Category Archives: ချစ်ခြင်းအနုပညာ

ချစ်သူ့ဂီတ

နှစ်သက်သော အချစ်သီချင်းစာသား

Lover’s Concerto

 

How gentle is the rain
That falls softly on the meadow
Birds high up in the trees
Serenade the clouds with their melody
Oh! See there beyond the hills
The bright colors of the rainbow
Some magic from above
Made this day for us
Just to fall in love
You hold me in your arms
And say once again you love me
And if your love is true
Everything will be just as wonderful
Now, I belong to you
From this day until forever
Just love me tenderly
And I’ll give to you
Every part of me
Oh! Don’t ever make me cry
Through long lonely nights without love
Be always true to me
Keep this day in your heart eternally
You hold me in your arms
And say once again you love me
And if your love is true
Everything will be just as wonderful

 http://www.fileden.com/files/2008/2/4/1739086/songs/lover_concerto.mp3


ချစ်သူ့ဂီတ


ညင်သာမိုးဖွဲ ကျဆင်းမြက်ပြင်
ငှက်ငယ်လေအား ပင်ယံထက်ဝယ်
ညဥ့်ယံလွမ်းချင်း သီဆိုကျူးရင့် …

တောင်ကုန်းကျော်လွန် လှမ်းမျှော်ကြည့်က
သက်တန့်ယှက်(လျှက်)ဖြာ ချစ်သူတို့အတွက်
မှော်အတတ်ဖြင့် နေ့သစ်မွေးဖွား …

ယုယပိုက်ထွေး ချစ်ခွန်းထပ်မံ
သီဆိုပါက အရာအားလုံး
ချစ်ခြင်းတို့ဖြင့် ပြီးပြည့်စုံစေ …

ယနေ့မှစ ထာဝရကြင်နာ
ပိုင်ဆိုင်မှုဖြင့် အလိုရှိသမျှ
ပေးချင်လှ၏ …

အချစ်မရှိ အထီးကျန်ညဖြင့်
အငိုမပေး သစ္စာရှိစွာ
နှလုံးသားမှာ ယနေ့ကိုဖြင့်
ထာဝရရင်တွင်း တည်နေမင်း …

ယုယပိုက်ထွေး ချစ်ခွန်းထပ်မံ
သီဆိုပါက အရာအားလုံး
ချစ်ခြင်းတို့ဖြင့် ပြည့်စေမင်း …

ကဗျာအဖြစ် ဖွဲ့ ဆိုပေးသော သူငယ်ချင်း သိမ့် အား ကျေးဇူးတင်လျှက်

KoKTH

ချစ်ခြင်းအနုပညာ-(၁)

# ချစ်တာဟာ
အနုပညာ(အတတ်ပညာ) တစ်ခုလား။
ဒါမှမဟုတ်
အလိုအလျောက်ပေါ်လာတဲ့ ပကတိစိတ်မျိုးလား။

#အနုပညာဆိုတာ ဘာလဲ-
ကျွန်တော်ကတော့ အနုပညာဆိုတာ
“ ပကတိရိုးရှင်းစွာရှိသော စိတ်ခံစားမှု
(ပျော်ရွင်ခြင်း၊ကျေနပ်ခြင်း၊၀မ်းနည်းခြင်း)
တို့ ကို အတတ်ပညာတစ်ခုဖြင့်
ဖန်တီးဖော်ပြခြင်း ” ဟုနားလည်ထားပါသည်။

# ချစ်တာမှာလည်း
အနှပညာရှိတယ်လို့ လက်ခံထားပါသည်။

# ဖန်တီးမှု တစ်စုံတစ်ရာမရှိပါပဲ
ချစ်တယ် ဟု သက်သေထူလျှင်
ဘယ်သူယုံမည်နည်း။

# “သူ့ ကိုချစ်ရမလား” လို့ 
မေးခွန်းထုတ်ဖို့ တော့ မသင့်ပါဘူး။
ချစ်တယ် မချစ်ဘူးဆိုတာ
မေးခွန်းထုတ်ဖို့  မလိုဘဲ
ကိုယ်ရင်ထဲမှာအလိုလိုသိရမယ့်ကိစ္စဖြစ်ပါတယ်။

