Tag Archives: လင်းလက်တာရာ
လမ်းဘေးက ရေအိုးစင်
ခုရေတွင်းမတူးဘဲ ခုရေကြည်သောက်နေတဲ့ခေတ်မှာ
ရေသန့် ဘူးတွေသာ နေရာတကာ။
ဟမ်းဖုန်းကိုင်ထားတဲ့ အစ်ကိုကြီးရောက်မလာဘူး။
ကိုယ်ပိုင်ကားမောင်းတဲ့ ညီလေးရောက်မလားဘူး။
ဆံပင်အနီဆိုးထားတဲ့ ညီမလေးရောက်မလားဘူး။
အမောမပြေတဲ့သူတွေသာ အမောဖြေဖို့ ရောက်လာကြ
အပူထဲကလာသူကို အပူမပေးဘူး။
အရိပ်ထဲကလာသူကို အပူမပေးဘူး။
တစ်ခါတစ်ခါ မသတီသလိုလို ရွံသလိုလို မျက်လုံးတွေရဲ့အောက်မှာ
တစ်ခါတစ်ခါ ခနဲ့ တဲ့တဲ့ သရော်တော်တော် အပြုံးတွေရဲ့ အောက်မှာ
မေတ္တာဆိုတာ တိုရေရှားရေ။
နှုတ်ခမ်းရာထပ်နေတဲ့ အုန်းမှုတ်ခွက်လေးကတော့
“ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ ” တဲ့။
လင်းလက်တာရာ
Image, Dec 2007
ရေ
သောက်ရေ
အရောင်အဆင်းမရှိပေမယ့် သောက်သုံးသူကို အမောပြေစေတဲ့ရေ။
တန်ဖိုးမများဘဲ
ဆေ၀ါးဖြစ်စေတဲ့ရေ။
Continue reading လမ်းဘေးက ရေအိုးစင်