အိမ်စာ
ကျောင်းမှာ ငါးတန်း ကလေး တစ်ယောက်ကို သူ့ ဆရာမက  “မောင်အောင် – အိမ်စာ လုပ်ခဲ့ပြီးသွားပြီလား။ ”
ကျောင်းသားက ပြန်ဖြေတာက – “ကျွန်တော် အိမ်စာတွေ လုပ်ပြီးပြီ ဆရာမ။ ဒါပေမယ့် အိမ်စာလုပ်ထားတဲ့ စာရွက် ကို  လေယာဉ်ပျံ လုပ်လိုက်မိတယ်။”
ဆရာမ က ပြုံးတာပေါ့။ ဒါမျိုးတွေ ကြုံဖူးနေကျ။ ငါးတန်း ပဲ ရှိသေးတယ်။ ငါ့ကို လာပတ်နေတာ – ရမလား အတွေးနဲ့ ။
“ဒါဆိုတည်း ဒီလေယာဉ်ပျံကိုပဲ ယူလာပြ။”
ကျောင်းသား ပုခုံးလေးတွန့် ပြီး “ဒီလေယာဉ်ပျံကို  အကြမ်းဖက်သမားတွေ အပိုင်စီးသွားပြီ ဆရာမရဲ့”
မြန်မာဝတ္ထုများ (ebook)
မြန်မာဝတ္ထုများ
  1. မဟာသေနာပတိ (ချစ်ဦးညို)
  2. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  3. ကာလီဒေ၀ီ (အောင်ခန်.)
  4. လက်သုံးတော်ဓါး (အောင်ခန်.)
  5. နေဘုရားတော် (အောင်ခန်.)
  6. အမွေ (အောင်သင်း)
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ  (ချစ်နိုင် – စိတ်ပညာ)
  8. အနှစ်၃၀ (ချစ်နိုင် – စိတ်ပညာ)
  9. တွေးသူများ (ကိုတာ)
  10. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  11. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  12. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  13. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  14. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  15. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  16. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  17. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  18. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  19. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
  20. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  21. ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  22. ရှက်ပြုံး (ချစ်စံဝင်း)
  23. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  24. ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
  25. တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
  26. တော (လင်းဝေမြိုင်)
  27. မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
  28. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
  29. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
  30. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
  31. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
  32. သူတို.အမြင်သူတို.အတွေး (ပါရဂူ)
  33. ကလေးပြဿနာ (ပါရဂူ)
  34. သူ.လိုဘုရင် (ပါရဂူ)
  35. လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
  36. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
  37. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  38. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  39. ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
  40. တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
  41. ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
  42. ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
  43. အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
  44. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
  45. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
  46. အချစ် လက္ခဏာ (စံ-ဇာဏီဘို)
  47. အချစ် ဗေဒင် (စံ-ဇာဏီဘို)
  48. မီးပြတိုက် (ဆောင်းဝင်းလတ်)
  49. နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
  50. ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
  51. အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
  52. အဖော် (ရှား)
  53. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်မျာ (ရွှေဥဒေါင်း)
  54. မြတ်သက်မော် (ရွှေဥဒေါင်း)
  55. ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
  56. ရတနာပုံ (ရွှေဥဒေါင်း)
  57. ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
  58. အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
  59. ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
  60. လူညာကြီး (ဆွေဆွေအောင်)
  61. လွယ်အိပ်ကလေး (ဆွေဆွေအောင်)
  62. အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
  63. မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
  64. ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
  65. ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
  66. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
  67. ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
  68. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
  69. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
  70. ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
  71. ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
  72. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
  73. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
  74. ချစ်သုံးလီ (သန်းဆွေ)
  75. ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
  76. ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
  77. ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