# အချစ်ဟာ
သဘာဝ အလျောက်
အလိုလို မွေးဖွားလာခြင်းဖြစ်ပါတယ်။
ချစ်ခြင်းအနုပညာကို
နောက်မှ လေ့ကျင့်ယူရတာပါ။


ဆက်လက်ရေးသားပါမည်။
KoKTH

ချစ်သူရင်ခွင်


ဘယ်ဆီကို ဘယ်လိုမှန်းပါလို့ 
လွမ်းမိတဲ့ စိတ်အစဉ်
တူနေစဉ် ဟို အချိန်တုန်းရယ် က
လွမ်းအတိတ် သခင်….
သည်းညှာနှ မခိုင်တခိုင်တွင်
လွမ်းကဗျာစု ဝေလွင်စေတော့
ကျွမ်းသည့်ရင် နေဆယ်စင်း
ထွန်းပြိုင်သည်ထင်…
လွမ်းရသူ့ စိတ်အစဉ်
ကျွမ်းမြေ့အောင် စိတ်ပင်ပန်းရဲ့ 
“အရိပ်ဝင် ခဏနားသူ” ရယ်လို့ လဲ
စိတ်တွင်အမျက်မထားနိုင်ဘဲ
မြဲအစဉ်ကြည်ဖြူချင်….
တူပြန်လည်တွေ့ ဆုံနိုးနဲ့ 
ခွင့်လွှတ်အစဉ် မျှော်လင့်ခြင်းတွေနဲ့ 
ချစ်သူရင်ခွင်…
သြော် ချစ်သူရင်ခွင်……။


ခင်လေးနော်

ချစ်သူအတွက် ချစ်လက်ဆောင်


# ပန်းပင်တွေဟာ သူအချိန်ရောက်လာတာနဲ့ ဖူးပွင့်လာပြီး
အသွေးအရောင်တွေ တောက်ပလာတယ်။
ဒါဟာ အလကားပွင့်လာတာ မဟုတ်ဘူး။
သူတို့ ဆီကို ပန်းဝတ်မှုန်တွေ ယူခဲ့ကြပါတော့လို့ 
ပိုးမွှားကလေးတွေကို အချက်ပေးလိုက်တာ။


# ညမှာ ပိုးစုန်းကြူးတွေ ပိုးစိမ်းကောင်ကလေးတွေဟာ
တလက်လက်တောက်ပနေကြတယ်။
ဒါဟာအကြောင်းမဲ့ လင်းလက်နေကြတာ မဟုတ်ဘူး။
သူတို့ ဟာ အချစ်အတွက် အဆင်သင့် ဖြစ်နေကြပြီလို့ 
သူတို့ အချင်းချင်းကို အချက်ပြလိုက်တာ။


