Tag Archives: စလုံးရေ-စ
စလုံးရေ စ – အပိုင်း (၂)
အပိုင်း (၁) ကိုဖတ်လို လျှင်
ကျွန်တော် နေ၇မည့်နေရာက Condominium တစ်ခုပါ။ ၀င်းအတွင်းမှာက အဆောက်အဦးတွေအများကြီး။ ကျွန်တော်နဲ့  အတူနေမယ့်တဲ့သူတွေက –  ယုယုနဲ့  ၀င်းထက်အောင်။ ပြီးတော့ အင်ဒိုနီးရှားက ကျောင်းသား နှစ်ယောက်။
Taxi က ကျွန်တော်ပေးသော လိပ်စာမှာပါတဲ့ အဆောက်အဦးရှေ့ မှာ ရပ်ပေးထားခဲ့သည်။ အထုပ်တွေနဲ့ ကျွန်တော် ယောင်ချာချာဖြစ်နေပြန်ပြီ။ ကျွန်တော်မှာ ဆက်သွယ်စရာ ဖုန်းကမရှိ။ ဘေးနားမှာ မေးမြန်းစရာ တစ်ဦးတစ်ယောက်မှ မရှိ။ အထုပ်တွေကိုဆွဲ – ဟိုဒီသွားကြည့်ရင်းမှ အများသုံးတယ်လီဖုန်းကို တွေ့ လိုက်ရသည်။ လေဆိပ်မှာ ပိုက်ဆံလဲထားခဲ့၍ ကျွန်တော် အဆင်ပြေသွားခဲ့သည်။ ကျွန်တော်ကို လေဆိပ်မှာကတည်းက ပိုက်ဆံလဲခဲ့ဖို့ - လဲသည့်အခါ အကြွေပါလဲထားဖို့ ပြောထားသည့် ယုယု ကို ကျေးဇူးတင်လိုက်မိသည်။ အကြွေသာမပါခဲ့လျှင် -အများသုံးတယ်လီဖုန်းရှေ့ မှာ လာသမျှလူဆီက အကြွေလေးများပါလျှင် ပြား၂၀လောက်ပေးခဲ့ပါလို့  -ပြောရဦးမည်။ ဒါကြောင့် ဘ၀ တစ်ခုကို စတော့မယ်ဆို အစစ အရာရာ ပြင်ဆင်ထားပါမှ –
Continue reading စလုံးရေ စ – အပိုင်း (၂)
စလုံးရေ စ – အပိုင်း (၁)
လူ့ သက်တမ်းတစ်ခုမှာ ဘ၀တွေ အကြိမ်ကြိမ်စခဲ့ရပါတယ်။
ကလေး ဘ၀။ မူလတန်း -အထက်တန်း ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်သင်ဘ၀၊ အလုပ်သမားဘ၀ စသည်ဖြင့် ကျွန်တော်စခဲ့တဲ့ ဘ၀တွေ တစ်ခုမကတော့ပါဘူး။
အခုလည်း ဒီဘ၀တော့ အခြေကျပြီလို့ မှန်းဆ တည်ဆောက်ခဲ့ပြီးကာမှ -နောက်ထပ် ဘ၀တစ်ခုကို ထပ်စရတော့မယ်။
ကျွန်တော်တည်ဆောက်ထားတဲ့ လက်ရှိဘ၀လေးက ကျွန်တော်အတွက်တော့ အတော်လှတယ်။
ဒီမြေမှာမွေး၊ ဒီမြေမှာကြီး။ ဒီမင်း၊ ဒီလူ၊ ဒီဥပဒေတွေနဲ့ ဒီလက်ရှိဘ၀လေးကို ကျွန်တော်လှပအောင် အချိန်တွေ၊ ချွေးတွေ အများကြီးပေးပြီး တည်ဆောက်ခဲ့တယ်။
ဒီလိုနဲ့  -ကျွန်တော်မှာ အတိတ်ရှိခဲ့တယ်။ ကျွန်တော်မှာ သူငယ်ချင်းတွေရှိခဲ့တယ်။ ကျွန်တော့်မှာ အောင်မြင်မူရှိခဲ့တယ်။
လျှပ်စစ်မီးမရှိဘဲ ၅ နှစ်ကျော်နေလာခဲ့ပြီးပြီ။ ကျီးလန့် စာ စားပြီးနေလာခဲ့တာ ၁၀ စုနှစ် တစ်ခုမကတော့ဘူး။