  78. အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
  79. မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
  80. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
  81. သုခ မှတ်စု
  82. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  83. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  84. အာဇာနည် (ဦးနု)
  85. တာတေ စနေသား (ဦးနု)
  86. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
  87. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
  88. HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
  89. ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
  90. ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
  91. ယောနသံ ဇင်ယော် (ဦးဘသန်း)
  92. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
  93. ကိုဒေါင်း (မောင်ထင်)
  94. ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
  95. သွေး (ဂျာနယ်ကျော် မမလေး) ***
  96. ဂျုလိယက်ဆီဆာ (မန်းတင်)
  97. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
  98. ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
  99. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
  100. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
  101. အဟိတ်- – – ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
  102. ရတနာ လိုဏ်ဂူ (နတ်နွယ်)
  103. အတွေးအမြင်စာစဉ်
  104. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
  105. ဗေဒါလမ်း (ဇော်ဂျီ)
  106. ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
  107. မြိုင် (ဒဂုန်တာရာ)
  108. စက်ဝိုင်း (မစန္ဒာ)
  109. ငယ်သူမို.မသိပါ (မစန္ဒာ)
  110. ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
  111. ဂျီဟောသူ (မစန္ဒာ)
  112. အရိပ် (မစန္ဒာ)
  113. ၀တ္တုတိုများ ၆ (မစန္ဒာ)
  114. ပုစ္ဆာ (မစန္ဒာ)
  115. မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
  116. ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
  117. ကိုဒေါင်း (မောင်ထင်)
  118. မြန်မာ၁၂လအကြောင်း (မောင်ထင်)
  119. ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
  120. ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
  121. ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
  122. သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
  123. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
  124. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
  125. တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
  126. မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
  127. ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
  128. ပေတလူ (မင်းသိင်္ခ)
  129. ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
  130. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
  131. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
  132. မ” တတ်ပါ့” (မင်းသိင်္ခ)
  133. မအောင်ရင် (မင်းသိင်္ခ)
  134. မနောမယကိုပီတာ (မင်းသိင်္ခ)
  135. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
  136. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
  137. အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
  138. နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
  139. ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
  140. ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
  141. တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
  142. လှည့်စား (နီကိုရဲ)
  143. သံစုံကြူးတဲ့ည (နီကိုရဲ)
  144. လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
  145. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
  146. ဇွတ် (နီကိုရဲ)
  147. ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
  148. ရေပွက်ပမာ (မြသန်းတင့်)
  149. ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
  150. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
  151. လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
  152. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
  153. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
  154. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
  155. မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
  156. အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
  157. ဖူးစာရှင် (မင်းလူ)
  158. အမှတ်တရ (ဂျူး)
  159. ချစ်သူ၏သမီး(ဂျူး)
  160. ရေမျောသီး(ဂျူး)
  161. လေထဲမှာပျံဝဲသူများ(ဂျူး)
  162. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  163. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
  164. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
  165. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)
  166. လရောင်ကိုကြောက်သူ(ဂျူး)
  167. ချစ်ခြင်း၏အနုပညာ(ဂျူး)
  168. မိန်းမနှစ်ယောက်(ဂျူး)
  169. မြရဲ့လ(ဂျူး)
  170. အက်ဆစ်တစ်ခွက်(ဂျူး)
  171. ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)
