Tag Archives: ရေးသူမသိ
ဘ၀သည်ကား
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။
သူငယ်ချင်းတစ်ယောက်ရဲ့ FaceBook မှ ကူးယူထားတာပါ။ ခေါင်းစဉ်ကို မတွေ့ ပါသောကြောင့် – ဘ၀သည်ကား – လို့  အမည်ပေးထားပါသည်။
သူငယ်ချင်းကတော့ ဒီကနေ ကူးထားတယ်လို့ ရေးထားပါတယ်။
https://www.facebook.com/profile.php?id=100001406423532
ခေါ်သံ
ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။
နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ … .. ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။
Continue reading ခေါ်သံ
ချစ်သူနဲ့မို့ ပါ
ခြံဝန်းကျယ်ကျယ်လေးထဲမှာ
တဲအိမ်လေးတစ်လုံးနဲ့ ဘဲဖြစ်ပါစေ
အတူတူနေနိုင်တဲ့စိတ်ထားကလဲ
ချစ်သူနဲ့မို့ ပါဘဲ။
ပန်းပင်လေးတွေကိုစိုက်
ပန်းခင်းလေးတွေကိုလိုက်ကြည့်
အေးမြခြင်းပြည့်တဲ့လေပြေလေးထဲမှာ
ပန်းရနံ့ လေးတွေနဲ့ထုံသင်းတဲ့
ချစ်ခြင်းမေတ္တာရဲ့အရိပ်အောက်
နှစ်ယောက်မခွဲ
ဆင်းရဲရဲ ချမ်းသာသာ
နေနိုင်တာဟာလဲ
ချစ်သူနဲ့မို့ ပါဘဲ။
ရေးသူကို မမှတ်မိလို့  မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။
2010 Valentine Day
အချစ်စစ်
ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်။ အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ  ကျွန်တော့်ကို ပြောတယ်။
“ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”
ကျွန်တော်က သူ့နံမည်၊ အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုးခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်။
သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရယ် ဆရာဝန် တစ်ယောက်ယောက် အားဖို့ ရယ် အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်။
ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကပဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်၊ အနာလဲကျက်နေပြီ … ဒါနဲ့   ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်။
“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
“ မဟုတ်ပါဘူးလူလေးရယ်…   အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ။
အဖိုးက  မနက်တိုင်းကို သူနဲ့အတူတူမနက်စာ စားနေကြလေ…..”
Continue reading အချစ်စစ်
သင်ဘာကို ရွေးမလဲ
စိတ်ဝင်စားစရာကောင်းတဲ့ အမေး၊ အဖြေလေး တစ်ခုဖတ်မိပါတယ်။ သင်လည်း ကျိုးစား ဖြေကြည့်ပါ။
“လေပြင်းမုန်တိုင်းကျတဲ့ ညတစ်ညမှာ သင်ဟာ ကားမောင်းလာတယ် ဆိုပါစို့။
ကားမှတ်တိုင် တစ်ခုကို ဖြတ်တဲ့ အချိန်မှာ မှတ်တိုင်မှာ လူသုံးယောက်စောင့်နေတာကို သင်တွေ့လိုက်မယ်။
တစ်ယောက်က အလွန်သနား စရာကောင်းတဲ့ လူမမာ အဘိုးအိုတစ်ဦး၊
နောက်တစ်ယောက် က သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့၊ သင်အရမ်း ကျေးဇူးဆပ်ချင်နေတဲ့ ဆရာဝန်တစ်ဦး၊ နောက်ဆုံးတစ်ယောက်က သင်အိပ်မက် မက်တိုင်း မြင်မက်တတ်တဲ့၊ သင်ရင်ကိုခုန်စေတဲ့ အိပ်မက်ထဲက ချစ်သူ။
သင်ကားဟာ လူတစ်ယောက်ပဲ ဆန့်တဲ့အတွက် တစ်ယောက်ကိုပဲ သင်ရွေးရလိမ့်မယ်။
ဘယ်တစ်ယောက်ကို သင်ရွေးမလဲ..”
လူမမာ အဘိုးအိုကို အရင်ကယ်မှာလား
ကိုယ့်အသက်ကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန်ကို ကျေးဇူးဆပ်တဲ့အနေနဲ့  တင်ခေါ်သွားမှာလား။
ကျေးဇူးကနောက်ကြုံရင် ဆပ်လို့ရသေးတယ် ကိုယ်ချစ်တဲ့လူနဲ့ ထပ်ဆုံဖို့ အခွင့်အရေးက ဒီတစ်ခါပဲရှိတာမို့ ဒီအခွင့်အရေးကို လက်လွှတ် မခံဘဲ သူ့ကိုတင်ခေါ်သွားမှာလား။
.
?
.
?
.
?
.
