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြတယ်။ ပြီးတော့ မန်နေဂျာကို သူလစာ မတိုးတာနဲ့ ပတ်သက်ပြီး ကိုဖိုးလုံးက ပြောပြတယ်။ ဒီတော့ မန်နေဂျာက ကိုဖိုးလုံးကို ပြုံးပြုံးကြီးကြည့်ပြီး သူ့ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်တယ်။ ရုံးခန်းထဲရောက်တော့မှ မန်နေဂျာက သူ့ကို ထိုင်ခုံမှာထိုင်ခိုင်းပြီး “ကိုဖိုးလုံး ခင်ဗျားကျုပ်တို့ရုံးမှာ တစ်ရက်ပြည့်အောင်တောင် အလုပ်မလုပ်ခဲ့သေးပါဘူးဗျာ”လို့ ပြောချလိုက်ပါလေရော။

ကိုဖိုးလုံးခမျာမှာလည်း မန်နေဂျာရဲ့ စကားကြောင့် တော်တော်လေးအံ့အားသင့်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မန်နေဂျာက ဆက်ပြောတယ်။

မန်နေဂျာ။ ။ တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှရက်ရှိလဲ ကိုဖိုးလုံးရာ။
ကိုဖိုးလုံး။ ။ ၃၆၅ရက်ရှိပါတယ်ဆရာ၊ တချို့နှစ်တွေမှာတော့ ၃၆၆ရက်ရှိပါတယ်။

မန်နေဂျာ။ ။ ဒါဆို တစ်ရက်မှာ ဘယ်နှနာရီရှိလဲဗျာ။
ကိုဖိုးလုံး။ ။ ၂၄နာရီရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်လဲ။
ကိုဖိုးလုံး။ ။ မနက်ရှစ်နာရီကနေ ညနေလေးနာရီအထိ ရှစ်နာရီအလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ အချိုးချကြည့်လိုက်မယ်ဆိုရင်ဗျာ ကိုဖိုးလုံး တစ်ရက်အလုပ်လုပ်ချိန်ဟာ ဘယ်လောက်ရှိမလဲ။
ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် စိတ်ထဲမှာ တစ်ရက်စာ ၂၄နာရီကို အလုပ်လုပ်ချိန် ရှစ်နာရီနဲ့စားပြီး) တစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျွန်တော် အလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား အတွက်အချက်တော့ တော်ရှာသားပဲ ကိုဖိုးလုံးရ။ ဒီတော့ တစ်နှစ်စာ ၃၆၆ရက်ကို သုံးပုံပုံလိုက်ရင် ဘယ်လောက်ရှိမလဲဗျာ။
ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် ၃၆၆ ကို စိတ်ထဲမှာ ၃နဲ့ စားပြီး) ၁၂၂ ရက် ရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ စနေတနင်္ဂနွေတွေ ခင်ဗျား ရုံးတက်လား။
ကိုဖိုးလုံး။ ။ မတက်ပါဘူးဆရာ၊ ရုံးပိတ်တာကိုး။

မန်နေဂျာ။ ။ ကောင်းပြီ၊ အဲဒီတော့ဗျာ၊ တစ်နှစ်မှာ စနေတနင်္ဂနွေ ဘယ်နှရက်ရှိလဲ။
ကိုဖိုးလုံး။ ။ စနေက ၅၂ရက်၊ တနင်္ဂနွေက ၅၂ရက်ဆိုတော့ စုစုပေါင်း ၁၀၄ရက် ရှိပါတယ်ဆရာ။
မန်နေဂျာ။ ။ ခင်ဗျား တော်တော် တော်တာပဲဗျ အတွက်အချက်ကတော့၊ ဒါဆို ခုနက ၁၂၂ရက်ထဲကနေ ၁၀၄ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ။
ကိုဖိုးလုံး။ ။ ၁၈ရက် ကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဟုတ်ပြီ။ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း ဆေးခွင့်ဆိုပြီး နှစ်ပတ်ပေးထားတယ်နော်။ ဟုတ်လား။ ဒီတော့ ကျန်တဲ့ ၁၈ရက်ထဲကနေ နှစ်ပတ်စာ ၁၄ရက်ကို နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ ပြော။
ကိုဖိုးလုံး။ ။ ၄ရက်ကြီးများတောင် ကျန်ပါသေးတယ်ဆရာ။

မန်နေဂျာ။ ။ ကဲ ဒီတော့ နှစ်သစ်ကူးနေ့မှာ ခင်ဗျား အလုပ် လုပ်လား။
ကိုဖိုးလုံး။ ။ အပီအပြင် နားပါတယ်ဆရာ။