  172. ကျွန်မနဲ့ဆေးလိပ်(ဂျူး)
  173. ဆရာဝန်နှစ်ယောက်(ဂျူး)
  174. ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)
  175. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  176. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
  177. ရှက်စိတ် (လူထုစိန်ဝင်း)
  178. အဖြူ (ဂျာနယ်ကျော် မမလေး)
  179. အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
  180. ရှူး (တာရာမင်းဝေ)
  181. ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
  182. အပြင်ကလူ (ကြည်အေး)
  183. နွမ်းလျအိမ်ပြန် (ကြည်အေး)
  184. ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
  185. အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)
  186. သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)
  187. စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
  188. နဂါးနိုင်ဓါး
  189. စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
  190. ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)
  191. ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)
  192. ကလေးအတွေး (မင်းခိုက်စိုးစန်)
  193. သုည (မင်းခိုက်စိုးစန်)
  194. နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)
  195. လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)
  196. သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)
  197. မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
  198. မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
  199. မိန်းမလှအမုန်း (၀င်းဦး)
  200. ရွှေဝါပြည် (ရန်ကုန်ဘဆွေ)
  201. ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု (ပုညခင်)
  202. အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)
  203. ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
  204. ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
  205. ကျွန်မင်းသား (ဒဂုန်ရွှေမျှား)
  206. အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)
  207. ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)
  208. စာမရီတို့ထူးထူးခြား (ချစ်ဦးညို)
  209. ယာဇ (ချစ်ဦးညို)
  210. မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
  211. စွယ်စုံလက်ဆောင် (အကြည်တော်)
  212. မိုးတိမ်ပုံပြင် (အကြည်တော်)
  213. ဘီလူး (အကြည်တော်)
  214. (အကြည်တော်)
  215. အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
  216. ပိုးကောင်များ (အကြည်တော်)
  217. တောသားကြီး (အကြည်တော်)
  218. သံသရာအကွေ့တစ်ရာ (အကြည်တော်)
  219. သဲလှည်း (အကြည်တော်)
  220. အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
  221. ရော်ဘင်ဆင်ကရူးဆိုး (ဒဂုန်ရွှေမျှား)
  222. မှ တစ်ဆင့် (မိုးမိုးအင်းလျား)
  223. ဖြူမှောင်ဝေကင်း (မိုးမိုးအင်းလျား)
  224. ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)
  225. စိန်တစ်ပွင့် (မိုးမိုးအင်းလျား)
  226. သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)
  227. ဝေဒနာ ကြာနီပွင့် (မိုးမိုးအင်းလျား)
  228. လရဲ့အောက်ဘက်မိုင်အဝေးမှာ (ဂျူး)
  229. ကွက်လပ်ကလေးဖြည့်ပေးပါ (မစန္ဒာ)
  230. ပန်းစကား (မစန္ဒာ)
  231. ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)
  232. နတ်နေကိုင်း (အကြည်တော်)
  233. နတ်ပြည်၏နံနက်ခင်း (အကြည်တော်)
  234. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်)
ကမ္ဘာကျော်ခဲ့သော အလွဲများ
Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။
စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။
Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။
Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။
Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။
Credit : Than Htike Aung
ဟုတ်လား ၊ မဟုတ်လားတော့ သက်သေမပြနိုင်ပါ။
လူပတ်ဝန်းကျင်မှာ လွဲချော်မှုလေးတွေ၊ မထင်မှတ်တာလေးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပြောချင်တာပါ။
ကိုယ်မှာ idea လေးရလာရင် ကျိုးစားပါ။ ဘာဖြစ်လာနိုင်မလဲ ဘယ်သူမှ သေချာ တပ်အပ် မပြောနိုင်ပါဘူး။
လုပ်သင့်တာကို လုပ်ပါ။
2011 Miss Universe Leila Lopes
Leila Lopes - Miss Angola
2011 Miss Universe Leila Lopes
သူမ၏ အကြောင်း အနည်းငယ်ဖော်ပြလိုက်ပါသည်။
မွေးရပ်ဇာတိ : Angola နိုင်ငံ ၊ Benguela Province မြို့
မွေးသက္ကရာဇ် : February 26, 1986
လက်ရှိ အသက် :25
အရပ် : 1.79 m (5 ft 10 1⁄2 in)
လက်ရှိနေထိုင်သောအရပ်: United Kingdom
ပြိုင်ပွဲဝင်သော အလှမယ်များအားလုံး မေးခွန်းများစွာကို ဖြေဆိုကြရသည်။ သူမ မေးခွန်းများကို ဘယ်လို ဖြေဆိုခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။
( ပြိုင်ပွဲဝင်သူများ ကိုယ်စီကိုယ်စီ လှပကြပါသည်။ သို့ ပေမယ့်  အကဲဖြတ်ဒိုင်များ၏ မေးခွန်းများကို ဖြေဆိုတဲ့ အဖြေတွေက သီခြားစီ ထွက်လာခဲ့ပါသည်။ ထိုအဖြေများက အောင်မြင်မှု သရဖူကို ရယူပေးခဲ့တာပါ။)
Responding to questions, Lopes said that
she has never had cosmetic surgery of any kind and that her three tips for beauty were to get a lot of sleep, use sun block even when it’s not sunny and to drink lots of water.
She said her smile was her best weapon in the competition.