အဆိုးရွားဆုံးက မသူတော်-လူယုတ်မာတွေပဲ ကြီးပွားချမ်းသာနေသည်။ သူတို့ က ကျွန်တော်တို့ ကို နိုင်ထက်စီးနင်း ခိုင်းစေ၊ပြောဆိုနေပြီ။
ကျွန်တော်သူ့ တို့ နဲ့ မနေချင်တာ သွေးသားထဲက ဆန္ဒ။ ဒီတော့ ကျွန်တော်မှာ ရွေးစရာ ၂ ခုပဲရှိတယ်။
ဒီပတ်ဝန်းကျင်ကို ပြောင်းမလား။ ကျွန်တော် ဘ၀ကို ပြောင်းမလား။
ကျွန်တော့်ဘ၀ ကို ပြောင်းရတော့မယ်။
ကျွန်တော် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အောင်မြင်မူတွေ ထားရစ်ခဲ့ရမယ်။
ဒိုးတူပေါင်ဖက် ကြီးပြင်းခဲ့ရတဲ့ သူငယ်ချင်းတွေကို စွန့် ခွာရတော့မယ်။
ကျွန်တော် လုပ်ဝံ့သလား။ ဒီမေးခွန်းကို ကျွန်တော်ကိုယ့်ကျွန်တော်မေးနေခဲ့တာ နှစ်အနည်းငယ်ကြာခဲ့တယ်။
ဒါတွေကို ရပ်တန့် ဖို့  ကျွန်တော်မှာ သတ္တိရှိလား။
ကျွန်တော်ကို တွန်းအားတွေ အများကြီးပေးလာခဲ့တယ်။
ကိုယ့်လူမျိုးကိုးကွယ်တဲ့ ကိုယ့်သံဃာကို ကိုယ်လူမျိုးကပဲ ပြန်သတ်တာ။
လူမိုက်တွေ လွှမ်းမိုးပြီး။ဆရာကောင်း၊သမားကောင်းတွေ ကျွန်တော့်ပတ်ဝန်းကျင်ကနေ ပျောက်ကွယ်သွားတာ – ဒါတွေက တွန်းအားတွေပဲ။
ကျွန်တော်ကို သတ္တိတွေပေးခဲ့တာ – သူငယ်ချင်းတွေ။ သူတို့ တွေက မင်းဘ၀ကို အသစ်ပြန်စတဲ့။
အားလုံး၊ အားလုံး ကို ထားခဲ့ပြီး – ဘ၀ကို စလုံးရေ စရတော့မယ်။
ကျွန်တော် ရန်ကုန်က ထွက်ခွာခဲ့တဲ့  ညနေကမိုးလေးဖွဲဖွဲရွာနေတယ်။
ကျွန်တော် ဦးတည်ခဲ့တာ မလေးရှား။
ကျွန်တော် စီးခဲ့တဲ့ လေယာဉ်ပျံထဲမှာ မြန်မာတွေချည်းပဲ။ သြော် သူတို့ လဲ ကျွန်တော့်လို ဘ၀ အဟောင်းကို ထားပြီး ဘ၀ အသစ်ကို စတော့မယ့် သူတွေပါလား။
ကျွန်တော်တို့ တွေ ရင်တွေခုန်နေတာ လေယာဉ်အင်ဂျင်စက်နဲ့ အလားပါပဲ။
ကျွန်တော် ဘေးနားက မြန်မာတစ်ယောက်ဆို -ရင်ခုန်နေလွန်းလို့ ဘဲလား -မသိဘူး။
လေယာဉ်မယ်လာချပေးတဲ့ ကော်ဖီကို ဘယ်လို သောက်ရမှန်းမသိဘူး။  နို့ ခွက်။ သကြားထုပ်၊ ကော်ဖီခွက် ဒါတွေအားလုံးဟာ သူအတွက် ပထမဆုံး စိမ်ခေါ်မှုပေပဲလား။
ကျွန်တော်ကို ကြည့်နေတယ်။ ကျွန်တော် သူ့ ကို အသေအချာ ကော်ဖီဖျော်ပေးလိုက်ပါတယ်။
နောက်မှ သူဘယ်ကလဲလို့ မေးတော့- မကွေးတိုင်းက ရွာတစ်ရွာကတဲ့။ ကျွန်တော် အံသြသွားခဲ့တယ်။
