Category Archives: ဗဟုသုတ

သဲရေစစ်ပုံး ပြုလုပ်နည်း

မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် ပစ္စည်းအထွေအထူးမလိုအပ်ဘဲ သန့် စင်သောရေရရှိဖို့ အတွက် သဲရေစစ်ပုံး ပြုလုပ်နည်းကို တင်ပြလိုက်ပါတယ်။ ရေအသက်တစ်မနက် ဟုစကားရှိသည်နှင့် အညီ
သန့် စင်သောရေကို ရရှိမှ ကျန်းမာစွာရှင်သန်နိုင်မည် မဟုတ်ပါလား

sand filter for pure water

download here and print

ကိုယ့်နီးစပ်ရာ ကူညီရှင်းပင်းကြပါ။

မုန်တိုင်းကတော့ တစ်ကြိမ်ဝင်မွှေခဲ့ပေမယ့် အခက်ပွေနေတာ လူတစ်သိန်းကျော်ပါ။
နိုင်ငံရပ်ခြားက အကူအညီတာပေးနေတာလည်း ကောင်းပါတယ်။ သူများရဲ့အကူအညီ ကိုယ်ဆီရောက်လာဖို့ ဆိုတာ လက်ရှိအနေအထားနဲ့ …. . .။
ကိုယ်ကိုယ်ကို ကူညီတာပိုလို့ ကောင်းပါတယ်။
ဒီတော့လက်လှမ်းမီရာ စုစည်းတင်ပြလိုက်ပါတယ်။
ကိုယ့်နီးစပ်ရာ ကိုယ်စွမ်းသလောက် ဥာဏ်လေးကူလို ကူညီရှင်းပင်းကြပါ။
ဒုက္ခရောက်သူကို ပစ်ပယ်မထားကောင်းပါဘူး။

ဒုက္ခရောက်သူကို စာနာကူညီပေးခြင်းသည် လူပီသသောလူတစ်ယောက်၏ အကျင့်စရိုက်ပါ။

အစားအသောက် ပေးလှူလိုသည်ဆိုလျင်

  • ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
    လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
  • ကယ်လိုရီနှင့် ပရိုတိန်း များများပါသော အစားအစာများ
  • ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
  • ဥပမာပေးထားသည့် အစားအစာများမှာ – စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင်များစွာပါသော အစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွပ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှု လျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုး ဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။

ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။

  • စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ချေဖျက်ရန် ရေဓာတ်များစွာ လိုအပ်ပါသည်။
  • ပုလင်းသွတ်ထားသည့် အစားအစာများ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်။)
    အစေ့မှရသည့် အစားအစာများ (ဆန်နှင့်ပဲအစရှိသည်)
  • သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများအနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။

အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

  • နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။ အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
  • အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
  • ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
  • ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
  • လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။
    ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ရေသန့်ဆေးသုံးနည်း

  • ရေသန့်ဆေးပြား၊ ကလိုရင်း ကို သုံးတဲ့အခါ ဆေးဗူးမှာပါလာတဲ့ ညွှန်ကြားချက်အရ သုံးစွဲပါ။
  • အိုင်အိုဒင်းကို သုံးလျှင်တော့ ရေသန့်ဗူးတစ်ဗူးစာကို ၅ စက်၊ ရေတစ်ဂါလံစာကို ၂၅စက်၊ ရေသန့်ဗူးကြီး တစ်ဗူးစာကို အစက်၁၀၀ ထည့်ရပါမယ်။ ဆေးထည့်ပြီး မိနစ်၃၀(နာရီဝက်)ကြာမှ အဲဒီရေကို သောက်သုံးရ ပါမယ်။
    ရေမကြည်ရင် နှစ်ဆ ထည့်ရပါမယ်။
  • အိုင်အိုဒင်းရေသန့်ကို ရက်သတ္တသုံးပတ်ထက်ပိုပြီး စွဲမသောက်သင့်ပါ။ ဒါပေမဲ့ ရေသန့်မရနိုင်သေးတဲ့အခါ မှာတော့ အိုင်အိုဒင်းရေကိုသာ ဆက်သောက်နေသင့်ပါတယ်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံး အောက်ပါပစ္စည်းများ လိုအပ်ပါသည်။

  • အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
  • ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
  • ကလိုရင်း ဆေးရည်
  • ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
  • အိမ်သာသုံးစက္ကူ
  • အိမ်သာဘယ်လိုဆောက်မလဲ – ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ်အိတ် ခံကာ အခင်းသွားပါ။ အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံး အပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ်ပါသည်။

ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ -

  • အရက်ပျံနှင့် ပွတ်သပ်သန့်စင်ခြင်း
  • အရက်ပျံပါသည့်လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
  • ရေပတ်တိုက်ခြင်း
  • Towelette များ အသုံးပြုသန့်စင်ခြင်း
  • မျက်နှာလိမ်းသည့်ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
  • စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်းရေချိုးခြင်း တို့ဖြစ်သည်။

ကူညီစောင့်ရှောင်ခြင်းဆိုသည်မှာ အစားအစာ ပစ္စည်းလှူမှ မဟုတ်ပါဘူး။ ဒုက္ခခံစားနေသူများအား စာနာနှင့်သိမ့်ပေးခြင်း၊ မျှော်လင့်ချက်တွေသူတို့ ဆီမှာ မွေးဖွားလာအောင်လက်ကမ်းကြိုဆိုခြင်း အစရှိသည့် အားပေးခြင်းသည်လည်း ထိရောက်သော ကူညီစောင့်ရှောင်ခြင်းပါ။

လူတစ်ယောက်တွင် စိတ်ဓာတ်သည် အလွန်အရေးကြီးသော အင်အားတစ်ခုဖြစ်သည်။
စိတ်ဓာတ်တက်ကြွနေလျှင် ဘယ်လောက်ပင် ဒုက္ခရောက်ရောက် အင်အားမပျောက်ပါ။
သူတို့ တွေကိုဘယ်လိုနေ၊ဘယ်လိုစား၊ဘယ်လို ဘ၀ကိုပြန်လည်တည်ဆောက်ရမလဲ- ရင်းနှီးစွာတဖွဖွပြောဆိုပေးပါ။
ထမင်းတစ်နပ်ပေးပြီးတာနဲ့ ရပ်မနေကြပါနဲ့ ။ သူတို့ တွေ၏စိတ်ဓာတ်တွေကို -အထူးသဖြင့် ငယ်ရွယ်နုနယ်သော ကလေးများ၊ ဆယ်ကျော်သက်များ ကို စိတ်ဓာတ်အင်အားတွေပေးပါ။ သူတို့ တွေ အလုပ်လုပ်နိုင်လျှင် ကြီးမားသော အင်အားတွေ ဖြစ်လာမှာပါ။

ထမင်းလည်းကျွေးသလို ၊ စိတ်ဓာတ်လည်းပေးပါ။
အ၀တ်လည်းပေးသလို၊ လုံခြုံမှုလည်းပေးပါ။

နေစရာမရှိပေမယ့်သူတို့ တွေဆီမှာ မျှော်လင့်ချက် ပန်းတိုင် ရှိနေအောင် ကျိုးစားပေးကြပါ။

တစ်ဆင့်တစ်ဆင့် ကူးယူဖော်ပြပေးပါ။ စာအုပ်ငယ်များပြုလုပ်ပြီး မုန်တိုင်းဒဏ်ခံ ဒေသအတွင်း ဖြန့်ချီပေးနိုင်သည် အထိ ကူညီပေးပါ။

Beauty of Mathematics

Beauty of Mathematics !!!!!!!

1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321

1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111

9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888

Brilliant, isn’t it?

And look at this symmetry:

1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321

 

Now, take a look at this…

101%

From a strictly mathematical viewpoint:

What Equals 100%?

What does it mean to give MORE than 100%?

Ever wonder about those people who say they are giving more than 100%?

We have all been in situations where someone wants you to

GIVE OVER 100%.

How about ACHIEVING 101%?

What equals 100% in life?

Here’s a little mathematical formula that might help answer these questions:

If:

A B C D E F G H I J K L M N O P Q R S T U V W X Y Z

Is represented as:

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26

If:

H-A-R-D-W-O- R- K

8+1+18+4+23+ 15+18+11 = 98%

And:

K-N-O-W-L-E- D-G-E

11+14+15+23+ 12+5+4+7+ 5 = 96%

But:

A-T-T-I-T-U- D-E

1+20+20+9+20+ 21+4+5 = 100%

THEN, look how far the love of God will take you:

L-O-V-E-O-F- G-O-D

12+15+22+5+15+ 6+7+15+4 = 101%

Therefore, one can conclude with mathematical certainty that:

While Hard Work and Knowledge will get you close, and Attitude will get you there,

It’s the Love of God that will put you over the top!

It’s up to you if you share this with your friends & loved ones just the way we did..

Have a nice day and GOOD LUCK ! ! !

