ဘာဖြစ်လို့  ………
ဘာဖြစ်လို့  Diary ရေးပါသလဲ။
ကွန်ပျုတာ အရှေ့ မှာ အချိန်နာရီပေါင်းများစွာ အလုပ်လုပ်နေလျှင်
အနေ၊အထိုင် ဆင်ခြင်ပါ။
လွန်မှ ကုသခြင်းထက် ကိုယ့်ကိုယ်ကို အချိန်ရတိုင်း စောင့်ရှောက်ပါ။

ဆရာကောင်းသန့်စီစဉ်သော Youth လူငယ် Magazine Vol:3, No.6, June 2008 မှ ဆရာဦးအောင်သင်း၏ စမ်းကြည့်ဖူးသလား ကို မှီငြမ်းပါသည်။
ကျွန်တော်၏ဆရာ တောင်တွင်းကြီးသခင်ကျော်စိန် ပြောခဲ့ဖူးသည့် စကားလေးတွေ၊ အကြောင်းအရာလေးတွေကို ကျွန်တော်မကြာခဏ သတိရမိတတ်သည်။ သခင်ကျော်စိန်သည် လူပေါင်းစုံနှင့်ပေါင်းသည်။ သူ့အပေါင်းအသင်းများထဲတွင် အရက်သမားလည်းပါသည်။ ဖဲသမားလည်းပါသည်။ ဘိန်းစားလည်းပါသည်။ ဘုရားဒကာလည်းပါသည်။ ကုန်သည်ပွဲစားလည်းပါသည်။
ယခုကျွန်တော်ရေးချင်သည်က သူပြောပြခဲ့ဖူးသော ထိုခေတ် သူ့ပတ်ဝန်းကျင်က ဘိန်းစားတွေ၏ သဘာဝဖြစ်ပါသည်။ သူ့သူငယ်ချင်းအကြောင်းပဲဖြစ်ပါသည်။
Read more…
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။
ကျွန်တော်ငယ်ငယ်က ပန်းပုထုသော ဘဘကြီးတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးပါသည်။ ဘဘအောင် ဟု ကျွန်တော်ကခေါ်ပါသည်။ ဘဘအောင်က ကျွန်တော့်ကို မြင်းရုပ်ကလေးတစ်ခု ထုပေးမယ်ဟု ပြောသည်။ သစ်သားကို ပုံကြမ်းဖော်သည့်အချိန်မှစ၍ နေ့စဉ် ကျွန်တော်သွားကြည့်သည်။ မြင်းရုပ်ကလေးကို လိုချင်လှပြီ ဖြစ်သည်။ မြင်းရုပ်ကလေးထုနေရင်းမှ ဘဘအောင်က နံရံကပ်စင်ပေါ်မှာတင်ထားသော အရုပ်ကလေးများကို ယူပြသည်။ ယမင်းရုပ်ကလေးကို ထုတ်ပြပြီး လှသလား ဟုမေးသည်။ လှပါတယ်ဘဘကြီး ဟု စိတ်ထဲရှိတဲ့အတိုင်း ဖြေပါသည်။ ပြီးတော့ ဘီလူးရုပ် ထုတ်ပြသည်။ ဒါကော လို့မေးတော့ ဒါတော့မလှပါဘူး ဘဘကြီး ကြောက်စရာတောင်ကောင်းပါ သေးတယ် ဟု ပြန်ဖြေမိပါသည်။ ဘဘအောင်က ယမင်းရုပ်ရော ဘီလူးရုပ်ရော သစ်သားတစ်မျိုးထဲကိုထုထားတာပဲကွယ့်၊ ဒါပေမယ့် အမြင်ကျတော့ကွာတယ်။ ယမင်းရုပ်က ချစ်စရာကောင်းတယ်။ ဘီလူးရုပ်က ကြောက်စရာကောင်းတယ်။ လူတွေလည်း ဒီအတိုင်းပဲ။ လူချင်းတူပေမယ့် လိမ္မာတဲ့လူနဲ့ မိုက်တဲ့လူကွာတယ်။ စိတ်လှတဲ့သူနဲ့ စိတ်မလှတဲ့သူကွာတယ် ဟု လူတို့၏ အကျင့်စရိုက်များ ကွာခြားမှုကို ရှင်းပြပါသည်။ စိတ်လှတဲ့သူဆိုတာ ကိုယ်ကျိုးအတွက် သူများအကျိုး ပျက်စီးအောင် မလုပ်ဘူး။ ကိုယ်လဲအကျိုးမရှိ၊ သူများလည်းအကျိုးမရှိတဲ့အလုပ်မျိုးဆို ပိုပြီးမလုပ်ဘူး။ စိတ်မလှတဲ့ သူတွေကတော့ ကိုယ်ကျိုးလဲမရှိ၊ သူများအကျိုးလည်းပျက်စီးတဲ့ကိစ္စမျိုးတွေလုပ်တယ်။ ကိုယ်ကျိုး အတွက် သူများအကျိုးပျက်စီး ထိခိုက်အောင်ဆိုရင် ပိုပြီးတောင်လုပ်တတ်ကြသေးတယ် ဟု