ဒီလူ ဒီကော်ဖီကိုတောင် ဘယ်လိုဖျော်သောက်ရမှန်းမသိတာ။ တိုင်းတပါးမှာ သူများဘာသာစကားကြားမှာ သူဘယ်လို ရပ်တည်မလဲ။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီး သူ့ ဘ၀ ကို သူစတင်ခဲ့ပြီ။
သူတို့ ကျွန်တော်တို့ ကျော်ဖြတ်ရမယ့် ခရီးအရှည်ကြီးရှိသေးတယ်။ အခုမှ စလုံးစခါစ ရှိပါသေးလား။
လေယာဉ်ပျံကြီး မြေပေါ်မဆင်းခင် ခပ်နိမ့်နိမ့်ပျံနေတော့ – ညအမှောင်အောက် တိုင်းတပါးရဲ့ ညရှုခင်းကို ကျွန်တော် မြန်မာတွေအားလုံး ပြတင်ပေါက်ကနေ ကြည့်မိတဲ့အခါ – အားလုံးသော မြန်မာတွေ တစ်သံတည်း ရေရွက်မိခဲ့တယ် – “မီးတွေထိန် နေတာပဲ” တဲ့။ ဟုတ်ပါ့ဗျာ KL မြို့ ကြီးက လျှပ်စစ်မီးတွေထိန်နေတာပဲ။
ဒီလို လျှပ်စစ်မီးတွေ ထိန်နေတဲ့ မြို့ မှာ ဘ၀ ကို စလုံးရေစဖို့ - ကျွန်တော်အထုပ်ဆွဲပြီး လေယာဉ်ပျံပေါ်က ဆင်းခဲ့တယ်။
ကျွန်တော်အတွက် စိမ်ခေါ်မှုက အခုကစတာပါပဲ။
လေယာဉ်ပျံကွင်းက အကျယ်ကြီးဗျာ။ လူတွေကလည်း အများကြီး။ ကျွန်တော် ဘယ်သွားရမှန်းမသိဘူး။
ကျွန်တော် ဟိုဖက်သွားလိုက် ။ဒီဖက်သွားလိုက်နဲ့ အေးစိမ့်နေတဲ့ လေယာဉ်ကွင်းမှာ ချွေးပြန်လာခဲ့ပြီ။
ကျွန်တော်ကံကောင်းပါသည်။ ကျွန်တော်ကို ပထမဆုံးကူညီခဲ့တဲ့သူက လေယာဉ်ပျံပေါ်မှာ ကျွန်တော် ဘေးမှာထိုင်ခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်ပါပဲ။
ကျွန်တော့်ကို Immigration နေရာ ပြပေးတယ်။ ကျွန်တော် Immigration Officer နဲ့ တွေ့ နေစဉ် – ခပ်လှမ်းလှမ်းမှာ စောင့်နေပေးတယ်။
ကျွန်တော့်ကို လေဆိပ် ကားငှားပေးတဲ့ နေရာကို လိုက်ပို့ ပေးတယ်။ ကျွန်တော် သူ့ ကို အရမ်းကျေးဇူးတင်ပါသည်။
လေဆိပ်မှာ ကားငှားရတာ အလွန်အဆင်ပြေပါသည်။ ကျွန်တော်သွားမယ့်လိပ်စာကို ပြလိုက်သည်။
သူတို့ က ကားစီစဉ်ပေးသည်။ သူတို့ ကို ကားခ ပိုက်ဆံပေးရသည်။
လေဆိပ်ကနေ ကျွန်တော်သွားမယ့်နေရာကို တော်တော် သွားရသည်။
Taxi ကားက လည်းကောင်းပါ့။ ရန်ကုန်က ကိုယ်ပိုင်ကားထက် ၁၀ဆ သာသည်။ အမွှေးရနံ့ ကောင်းသည်။ Air Con အေးသည်။ ကူရှင်ကောင်းသည်။
ကားခကတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် 25000 ကျပ်လောက်ကုန်သွားသည်။
ကျွန်တော့်ဘ၀ ကို ဒီည၊ ဒီနေရာကနေ စလုံးရေ စခဲ့ပါပြီ။
http://clementi320.wordpress.com/2010/05/29/begin_a_new_life-1/