 

ပန်းပွင့်များ၏အဓိပ္ပာယ်

၁. ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်
၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်
၃. ခတ္တာပန်း = အားငယ်သူမို့ညှာတာပါ
၎. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်
၅. ခေါင်းလောင်းပန်း = အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်
၆. ဂန္ဓမာဖြူ = ငြိမ်းချမ်းပါစေ
၇. ဂန္ဓမာဝါ = သတိရနေမယ်
၈. ခရေပန်း = Don’t forget me
၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ
၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်
၁၁. ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းတယ်
၁၂. ဆောင်တော်ကူးပန်း = မင်းကြောင့်ကိုယ့်မှာရူးပြီ
၁၃. ဆယ့်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်း
၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်
၁၅. ဒေလီယာပန်း = မကြာခင်မှာဆုံတွေ့ကြရအောင်
၁၆. ဒန်းပန်း = ဘ၀ကိုအရှုံးမပေးပါနဲ့
၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့
၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ
၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်
၂၀. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ကိုယ်တာဝန်ယူပါတယ်
၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ
၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ
၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း
၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း
၂၅. မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း
၂၆. သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့
၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း
၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ
၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း
၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်
၃၁. ၀ိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ
၃၂. အုန်းပန်း = ကံကောင်းခြင်း

Courtesy – Win Zaw Naing

”ဤသို့ ဝေဖန်ပါသည်”

လူငယ်တွေဟာ ဆန်းသစ်တီထွင်မှုအပိုင်းမှာ အားနည်းနေတာ တွေ့ရပါတယ်။ ကိုယ်ပိုင် ဟန်၊ ကိုယ်ပိုင်မူတွေနဲ့ ဖန်တီးတဲ့သူတွေ နည်းကြတယ်။ သူများတွေရဲ့ဟန်၊ သူများ ဖန်တီးထားတာတွေနဲ့သာနာမည်ယူနေကြရင် ရေရှည်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်ဖို့ မလွယ်ဘူး။ သမိုင်းမှာ နာမည်တစ်လုံး ကျန်ရစ်ဖို့ မလွယ်ဘူး။ ဒါကြောင့် လူငယ်တွေ နာမည်တစ်လုံးနဲ့ ထင်ပေါ်ကျော်ကြားချင်သလား၊ အောင်မြင် ချင်သလား။ ဒါဆိုရင် တီထွင်ရမယ်၊ ဆန်းသစ် ရမယ်၊ ကိုယ်ပိုင်ဟန်ရှိကြရမယ်။ မရှိသေးရင် ရှိအောင်လုပ်ကြ။ ရှိဖို့ ကြိုးစားနေရင်း ဇွဲ ကောင်းကောင်းနဲ့ အပင်ပန်းခံ ကြိုးစားပြီး အောင်မြင်အောင်၊ ပြည်သူတွေ လက်ခံလာအောင် အားထုတ်ကြရမယ်။ ဒီနေ့ လူငယ်တွေ ကြိုးစားကြတယ်၊ ဒါကို လက်ခံတယ်။ ဘာကြောင့် မအောင်မြင်သလဲဆိုရင် ကိုယ်ပိုင်ဟန် မရှိ လို့ပါပဲ။ သူများစီစဉ်ထားတာကိုလိုက်ပြီးအရန်သင့်ဆွဲယူအသုံးပြုတာ မလုပ်ရဘူးလို့ မဆိုလိုပါ ဘူး။ သုံးပါ။ ဒါပေမယ့် ဒီအပေါ်မှာမသာယာဘဲ ကိုယ်ပိုင် တီထွင်ဖို့ ကြိုးစားကြရမယ်။ လူငယ်တွေ ကြိုးစားမှုနဲ့ စိတ်ဝင်စားမှုရှိကြတယ်။ ဒါပေမယ့်စိတ်အားထက်သန်မှုနဲ့ ဆန်းသစ် တီထွင်မှုအပိုင်း အတော်လေးအားနည်းကြတာတွေ့ရတယ်။ မြန်မာနိုင်ငံထွန်းကားဖို့ လူငယ် တွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် လူငယ်တွေကိုအကြံပြုချင် တာက ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ဝေဖန်သုံးသပ်ကြပါ။ ငါဟာကိုယ်ပိုင်တစ်ခုကို တီထွင်နိုင်ပြီလား။ ဒီလိုသုံးသပ်မှုမျိုးကို များများပြုလုပ်ပေးပါ။ မလုပ်ရသေးရင် ဖြစ်အောင်ကြိုးစားလုပ်ဆောင်ကြ ပါ။ ကိုယ်ပိုင်တွေတီထွင်နေပြီဆိုရင် ပြည်သူတွေလက်ခံလာအောင် ဆက်ကြိုးစားပါလို့ ပြောချင်ပါတယ်။

တယော ဦးတင်ရီ

၂၇၊ ၁၊ ၂၀၀၈ (မြန်မာ့အလင်း)