ချောမောလှပသောအမျိုးသမီးအိမ်သို့ ဧည့်သည်တစ်ဦးလာသည်။
ဧည့်ခန်းထဲတွင် ပြာများကို အိုးတစ်လုံးနှင့်ထည့်ထားသည်ကိုတွေ့ရသည်။
ဧည့်သည် ။ ။ ဒါက ဘာတွေတုန်းဗျ။
အမျိုးသမီး။ ။ ဒါ ကျွန်မယောက်ျားရဲ့ ပြာတွေပါ။
ဧည့်သည်။ ။ သြော်… ခင်ဗျားက အမျိုးသားကို တော်တော်ချစ်ပုံရတယ်နော်၊ ဒါထက် သူဆုံးတာ ဘယ်လောက်ကြာပြီလဲဗျာ။
အမျိုးသမီး ။ ။ သူမဆုံးသေးပါဘူးရှင့်။ အခုအပြင်သွားနေတာပါ။ ဒါ သူသောက်ထားတဲ့ ဆေးလိပ်ပြာတွေလေ။ သူက ဆေးလိပ်ခွက်ထယူရမှာ သိပ်ပျင်းတာရှင့်။