# တချို့ ငှက်ကလေးတွေဆိုရင်
သူတို့ ငှက်မတွေ သဘောကျအောင်
ရေထဲငုပ်သွားပြီး
ရေထဲက မှော်ပင်ကလေးတွေကို ကိုက်ချီပြတတ်ကြတယ်။


# ချစ်သူကို လက်ဆောင်ပေးခြင်းဟာ
သူ့ မှာ စွမ်းအားသတတ္တိဘယ်လောက်ရှိကြောင်းကို
ပြတဲ့သဘော ဖြစ်တယ်။


# ရေခဲငှက်နဲ့ တင်ကျီးဟာ
လှပတဲ့ ခဲလုံးကလေးတွေကို ကောက်ပြီး
သူငှက်မကို လက်ဆောင်ပေးတယ်။


# ငှက်ရွှေဝါဟာ
သစ်ကိုင်းကလေးတွေ သစ်ရွက်ကလေးတွေကို ကိုက်ချီပြီး
သူ့ ငှက်မကို လက်ဆောင်ပေးတယ်။


# ကောင်လေးက
အမျိုးသမီး အလှအပစ္စည်းဆိုင်ထဲမှာ
သူ့ ကောင်မလေး နှစ်သက်မယ့် အလှအပ ပစ္စည်းကိုရွေးချယ်ရင်း
ရင်ခုန်နေတယ်


# ကောင်မလေးက
အမျိုးသား အသုံးအဆောင်ပစ္စည်းဆိုင်ထဲမှာ
သူ့ ကောင်လေး အတွက် ရှပ်အင်္ကျီ သို့  နာရီ ရွေးချယ်ရင်း
ရင်ခုန်နေတယ်။


# ကောင်လေးက
သူပေးထားတဲ့ အလှအပလက်ဆောင်ဆင်မြန်းထားတဲ့ သူ့ ကောင်မလေးကို
ကျေနပ်စွာ ကြည့်ရင်းနဲ့ 
လှပစွာ ပြူံးနေခဲ့တယ်။


# ကောင်းမလေးက
ရွေးချယ်ပေးထားတဲ့ ရှပ်အင်္ကျီနဲ့ လျှောက်လှမ်းလာတဲ့ သူ့ ကောင်လေးကို
ကျေနပ်စွာ ကြည့်ရင်းနဲ့ 
လှပစွာ ပြူံးနေခဲ့တယ်။့


# ချစ်သူအတွက်လက်ဆောင်ဆိုတာ
စေတနာနှင့် ဖန်တီးမှုသာ အဓိကပါ
နာရီ တစ်လုံး သို့  ဆွဲကြိုးတစ်ကုံးတစ်ကုံး မှ လက်ဆောင်မဟုတ်ပါဘူး။
သစ်ရွက်လေးတစ်ရွက်ပေါ်မှာ နာမည်လေးရေးထိုးထားခဲ့ရင်ဖြစ်စေ
အပြုံးလှလှ တစ်ပွင့်ဖြစ်စေ
“သတိရနေတယ်” ဆှိုတဲ့ စကားချိုချိုလေးဖြစ်စေ
ရင်မှဖြစ်ပေါ်လာသော အရာတိုင်းဟာ
ချစ်သူအတွက်လက်ဆောင်ပါပဲ။


# ချစ်သူအတွက်ပေးအပ်ခဲ့တဲ့ လက်ဆောင်တိုင်းကို
“ချစ်သူကျေနပ်ပါစေ။”
“ချစ်သူပျော်ရွင်ပါစေ။”
ရင်ခုန်သံနဲ့ ထုဆစ်ထားခဲ့တယ်။


# ချစ်လက်ဆောင် အပေါ်ယံ စာရွက်ကို ဖွင့်လိုက်ရင်
ပထမဦးဆုံး မြင်တွေ့ ရမှာက
“ချစ်သူအပေါ် ထားရှိတဲ့ ဂရုစိုက်မှု” လေပြေလေးပါပဲ။


# ချစ်သူရဲ့ လက်ဆောင်ကို
တန်ဖိုးထားသိမ်းဆည်းထားတဲ့အခါ
နွေးထွေးသော ရင်းနှီးမှုကို
ချစ်သူနှစ်ဦးစလုံး
ကိုယ်စီကိုယ်စီ ခံစားရသည်။


# ထိုကြောင့်
ချစ်သူအတွက် ချစ်လက်ဆောင်ကို ပေးဖြစ်အောင်ပေးပါ။
(ချစ်လက်ဆောင် ဆိုတာ –
သစ်ရွက်လေးတစ်ရွက်ပေါ်မှာ နာမည်လေးရေးထိုးထားခဲ့ရင်ဖြစ်စေ၊
“သတိရနေတယ်” ဆှိုတဲ့ စကားချိုချိုလေးဖြစ်စေ၊
အပြုံးလှလှ တစ်ပွင့်ဖြစ်စေ၊
အနမ်းတစ်ပွင့်ဖြစ်စေ၊
ပန်းတစ်ပွင့်ဖြစ်စေ၊
ရင်မှဖြစ်ပေါ်လာသော အရာတိုင်းဟာ ချစ်သူအတွက်လက်ဆောင်ပါပဲ။)

Valentine Day အမှတ်တရ
KoKTH

တရုတ်ပြည်က ချစ်ပုံပြင်

ဒီလိုဗျ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က `လီ´ ဆိုတဲ့ ၁၉ နှစ်သား တရုတ်ကလေးတစ်ယောက်က သူ့ထက် ၁၀ နှစ်ကြီးတဲ့ `ဇု´ ဆိုတဲ့ မုဆိုးမ ကလေးအမေတစ်ယောက်နဲ့ မေတ္တာမျှပါသတဲ့။

