Category Archives: ကဗျာ

ခရီး

ခရီး

ဘယ်လမ်းကို ကွေ့ကွေ့
အမှားတစ်ခု၊
အမှန်တစ်ခုနဲ့
စကားတစ်ခွန်း ဒွန်တွဲပါလာတယ်။ ။

ဘယ်အရိပ် နားနား
အေးချမ်းမှုတစ်ခု၊
ပူလောင်မှုတစ်ခုနဲ့
ရေတစ်ခွက်စာ စဉ်းစားမှုပါလာတယ်။ ။

လိုချင်တဲ့လမ်း လိုချင်တဲ့ခရီးသွားဖို့
လောကလမ်းတစ်ခု၊
ငါ့ကိုယ်ပိုင်လမ်းတစ်ခုနဲ့
ပေးဆပ်ရမယ့် ၀ဋ်ကြွေးစာရင်းတွေပါလာတယ်။ ။

ခရီး…ခရီး
အဆုံးသတ်ပြီလို့ ထင်တဲ့လမ်းမှ
ချောက်၊ကမ်းပါးက
ရှေ့မှာပိတ်ကားချထားတယ်။ ။

ချွေးသီးတွေကျ၊ မြေခရတဲ့ ဒီခရီး
အဆုံးသတ် အရိပ်ကလေးတစ်ခု ပြလှည့်ပါ
မောပန်းရကျိုးနပ်ချင်လို့။ ။

ရယ်သံတွေကြား ခဏပျော်ချင်လို့။ ။

ငိုသံတွေအနားက ခဏခွာချင်လို့။ ။

သားဖြိုး

http://mypoembag.iblogger.org

ကိုသားဖြိုးရဲ့
အမှန်တရားကို တင်ပြပုံကြိုက်နှစ်သက်တယ်။
ကိုယ့်ခရီး၊ကိုယ်လမ်း ကိုယ်မေ့သလောက်
သူကတော့ အကောင်းဆုံးလက်တို့ ပေးပြန်တယ်။

ချစ်သူရင်ခွင်


ဘယ်ဆီကို ဘယ်လိုမှန်းပါလို့ 
လွမ်းမိတဲ့ စိတ်အစဉ်
တူနေစဉ် ဟို အချိန်တုန်းရယ် က
လွမ်းအတိတ် သခင်….
သည်းညှာနှ မခိုင်တခိုင်တွင်
လွမ်းကဗျာစု ဝေလွင်စေတော့
ကျွမ်းသည့်ရင် နေဆယ်စင်း
ထွန်းပြိုင်သည်ထင်…
လွမ်းရသူ့ စိတ်အစဉ်
ကျွမ်းမြေ့အောင် စိတ်ပင်ပန်းရဲ့ 
“အရိပ်ဝင် ခဏနားသူ” ရယ်လို့ လဲ
စိတ်တွင်အမျက်မထားနိုင်ဘဲ
မြဲအစဉ်ကြည်ဖြူချင်….
တူပြန်လည်တွေ့ ဆုံနိုးနဲ့ 
ခွင့်လွှတ်အစဉ် မျှော်လင့်ခြင်းတွေနဲ့ 
ချစ်သူရင်ခွင်…
သြော် ချစ်သူရင်ခွင်……။


ခင်လေးနော်

ကချေသည်ရဲ့ ဆန္ဒ …

 

… လုပ်လိုက်ပေါ့
ဇာတ်ဆရာရယ်…
ကျွန်မက “ကချေသည်” ပဲ…
ရှင် ထားတဲ့နေရာမှာ
ရှင် ခိုင်းတဲ့ဇာတ်ရုပ်က
ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့
ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို
ရယ်ဆိုရယ်
ပြုံးဆိုပြုံး
ငိုဆိုငို
အပိုအလို မရှိစေရပါဘူး … ။
ဒါပေမယ့်
ကျွန်မက ပညာသည်လေ …
ခဏလှအောင်
က နေရပေမယ့် …
ဘ၀ မကျအောင်တော့
(တတ်စွမ်းသမျှ)
ချပြ ချင်သေးတယ်…။ ။

ရေးသူ-မသိ

မင်းကိုပဲချစ်တယ်။

မြစ်ကပင်လယ်ဆီကို

အသေအချာ စီးဆင်းသလို. . .

အချစ်ရေ

တို့ အချစ်ကလဲ အဲဒီလိုပါပဲ။

တခြားဘယ်မှမသွားဘူး-

မင်းဆီကို ပဲသွား တယ်။

တခြားဘယ်သူကိုမှမချစ် -

မင်းကိုပဲချစ်တယ်။

 

မင်းနဲ့ အတူ ရင်ဆိုင်ပေးဦးမှာ

သူငယ်ချင်းတွေက အဝေးကြီးမှာ
သူတို့ ပြောခဲ့တာ
အားပေးစကားတစ်ခွန်းစီပါ။
ဘာပဲဖြစ်ဖြစ်
အကောင်းဆုံးပဲဖန်းတီးပါ။
မနက်ဖြန်မှာ
မင်းဆီကို
အကောင်းဆုံး အရာတွေ ပြန်ရောက်လာမှာပါ။
ငိုမနေနဲ့ -
ရပ်မနေနဲ့ -
ငါတို့ ဟာ မင်းနဲ့ အတူရပ်တည်ပေးမှာပါ။
ငါတို့ ဟာ အဝေးကြီးမှာ
ဒါပေမဲ့ကွာ
မင်းအနားမှာ ငယ်ငယ်တုန်းကလို ရှိနေမှာ
မင်းနဲ့ အတူ
မင်းနဲ့ အတူ
ရင်ဆိုင်ပေးဦးမှာ။

koKTH

အမှတ်တမဲ့

အမှတ်တမဲ့ ငါ့ကို

၇င်ခုန်အောင်လုပ်ခဲ့သလ်ုပဲ

အမှတ်တမဲ့ ငါ့ကို

မင်းပြန်ချစ်ခဲ့တယ်

အမှတ်တမဲ့ ငါ့ကို

မင်းမုန်းသွားခဲ့တယ်

အခုတော့ငါ့မှာ

မှတ်တမဲ့တွေကို ပေါင်းပြီး

အမှတ်တ၇ အဖြစ်နဲ့

မင်းမရှိတဲ့ ဘ၀ကို

အလွမ်းဆန်ဆန် ကျော်ဖြတ်နေ၇ပြီ

ရေးသူ-မသိ