Tag Archives: ဧရာဝတီမြစ်

မြစ်ကော – မောင်စိန်ဝင်း (ပုတီးကုန်း)

မြစ်မကောအောင်လို့ 
သစ်တောတို့ စိမ်းရပေမည် …
ရေဝေတောတွေ ဆိုင်းစို့ စို့ 
… မှိုင်းညို့ ညို့ မှုန်ရီရီ …
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့ …
တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ 
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
………. စိုးကြောက်ဖွယ်အဖြစ်သဘော
………. မြစ်ကောတဲ့နေ့ ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။

အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။
ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။

ဒေါက်တာ ဦးထွန်းလွင် (မိုးလေ၀သ ပညာရှင်)

‘Save the Irrawaddy’ ဟောပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။
ဒေါက်တာဦးထွန်းလွင်ပြောခဲ့သော စကားကို ဆက်လေ့လာရအောင် -

အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက် စီးမှုတန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ မှာ အသေအပျောက်အများဆုံး မုန်တိုင်းတွေ စာရင်းတင်ထားတဲ့အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်း နား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။

မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်းဒီရေက အန္တရာယ်ပေးနိုင် တယ်ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာခဲ့ကြပါဘူး။

ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအားလျှပ်စစ်တွေ ထုတ်လုပ် ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြချင်ပါတယ်။

တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံ ကို တွေ့သွားတာပါ။

တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။
နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။

မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။

ဦးထွန်းလွင် ကို စမ်းချောင်းဂျာနယ်နှင့် ဧရာဝတီမြစ်ကိုချစ်သူများအားလုံးက ကျေးဇူးတင်ပါသည်။

ကျွန်တော်တို့  မျက်စိရှေ့ မှာတင် ကျွန်တော်တို့  မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ နာဂစ်မှာ လူပေါင်း သိန်းချီသေကြေ ပျက်စီးသွားခဲ့သည်။
အသိပညာရှင်တွေ၊ အတက်ပညာရှင် တွေ – မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ ပါ။

သေဆုံးသွားပြီးရင် ဘယ်အရာမှ၊ ဘယ်သူမှ ပြန်ရှင်မလာတော့ပါဘူး။
မသေဆုံးခင်မှာ မသေဆုံးနိုင်အောင် ကာကွယ်ရမှာ လူသားတို့ ၏ တာဝန်ပါပဲ။
တစ်လုပ်စားဖူး သူ့ ကျေးဇူးတဲ့။  မသေဆုံးခင်မှာ ကျေးဇူးဆပ်ဖို့  လိုအပ်နေပါပြီ။

စမ်းချောင်းဂျာနယ်

မြန်မာတို့ ၏ ဧရာဝတီမြစ်

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းပိုင်ဆိုင်သော မြန်မာ တို့ ရဲ့ ဧရာဝတီ။

ဘိုးဘွားဘီဘင် လက်ထက်ကတည်းက လှပစွာ စီဆင်းနေသော ဧရာဝတီမြစ် –

နောက်ရောက်လာမည့် မျိုးဆက်သစ်တွေနှလုံးသားထဲမှာ ဧရာဝတီမြစ် လှပစွာ စီးဆင်းနိုင်ဖို့  –

01: မြင့်မိုးအောင် ၏ တင်ပြချက်


download link

02: ထူးအိမ်သင်နှင့် ဂီတမိတ်


download link

03 မြင့်မိုးအောင်၏ တင်ပြချက်


download link

04: ဇော်ဝင်းထွ​​ဋ် (မျှော်လင့်ချက် ကမ်းခြေ)


download link

05:  မြင့်မိုးအောင်၏ တင်ပြချက်


download link

06 : လေးဖြူ ( သက်ရှိမြစ်)


download link

ဧရာဝတီရဲ့ အနာဂါတ် လှပပါစေသား
စမ်းချောင်းဂျာနယ်မှ ဆုတောင်းပေးလျှက်

ဧရာဝတီအကြောင်းပြောကြရအောင်

“ဧရာဝတီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ နှင့်
နိုင်ငံရေးဆိုင်ရာပြဿနာ အလုံးစုံကို ကျွန်ုပ်တို့ အားလုံး ပူးပေါင်းခြင်းဖြင့်
အောင်မြင်စွာ ဖြေရှင်း နိုင်ကြ ပါမည်” (ဒေါ်အောင်ဆန်းစုကြည်)

 

မြစ်ပြင်ကဒေါသမရှိ
ပကတိ အေးချမ်းသာယာသည်
ချစ်စွာသော ဧရာဝတီ။ (ဒဂုံတာရာ)

 

ဧရာဝတီဆိုတဲ့စကားလုံးကို ကျွန်တော်တို့ ပြည့်ပြည့်၀၀ နားလည်ခံစားနိုင်မှုမရှိခဲ့ရင်
ကိုယ်ကျိုးရှာမှုတွေ အတ္တကြီးမှုတွေနဲ့ ဧရာဝတီရဲ့ ပျက်စီးရာပျက်စီးကြောင်းကို
ဖန်တီးမိကြမှာပါပဲ။ (မြင့်မိုးအောင်)