ထပ်ပြီးပြောပြ ပါသည်။ ငါ့မြေး တစ်သက်လုံး မှတ်ထား၊ ကိုယ့်စိတ်ကို အလှမပျက်စေနဲ့။ စိတ်လှတဲ့သူဖြစ်ပါစေ ဟု ဆုံးမပါသည်။ သည်လိုနှင့် လည်ဆံမွေးဖားလျား၊ အမြီးလေးတဖွားဖွား၊ ကိုယ်နေကိုယ်ဟန် ကြွားကြွား လျားလျားနှင့် လွှားကနဲ ခုန်ပေါက် ပြေးတော့မယ့်ပုံပေါ်နေတဲ့ မြင်းရုပ်ကလေးတစ်ရုပ် ကျွန်တော်ရရှိခဲ့ပါ တော့သည်။
မြင်းရုပ်ကလေးကို ကျွန်တော်သိပ်ကြိုက်ပါသည်။ ညအိပ်ရင်တောင် အိပ်ရာထဲထားအိပ်ပါသည်။ မြင်းရုပ်ကလေးနဲ့ ကစားရတာကို ကိုယ်ပျော်သလို သူငယ်ချင်းတွေကိုလဲ ပျော်စေချင်တဲ့စေတနာနဲ့ သူငယ်ချင်း ဖိုးဇော်ကို ခေါ်ပြီးအတူတူကစားကြပါသည်။ ကျွန်တော်တို့ သိပ်ပျော်ကြပါသည်။
သည်လိုနှင့် ကျွန်တော့်ကို ရှင်ပြုပေးတော့မည့်အချိန်သို့ရောက်လာပါသည်။ ရှင်သာမဏေ ဖြစ်တော့ မြင်းရုပ်နဲ့ ကစားလို့မရတော့ဘူး လူထွက်မှ ကစား ဟု အမေကပြောသဖြင့် ဖိုးဇော်ကို အသေအချာအပ်ထား လိုက်ရပါသည်။ ဖိုးဇော်နဲ့က တစ်ယောက်အကြောင်းတစ်ယောက်သိကြသူတွေမို့ ငါလူထွက်တော့ ငါ့ပြန်ပေး ဟုဆိုကာ ပေးလိုက်ခြင်းဖြစ်ပါသည်။
လူထွက်တဲ့နေ့ ဆရာတော်ကျောင်းကနေ အိမ်ပြန်လာတော့ ရွာလမ်းမကြီးကနေမပြန်ဘဲ ဖြတ်လမ်းမှ ဖိုးဇော်အိမ်ကို အရင်ပြေးသွားပါသည်။ ဖိုးထူးနဲ့အတူ ငတူး နှင့် ဖိုးကုလားတို့လဲ မြင်းရုပ်ကလေးနဲ့ ကစားနေ ကြပါသည်။ မြင်းရုပ်ကလေးမှာလည်း ပါးချပ်ကြိုး၊ ကုန်းနှီး၊ ခြေနင်းကွင်းကလေး များဖြင့် ပိုလှနေပါသည်။ ရှင်လောင်းလှည့်တုန်းကစီးရသည့် မြင်းအတိုင်းပင်ဖြစ်ပါသည်။ ဖိုးဇော်က ကျွန်တော့ကိုမြင်တော့ မြင်းရုပ်ကလေး ကျွန်တော့ကို ပြန်ပေးပါသည်။ ငတူးက ဒါဘာလုပ်တာလဲကွ ငါတို့ကစားနေတာကို ဟု မေးတော့ ဖိုးဇော်က သူ့ပိုင်ရှင်ပြန်လာလို့ ပြန်ပေးတာဟု ပြောပါသည်။ ဖိုးကုလားကရန်လိုစွာဖြင့် ဒါဖြင့် ငါတို့လုပ်ထားတာတွေ ဖျက်ပစ်မယ် ဟုဆိုကာ ကုန်းနှီးတွေ ခြေနင်းကွင်းတွေကို ဆွဲဖြုတ်ပစ်ပါသည်။ ဒါတင်မကသေးဘဲ ကဲကွာ ကဲကွာ ဒီမြင်းစုတ်ကို ဒီလိုလုပ်ရတယ်ကွ ကြည့်ထား ဟုဆိုကာ အမြီးရော လည်ဆံမွေးတွေကိုပါ ဖြတ်ပစ်လိုက်ပါသည်။
ဒီနေရာမှာ ငတူးနဲ့ ဖိုးကုလားကို ဒေါသတကြီးနဲ့ ထိုးလားကြိတ်လား လုပ်ချင်ပေမယ့် စိတ်အလှ မပျက်ပါနဲ့ ဆိုတဲ့ ဘဘအောင်ရဲ့ ဆုံးမစကားကို သတိရလို့ သူတို့ကို ရန်မလုပ်ခဲ့ပါ။ ဘဘအောင်က ပိုလှတဲ့ မြင်းလည်ဆံမွေးလေးနဲ့ မြင်းမြီးအသစ်လေး တပ်ပေးလို့ မြင်းရုပ်ကလေးမှာ အရင်ကထက် ပိုပြီးလှသွားပါတယ်။ မြင်းရုပ်အသစ်ကလေးကိုယုယစွာပိုက်ထားရင်းတွေးမိပါသည်။ ကျွန်တော့စိတ်ကလေး အလှမပျက်ပါ။ မြင်းရုပ်ကလေးလည်းအလှမပျက်ပါ။
Recent Comments