မန်နေဂျာ။ ။ အလုပ်သမားနေ့မှာရော အလုပ်ဆင်းလား။
ကိုဖိုးလုံး။ ။ ပြောနေစရာလိုလားဆရာရယ်၊ ရုံးမပြောနဲ့ အိမ်တောင် မကပ်ဘူး။ မန်နေဂျာ။ ။ ကဲ ဒီတော့ ကျန်တဲ့ ၄ရက်ထဲက အဲဒီ နှစ်ရက် နှုတ်လိုက်ရင် ဘယ် လောက်ကျန်မလဲပြော။

ကိုဖိုးလုံး။ ။ ၂ရက်တိတိကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျား အမျိုးသားနေ့မှာ ရုံးတက်လား။
ကိုဖိုးလုံး။ ။ ရုံးမှမဖွင့်တာဆရာကလည်း နားတာပေါ့။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက် ကျန်သေးလဲ။ ကိုဖိုးလုံး။ ။ တစ်ရက်တိတိကျန်ပါသေးတယ်။
မန်နေဂျာ။ ။ ခရစ္စမတ်နေ့မှာရော ခင်ဗျား လာလား။
ကိုဖိုးလုံး။ ။ လစ်ပြီးသားပေါ့ဆရာရယ်။

မန်နေဂျာ။ ။ ကဲဗျာ၊ ကိုဖိုးရာ ပြောရမှာလည်း အားနာတယ်၊ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက်ကျန်သေးလဲ။
ကိုဖိုးလုံး။ ။ တစ်ရက်မှ မကျန်တော့ပါဘူးဆရာရယ်။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီ မကျေမနပ်လာပြောနေရတာလဲ။
ကိုဖိုးလုံး။ ။ ကျွန်တော် နားလည်ပါပြီဆရာ။ တော်တော်ကြီးကို သဘောပေါက်သွားပါပြီ။ ဒီနှစ်နှစ်လုံးလုံး ကုမ္ပဏီက ပိုက်ဆံတွေ ကျွန်တော် အချောင်သက်သက်ဖြုန်းတီးနေမိတယ်ဆိုတာ အခုမှပဲ နားလည်ပါတော့တယ်ဆရာရယ်။ တော်သေးတာပေါ့ ကျန်တဲ့ တခြားရုံးပိတ်ရက်တွေပါ ထည့်မတွက်ပေးတဲ့အတွက်တောင် ကျေးဇူးတင်ရဦးမှာ။ နို့မဟုတ်ရင် ကျွန်တော်က တောင် အိတ်ပြန်စိုက်ရမယ်ထင်တယ်ဆရာရယ်။ ကျေးဇူးကြီးပေလို့ပေါ့။

သတိပြုရန်။ ။ ဘယ်သောအခါမှ အထက်လူကြီးကို အကူအညီမတောင်းလေနှင့်။

Email ဖြင့်ပို့ ပေးသော ပိုးလေး အားကျေးဇူးတင်လျှက်

………………………………………………………………..

တစ်ရက်ပြီးတစ်ရက်လုပ်ငန်းခွင် ကို သွားရတာ – ဘာအတွက်လဲ ။ ဘာကြောင့်လဲ။

သင့်မန်နေဂျာလည်း ဒီစာထဲက မန်နေဂျာလို ပဲလား။
သင် ကရော ကိုဖိုးလုံး လို အထွန့် တက်လေ့ရှိပါသလား

ဒီ စာကို ဖတ်မိသောအခါ ဘယ်လိုမြင်မိပါသလဲ။
Comment လေးတွေ ရေးပြီး မန်နေဂျာ ကိုအသိပေးရအောင်။
Comment လေးတွေ ရေးပြီး ကိုဖိုးလုံး ကို အားပေးရအောင်။

ကွန်ပျူတာ အရှေ့ မှာ ကြာရှည်စွာ အလုပ်လုပ်သောအခါ

မေး ။ကွန်ပျူတာ အရှေ့ မှာ ကြာရှည်စွာ အလုပ်လုပ်သောအခါ မျက်လုံးတွေ ညောင်းလာတတ်ပါတယ်။ မျက်လုံးတွေမှုန်ဝါးလာတတ်တယ်။ဘယ်လိုလုပ်ရမလဲ။

ဖြေ ။ ကွန်ပျူတာမှန်သားပြင်မှ မျက်လုံးခွာပြီးတိုင်း မျက်တောင်ခပ်ပေးပါ။
အနည်းဆုံး(၁၀)မိနစ်တစ်ကြိမ်မျက်စိအညောင်းဖြေပါ။
အဲဒီအချိန်အတွင်းမှာလမ်းထလျှောက်ပေးနိုင်ပါတယ်။
ဒါမှမဟုတ် အဝေးရှိ မြက်ခင်းစိမ်းစိမ်း(သို့ )သစ်ရွက်စိမ်းစိမ်းကို စိတ်ရွှန်းလန်းအပန်းပြေအောင် ကြည့်ပေးပါ။