Archive

Posts Tagged ‘နိုင်းနိုင်းစနေ’

အိမ်ထောင်ရေး (၃)မျိုး

March 14th, 2010 No comments

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။
Read more…

တိကျတဲ့အဖြေ

February 28th, 2010 No comments

ဒုတိယကမ္ဘာစစ်အတွင်းမှာ နာမည်ကြီးစိတ်ပညာရှင် J. P. Guilfordကို အမေရိကန်စစ်တပ်က ငှားရမ်းပြီး စမ်းသပ်မှုတစ်ရပ် ပြုလုပ်စေခဲ့တယ်။ ဒီပညာရပ်နဲ့ အကောင်းဆုံး၊ အသင့်တော်ဆုံး လေယာဉ်တပ်သားတွေ ရွေးထုတ်နိုင်ဖို့ဖြစ်တယ်။

Read more…

ဒါ ကျွန်တော့်မိန်းမ

February 12th, 2010 No comments

ဒီပုံပြင်ကတော့ တီဗီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။

ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
Read more…

လွန်ခဲ့တဲ့(၁ဝ)နှစ်နဲ့ (၁ဝ)နှစ်နောက်ပိုင်း

December 22nd, 2009 No comments

လွန်ခဲ့တဲ့ (၁ဝ)နှစ်က ကျွန်တော်တို့ဟာ အဖေအမေရဲ့ သားသမီးဖြစ်တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ သားသမီးတွေရဲ့ အဖေအမေဖြစ်ခဲ့တယ်။

Read more…

လဲကျတဲ့နေရာမှာပဲ လှဲမနေဖို့….

September 24th, 2009 No comments

“လဲကျတဲ့နေရာမှာပဲ လှဲမနေဖို့၊ အမြဲတမ်း အသင့်အနေအထားမှာရှိဖို့၊ နွားသိုးတစ်ကောင်လို အရှိန်ပြင်းပြင်းနဲ့ အမြန်ထိုးတက်ဖို့ လက်ဝှေ့ပညာက ကျွန်တော်ကိုသင်ခဲ့ပါတယ်”

Read more…

Team Work

July 1st, 2009 No comments

ပထမဆုံးအကြိမ် လကမ္ဘာပေါ် ခြေချသူနှစ်ဦးရှိခဲ့တယ်။ အားလုံးသိကြတဲ့ Neil Armstrong‎ အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong‎ စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားက ဒီနေ့ချိန်ထိ ဆိုရိုးစကားအဖြင့် သုံးခဲ့ကြတယ်။

Read more…

ရွေးချယ်ခွင့်

June 3rd, 2009 No comments

သူ့ကို အီတလီ ပေါင်မုန့်ဖုတ်ဆရာတစ်ဦးမှ မွေးဖွားခဲ့တယ်။ ဖခင်က အော်ပရာကြိုက်နှစ်သက်သူဖြစ်ပြီး သူ့အတွက် နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းခွေကို အမြဲ ဝယ်လာပေးတတ်တယ်။ သီချင်းတွေ အမြဲနားထောင်ဖြစ်ခဲ့လို့ ငယ်ငယ်ကတည်းက သီချင်းဆိုတာကို သူဝါသနာပါခဲ့တယ်။

အသက်အရွယ် ကြီးပြင်းလာချိန်ထိ သီချင်းဆိုတာကို သူစွဲစွဲမက်မက် တပ်မက်နေခဲ့တယ်။ ဒါပေမယ့် ကလေးတွေကို သူချစ်တယ်။ ကျောင်းဆရာကောင်းတစ်ဦး ဖြစ်ဖို့လည်း သူမျှော်မှန်းထားခဲ့တယ်။ ဒါကြောင့် ဆရာအတတ်သင်ကျောင်းတက်ရင်း Arrigo Pola လို့ခေါ်တဲ့ အဆိုတော်ဆီမှာ သူတပည့်ခံခဲ့တယ်။

ကျောင်းပြီးတဲ့အချိန် သူက ဖခင်ကို “ကျောင်းဆရာနဲ့ အဆိုတော် ကျွန်တော်ဘာကိုရွေးသင့်သလဲ ဖေဖေ”လို့ မေးခဲ့တယ်။

ဖခင်က လေးလေးနက်နက်နဲ့ “တကယ်လို့ ထိုင်ခုံနှစ်လုံးကို သားတစ်ပြိုင်ထဲထိုင်ခဲ့ရင် ထိုင်ခုံနှစ်လုံးကြားထဲ သားပြုတ်ကျသွားလိမ့်မယ်။ ဒါကြောင့် ထိုင်ခုံတစ်လုံးကိုပဲ သားသေချာရွေးရလိမ့်မယ်” လို့ ဖြေခဲ့တယ်။

အဖေ့စကားကို နားထောင်ပြီး ကျောင်းဆရာအလုပ်ကို သူရွေးခဲ့တယ်။ စာသင်ရင်း ကျောင်းဆရာအလုပ်မှာ သူမဖြစ်ထွန်းနိုင်မှန်း သိခဲ့လို့ ကျောင်းကိုကျောခိုင်းပြီး သီချင်းဆိုဖို့ သူရွေးခဲ့ပြန်တယ်။ Read more…

တစ်ဘဝစာ လျှို့ဝှက်ချက်

April 2nd, 2009 1 comment

တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့… လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို ကြီးစိုးဝါးမြိုထားကြတယ်။

မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။

နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့ နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။

နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင် အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့ အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။

တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက် ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။
Read more…

အေးစက်သွားသော ကော်ဖီ တစ်ခွက်…

March 5th, 2009 2 comments

တင်း…. တောင်
တံခါးဝတွင် ချိတ်ထားသော ဧည့်ကြို ခေါင်းလောင်းလေး မြည်လာပြန်သည်။ သားသားနားနား ၀တ်ဆင်ထားသော အသက်(၃၀)ခန့် လူရွယ်တစ်ဦး ကော်ဖီနံ့ သင်းပျံ့နေသော ဆိုင်ထဲသို့ ၀င်လာသည်။

Read more…

မင်္ဂလာစု စာအုပ်

November 1st, 2008 2 comments

လက်ထပ်ခြင်းအနုပညာ အပြီးမှာ – မင်္ဂလာစု စာအုပ် အကြောင်းကို နိုင်းနိုင်းစနေ blog (http://nineninesanay.blogspot.com) မှ ကူးယူဖော်ပြလိုက်ပါတယ်။

Read more…

UA-11799235-1