 

တစ်ချိန်က
ဧရာဝတီဟာ ရာဇ၀င်သစ်ကို ထွင်းထုရာ
အခုများတော့
ဧရာဝတီဟာ သောင်ထွန်းနေတဲ့ ရင်ကိုပွေ့ပိုက်လို့
အခုများတော့
ဧရာဝတီဟာ စွန့်ပစ်ခံကလေးငယ်လို ငိုကြွေးလို့။ (စိုးရိမ်)

 

ခု တံတားအစင်းစင်း မင်းအပေါ်ခွလို့၊
တံတားတိုင်တွေဟာ မင်းရဲ့လမ်းပေါ်ချဉ်နင်းလို့
သြ ငါတို့ရဲ့ သွေးလွှတ်ကြောမကြီး၊
မဟာမြစ်မင်းလည်း လူတို့ပြုသမျှ နုရပြီလား။ (မောင်လင်းရိပ်)

 

မြစ်ဆုံက ကျောက်စရစ်ခဲလေးတွေဟာ
ဓာတ်ပုံထဲမှာတော့ အတော့်ကို လှပါတယ်
သို့သော် ရေစပ်စပ်နဲ့ မြစ်ကြီးကိုတွေ့ရတော့ … (မိုးဝေး)

 

တန်ဖိုးပေါင်း မြောက်မြားစွာကို
သယ်ဆောင်လာခဲ့သော
ဧရာဝတီ။

ထိုဧရာဝတီမြစ်ကြီးသည် တည်ကြည်ခံ့ညာစွာ စီးဆင်းလာခဲ့၏။
စီးဆင်းပါလေဦး…. ဧရာဝတီ….။ (နောင်ကျော်)

 

ဧရာဝတီသည် သူချစ်သည့်ပုဂံ၊ သူချစ်သည့်မြန်မာကို
နီးသထက်နီးအောင်ကပ်ရင်း အားပြည့်မာန်ပြည့် စီးဆင်းနေခဲ့ဖူးသည်။
ခုတော့ ဧရာဝတီသည် လောကနန္ဒာမှ၊ ပုဂံမှ၊ သူချစ်သောမြန်မာမှ
တစ်စစ ဝေးသထက် ဝေးလာကာ ကျုံလှီသိမ်ငယ်ခံရလေပြီ။ (နီဟိန်းမော်)

 

ဒီမြစ်ကြီးရဲ့ ရေသယံဇာတကို အမြတ်ထုတ် အကျိုးရှာလိုသူ အသင်တို့၊
ဒီမြစ်ကြီးကို သင်တို့ပိုင်ဆိုင်သလို ကျန်တဲ့ သန်းခြောက်ဆယ်သော မြန်မာပြည်သူတို့လည်း
အတူတကွ ပိုင်ဆိုင်ထားတာဖြစ်တယ်။ (ဌေးဝင်းနှစ်)

 

ဒီနေရာမှာ ဧရာဝတီမြစ်ကြီးစီးဆင်းခဲ့တာပေါ့ကွယ် ဆိုပြီး
တစ်ချိန်က ဧရာဝတီပုံပြင်ကို အမွေပေးခဲ့မလား
နှလုံးသားရော ဦးနှောက်ရော အလုပ်လုပ်ကြဖို့ အချိန်တန်နေပါပြီ။
ဒါကို မသိသားဆိုးဝါးနေကြဦးမယ် ဆိုရင်တော့ဖြင့်… (နန္ဒကြယ်စင်)

 

အကြည့်ခံတဲ့ ဧရာဝတီဟာ မြေရဲ့ အနုပညာ။
အမေလိုလဲ ကျေးဇူးကြီးကာ သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့ သက်ရှိများစွာရယ်။
သူ့ကျေးဇူးကိုဘယ်လိုတုံ့ပြန်ရမလဲလို့ ဥာဏ်သေးသေးလေးနဲ့ မတွေးတတ်ပါဘူး။
ဒါပေမယ့် အမြစ်မြဲမယ့် သစ်ပင်ငယ်လေးတွေကို
ကမ်းပါးစောက်တစ်လျှောက်မှာ စိုက်ကြည့်ချင်သေးတယ်။ (မယ်ကိုး)

 

ဧရာဝတီက စကားပြောတတ်ရင်
သူညည်းပြမှာပဲ။ (၀င်းဇော်လတ်)

 

မိခင်ဧရာဝတီသည် သူ့တာဝန်သူကျေခဲ့သည်။
သူ့သစ္စာတရားကို စောင့်သိရိုသေလိုက်နာစောင့်ထိန်းပုံမှာ
သြချစရာပင် ကောင်းနေခဲ့ပါသည်။
မြစ်ဝှမ်းသားတွေကရော
မိခင်ဧရာဝတီ၊ ကိုယ့်အမျိုးသားကိုယ်စားပြု ဧရာဝတီအပေါ်
သစ္စာစောင့်သိရိုသေခဲ့ကြပါသလား။ (ခိုင်မျိုးဇော်)