မြစ်ကော – မောင်စိန်ဝင်း (ပုတီးကုန်း)
မြစ်မကောအောင်လို့ 
သစ်တောတို့ စိမ်းရပေမည် …
ရေဝေတောတွေ ဆိုင်းစို့ စို့ 
… မှိုင်းညို့ ညို့ မှုန်ရီရီ …
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့ …
တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ 
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
………. စိုးကြောက်ဖွယ်အဖြစ်သဘော
………. မြစ်ကောတဲ့နေ့ ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။
အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။
ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။
ဒေါက်တာ ဦးထွန်းလွင် (မိုးလေ၀သ ပညာရှင်)
‘Save the Irrawaddy’ ဟောပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။
ဒေါက်တာဦးထွန်းလွင်ပြောခဲ့သော စကားကို ဆက်လေ့လာရအောင် -
အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက် စီးမှုတန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ မှာ အသေအပျောက်အများဆုံး မုန်တိုင်းတွေ စာရင်းတင်ထားတဲ့အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်း နား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။
မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်းဒီရေက အန္တရာယ်ပေးနိုင် တယ်ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာခဲ့ကြပါဘူး။
ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအားလျှပ်စစ်တွေ ထုတ်လုပ် ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြချင်ပါတယ်။
တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံ ကို တွေ့သွားတာပါ။
တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။
နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။
မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။
ဦးထွန်းလွင် ကို စမ်းချောင်းဂျာနယ်နှင့် ဧရာဝတီမြစ်ကိုချစ်သူများအားလုံးက ကျေးဇူးတင်ပါသည်။
ကျွန်တော်တို့  မျက်စိရှေ့ မှာတင် ကျွန်တော်တို့  မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ နာဂစ်မှာ လူပေါင်း သိန်းချီသေကြေ ပျက်စီးသွားခဲ့သည်။
အသိပညာရှင်တွေ၊ အတက်ပညာရှင် တွေ – မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ ပါ။
သေဆုံးသွားပြီးရင် ဘယ်အရာမှ၊ ဘယ်သူမှ ပြန်ရှင်မလာတော့ပါဘူး။
မသေဆုံးခင်မှာ မသေဆုံးနိုင်အောင် ကာကွယ်ရမှာ လူသားတို့ ၏ တာဝန်ပါပဲ။
တစ်လုပ်စားဖူး သူ့ ကျေးဇူးတဲ့။  မသေဆုံးခင်မှာ ကျေးဇူးဆပ်ဖို့  လိုအပ်နေပါပြီ။
စမ်းချောင်းဂျာနယ်
အောင်မြင်သော အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦး၏ စကား
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးဖိလစ်မောင်ဟာ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ်  (8-Sep- 2011) ကြာသပတေးနေ့က သမ္မတ အိုဘားမား ပြောတဲ့ စီးပွားရေးဆိုင်ရာမိန့်ခွန်းကို  လွှတ်တော်မှာ တက်ရောက် နားထောင်ခွင့်ရခဲ့ပါတယ်။
ဦးဖိလစ်မောင်ဟာ အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၂၈ ခုမှာ ဆိုင်ခွဲပေါင်း ၄၀၀ ကျော်နဲ့ ဆူရှီကုမ္ပဏီထူထောင်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ပါ။
VOA (ကိုကျော်အောင်လွင်): မြန်မာနိုင်ငံမွေးဖွားခဲ့တဲ့ ဦးဖိလစ်မောင်က အခု အမေရိကန် သမ္မတနဲ့ သမ္မတကတော်နဲ့ပါ တွေ့တယ်၊ လွှတ်တော်ထဲမှာ နမူနာ ပြရလောက်အောင်ကို အောင်မြင်တဲ့စီးပွားရေးသမား တယောက်ဖြစ်ပါတယ်။ ဆိုတော့ ကိုယ့်ရဲ့စီးပွားရေး လုပ်ငန်းတွေကို ဘယ်လောက်အထိ အောင်မြင်အောင် ဆက်လုပ်ဖို့ စိတ်ကူးတွေ ရပါသလဲ။ -