“ကားသော့ကို ဆရာဝန်ကို ပေးလိုက်ပြီး အဘိုးအိုကို တင်သွားခိုင်းမယ်။ ကျွန်တော် ကတော့ ကိုယ်ချစ်တဲ့လူနဲ့ မှတ်တိုင်မှာ ကားစောင့်ရင်းနေခဲ့မယ်” ဆိုတဲ့ အဖြေကတော့ အားလုံးသော အခြေအနေကို ပြေလည်စေတာပေါ့။
တခါတရံ ဒီလိုမျိုး ဘေးကျပ်နံကျပ် အခြေအနေမျိုးတွေ ကြုံတွေ့ ရတတ်တယ်။
မိမိရဲ့  အတ္တ၊ မာန၊ မာန်၊ ခေါင်းမာမှု တွေကို လက်လွှတ် တတ်ခဲ့မယ်ဆိုရင်- အားလုံးသော အခြေအနေကို ပြေလည်စေပြီး၊ လူများစွာပျော်ရွှင်စေရတာပေါ့။
သင့်အလှည့်မှာ သင်ဘာရွေးမလဲ ဆိုတာ – သင့်ရဲ့  .  .  .
email မှ ရသော စာတစ်ပုဒ်ကို အနည်းငယ် ပြင်ဆင်၍ ရေးသားထားပါသည်။
ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း
လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”
“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”
“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”
အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”
“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟသမသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက် ပေးဆပ်မယ့်ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”
လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”
“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”
မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။
“ဘယ်သွားမလို့လဲ.. ကောင်လေး”
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”
“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျိတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”
လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်
e-mailဖြင့်ပို့ ပေးသော ပိုးလေးကို ကျေးဇူးတင်လျှက်-
ရှေးရေစက်
ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာ လက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့။
ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့ မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးကတခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်။
သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်။
အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်းအရမ်းအံ့သြပြီး၊ အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။
မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်။
အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်။
ဆရာဝန်ပြလည်းမသက်သာတော့ဘူး။
တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့ အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။
အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့  ဘုန်းတော်ကြီးအိုတစ်ပါးကို တွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်။
ဘုန်းတော်ကြီးကပြုံးပြီးတော့…..
“ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ ကိုယ်တော်ကလည်း ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်။
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့ အကြောင်းပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။
ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့ နွမ်းနယ် နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီးအတွက် သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။
ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့ ” တော်တော်အခြေအနေဆိုးနေတာပဲ ” လို့ရေရွတ်လိုက်တယ်။ လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်။ ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့…
” ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ”  လို့မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်။
ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲ ငေးငေးငိုင်ငိုင်နေနေရာကနေ တစ်ချက်မှန်ထဲကို ကြည့်လိုက်တယ်ဆိုရင်ပဲ။ မှန်ထဲမှာ သူ့ချစ်သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေး ပုံရိပ်ကေ၀၀ါး ပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခု ပုံပြောင်းလဲသွားတယ်။ အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး။
လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ မိန်းကလေးအလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်။ ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ်လျှောက်သွားတယ်။
အချိန်အတော်လေးကြာတော့နောက် လူတစ်ယောက်ဖြတ်လျှောက်လာပြီး အဲ့ကောင်မလေးအလောင်းကို တွေ့သွားပြန်တယ်။ ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်။
အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်။ ဒီလူကအပေါ်ရုံခြုံထားပြီး လဲလျောင်းနေတဲ့ပုံစံကိုစိတ်ဝင်စားပြီးခြုံထည်ကို လှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီး အရမ်း သနားစိတ်ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်။
လူရွယ်ဟာ သူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာလိုက်တာ ညနေစောင်းအချိန်မှာ မိန်းကလေး
အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်။
အဲ့လူလည်း မိန်းကလေးအလောင်းကိုကောင်းမွန်စွာ မြုပ်နှံပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်။
အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေးအလောင်းရဲ့ မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေ သူ့ချစ်သူကောင်မလေးရဲ့  မျက်နှာကိုပြောင်းသွားခဲ့တယ်။
“ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်။ အဲ့မိန်းကလေး အလောင်းကဒကာလေးရဲ့  ချစ်သူမိန်းကလေး ဖြစ်တယ်။
ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာ ကောင်မလေးနဲ့ လက်ထပ် ပေါင်းသင်းခွင့်ရခဲ့တယ်။
ဒကာလေးကတော့ သူမရဲ့အလောင်းကို အပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့
သုံးနှစ်တာ ချစ်ခင်ခွင့်ရခဲ့တယ်။ ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်။
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာ အဖေ၊ အမေ၊ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ရန်သူ အဖြစ်နဲ့တွေ့ဆုံတော်စပ် ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။ ဘ၀တစ်ခုခုက ပြုခဲ့တဲ့ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။
အဲ့လိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ ဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ။ အဲ့ဒါကြောင့် ခုမခွဲခွာရခင်အချိန်လေး မှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာ တတ်နိုင်သလောက်  စိတ်ချမ်းသာမှုတွေ။ မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို
မသိနိုင်ကြလို့ပဲဖြစ်ပါတယ်။
ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ…….
email မှရထားသော ပုံပြင်လေးတစ်ပုဒ်ပါ။
မူရင်းပိုင်ရှင်နှင့်အတူ မျှဝေပေးသူများကို ကျေးဇူးတင်လျှက်
ဘာလို့
လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…
တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ၊
အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…ဘယ်တော့မှ
တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့။
အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။
Continue reading ဘာလို့
နည်းနည်း များများ
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။
ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။
အဆင်ပြေမှုတွေ ပိုများလာတယ်၊
ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
Continue reading နည်းနည်း များများ