ကောင်လေးဘက်က ဘယ်လိုလုပ်သဘောတူမှာလဲဗျာ။

ဒါပေမယ့် သူတို့က မခွဲနိုင်ကြတော့ ခိုးပြေးတာဗျ။ တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ တောင်ပေါ်က ဂူကြီးတစ်ခုထဲမှာ သွားပုန်းနေကြတာ။ ဂူထဲမှာ ဘာဆို ဘာမှကို မရှိတာ။ တောထဲမှာ ရတတ်သမျှလေးတွေ ရှာဖွေစားသောက်။ ညဘက်ဆို လက်လုပ်မီးအိမ်ကလေးနဲ့ နေ့စဉ်ရက်ဆက်နေလာလိုက်ကြတာ ဘယ်လောက်ကြာသွားတယ်ထင်သလဲ.။

နှစ်ပေါင်း ၅၀ ကျော်ဗျ။ ရောက်ပြီး တစ်နှစ်ကျော်အကြာမှာ လီ က သူ့မိန်းမ တောင်အောက်ဆင်းရင် လွယ်အောင်ဆိုပြီး တောင်ဆင်းလမ်းတစ်လျှောက် လှေကားထစ်တွေ ကို လက်နဲ့ ထွင်းပေးခဲ့တာ။ အနှစ်ငါးဆယ်ကျော်ကြာပြီးတဲ့နောက် မှာ လှေကားထစ်ပေါင်း ၆၀၀၀ ကျော်ရှိနေပြီ။

၂၀၀၁ခုနှစ်မှာ ခရီးသွားအဖွဲ့တစ်ဖွဲ့ က ကံအားလျော်စွာ လှေကားထစ်တွေကို တွေ့မိရာကနေ ဒီဇာတ်လမ်းကို လူတွေသိကုန်တာ။ အဲဒီအချိန်မှာ အဖိုးကြီး `လီ`က ၇၂ နှစ် ရှိပြီး အဖွားကြီး `ဇု´က ၈၂ နှစ်ရှိပြီ။ `နှစ်ယောက်ထဲကမ္ဘာလေးမှာ အသက်ထက်ဆုံးနေထိုင် သွားကြသတဲ့´ လို့ ပုံပြင်လေးကို အဆုံးသတ်ရမယ်ထင်ပါရဲ့။ ပြီးခဲ့တဲ့ အပတ်ကပဲ အဖိုးကြီး လီ ဟာ အဖွားကြီး ဇု ရဲ့ လက်ပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားရှာပါပြီ။

သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းကို တရုတ်ပြည်ရဲ့ Top Ten ချစ်ပုံပြင်အဖြစ် Chinese Women Weekly က ရွေးပါတယ်။ တရုတ်အစိုးရက သူတို့ နေထိုင်သွားတဲ့ ဂူ ကြီးနဲ့ လှေကားထစ်ပေါင်းခြောက်ထောင်ကျော်ကို အချစ်သက်သေပြတိုက်အဖြစ် ထားရှိသွားဖို့ ဆုံးဖြတ်ပါတယ်။

တရုတ်အဖိုးကြီး လီ က တကဲ့အချစ်စစ်ဆိုတာ ဘာလဲ ဆိုတာကို လက်နဲ့ ထွင်းထာတဲ့ လှေကားထစ်ပေါင်းခြောက်ထောင်ကျော်နဲ့ ကမ္ဘာကို သက်သေပြလိုက်ပါပြီ။

ကဲ.. (Valentine Day) ဗယ်လင်တိုင်းဒေးမှာ အချစ်ကြီးချစ်ပြကြမဲ့ မောင်နှံတွေ ဘယ့်နှယ်လဲ။

ယှဉ်ရဲသလား။

မယုံရင် http://www.asianoffbeat.com/default.asp?Display=1278 မှာ သွားကြည့်ပါဗျာ။ မှတ်တမ်းဓာတ်ပုံများနဲ့တကွ တွေ့ရပါမယ်။