ဦးဖိလစ်မောင် “ကျနော်တို့ ကုမ္ပဏီ ဘယ်လောက် အောင်မြင်မအောင်မြင် တိုင်းတာတာကို ကျနော်တို့ ဆိုင် ဘယ်လောက်ချဲ့နိုင်သလဲ၊ ကျနော်တို့ ပိုက်ဆံ ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တော့ ကျနော်တို့ တိုင်းထွာလေ့မရှိပါဘူး။ ကျနော်တို့ ဘယ်လောက်အထိ စားဝတ်နေရေး မအောင်မြင်တယ်၊ အောင်မြင်တယ် ဆိုတာကိုကြည့်ပြီးတော့ တိုင်းတာပါတယ်။ အဲဒါကိုပဲ သမ္မတကို ကျနော်ပြောပါတယ်။ နိုင်ငံတိုးတက်တာနဲ့ ကုမ္ပဏီနဲ့ အတူတူပဲ။ ကုမ္ပဏီတခု တိုးတက်တယ်ဆိုတာ ဘယ်လောက် ပိုက်ဆံရှာနိုင်သလဲ အပေါ်မှာ မမူတည်ဘူး။ ကိုယ့်ရဲ့ ၀န်ထမ်းတွေ ဘယ်လောက် ကျနော်တို့ ကြည့်ပေးနိုင်သလဲ၊ စောင့်ရှောက်ပေးနိုင်သလဲ ဆိုတာပဲ။”
VOA (ကိုကျော်အောင်လွင်): ဦးဖိလစ်မောင်ကို အမေရိကန်က ဘီလျံနာ သူဌေးကြီးလို့ ပြောလို့ရပြီလား၊ မီလျံနာ လို့ပြောရမလား။ –
ဦးဖိလစ်မောင် : “ကျနော် အလုပ်တခု လုပ်နေတာ ပိုက်ဆံတခုတည်းကြောင့် မဟုတ်ပါဘူး။ ကျနော် အလုပ်တခုကို မပျော်တဲ့အချိန်ကျရင်တော့ ကျနော် ဒီလုပ်ငန်းမှာ လုပ်တော့မယ်မထင်ဘူး။ နောက်လူတွေကိုလည်း ကျနော့်အနေနဲ့ အကြံပေးချင်တာက အလုပ်လုပ်တယ်ဆိုရင် ပျော်လို့လုပ်တာလား။ အလုပ်ကို ပိုက်ဆံကြောင့် တခုတည်းနဲ့တော့ မလုပ်စေချင်ဘူး။ ဘ၀ဆိုတာ တိုတိုလေးပဲ။ မပျော်တော့တဲ့အချိန်ကျရင် ဒီအလုပ်ကို ဘာလို့ဆက်လုပ်မှာလဲ။”
မူရင်းကို ဖတ်လို လျှင် http://www.voanews.com/burmese/news/Burmese-Businessman-09-09-11-129568478.html
မှန်ရာကို သစ္စာဆိုပါမည်
ထွန်းထွန်း ၊ ကျော်ကျော်ဗို တို့ ရဲ့ ဟာသ ပျက်လုံး
[stream provider=video flv=x:/www.fileden.com/files/2008/2/4/1739086/sanchaung/Video/the_truth.flv img=x:/www.fileden.com/files/2008/2/4/1739086/sanchaung_logo.jpg embed=false share=false width=640 height=360 dock=true controlbar=bottom bandwidth=med autostart=false /]
မြန်မာတို့ ၏ ဧရာဝတီမြစ်
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းပိုင်ဆိုင်သော မြန်မာ တို့ ရဲ့ ဧရာဝတီ။
ဘိုးဘွားဘီဘင် လက်ထက်ကတည်းက လှပစွာ စီဆင်းနေသော ဧရာဝတီမြစ် –
နောက်ရောက်လာမည့် မျိုးဆက်သစ်တွေနှလုံးသားထဲမှာ ဧရာဝတီမြစ် လှပစွာ စီးဆင်းနိုင်ဖို့  –
01: မြင့်မိုးအောင် ၏ တင်ပြချက်
download link
02: ထူးအိမ်သင်နှင့် ဂီတမိတ်
download link
03 မြင့်မိုးအောင်၏ တင်ပြချက်
download link
04: ဇော်ဝင်းထွ​​ဋ် (မျှော်လင့်ချက် ကမ်းခြေ)
download link
05:  မြင့်မိုးအောင်၏ တင်ပြချက်
download link
06 : လေးဖြူ ( သက်ရှိမြစ်)
download link
ဧရာဝတီရဲ့ အနာဂါတ် လှပပါစေသား
စမ်းချောင်းဂျာနယ်မှ ဆုတောင်းပေးလျှက်
သွေး
နို့ တိုက်သတ္တ၀ါတို့ ၏ သွေးသည် အနီရောင်၊ အင်းဆက် ပိုးကောင်များ၏ သွေးသည် အ၀ါရောင်။ ကျောက်ပုစွန် တို့ ၏သွေးသည် အပြာရောင်။
နေ့ စဉ်နေ့ တိုင်း နှလုံးသည် သွေး ၂000 ဂါလန်ကို ပို့ လွှတ်ပေးသည်။
အမျိုးသားတို့ ၏ ခန္ဓာကိုယ်တွင် သွေး ၅.၆ လီတာ ရှိနေပြီး အမျိုးသမီးတို့ ၏ ခန္ဓာကိုယ်တွင် သွေး ၄.၅ လီတာ ရှိပါသည်။
သွေးနီဥ ၁၀၀၀ တွင် သွေးဖြူဥ ၁ ဥ ရှိနိုင်သည်။
သွေးနီဥ တစ်ဥ၏ ပျမ်းမျှ သက်တမ်းသည် ရက်ပေါင်း ၁၂၀ ဖြစ်သည်။
သွေးဖြူဥ တစ်ဥ၏ ပျမ်းမျှ သက်တမ်းသည် ရက်ပေါင်း ၃၀ ဖြစ်သည်။
ရသ၊သုတစုစည်းမှု