All posts by freebird

Disable USB AutoPlay

USB မှ ၀င်ရောက်လာနိုင်သော Virus ကို တားဆီးနိုင်ရန် ။Windows XP တွင် CDROM / USB memory stick တို့ အတွက် Auto Run ထည့်သွင်းပေးထားသည်။ Virus အတော်များများသည် Auto Run feature ကို အသုံးပြု၍ အလုပ်လုပ်ကြသည်။ထိုကြောင့် Auto Run feature ကို ပိတ်ထားနိုင်ပါက Virus အန္တရာယ်မှ အနည်းငယ်တော့ စိတ်အေးသွားရမည်။Download Program Here Program ကို install လုပ်ပြီးလျှင် Tweak UI program ကို Run ပါ။

My Computer ==> AutoPlay;
Types

Disable USB autoPlay

Do not check the “ Enable Autoplay for CD and DVD driver”
Do not check the “ Enable Autoplay for removable drives”

အမှား(၁)+အမှား(၂)

အမှား(၁)

တစ်ခါမှားမိရင်ပဲ
ပေးဆပ်ရတဲ့ အကြွေးက
တိုး ရင်း ပေါင်း
များလှပါတယ်။

ပေးဆပ်လို့ 
မရနိုင်တဲ့
အမှားမျိုးကတော့
အဆိုးဆုံးပါပဲ။


အမှား(၂)

“မမှားသော ရှေ့ နေ
မသေသော ဆေးသမား”တဲ့
ဒီဖြေဆေးဟာ
ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။

မမှားတာ
အကောင်းဆုံးပဲ။

KoKTH

ချစ်ခြင်းအနုပညာ-(၁)

# ချစ်တာဟာ
အနုပညာ(အတတ်ပညာ) တစ်ခုလား။
ဒါမှမဟုတ်
အလိုအလျောက်ပေါ်လာတဲ့ ပကတိစိတ်မျိုးလား။

#အနုပညာဆိုတာ ဘာလဲ-
ကျွန်တော်ကတော့ အနုပညာဆိုတာ
“ ပကတိရိုးရှင်းစွာရှိသော စိတ်ခံစားမှု
(ပျော်ရွင်ခြင်း၊ကျေနပ်ခြင်း၊၀မ်းနည်းခြင်း)
တို့ ကို အတတ်ပညာတစ်ခုဖြင့်
ဖန်တီးဖော်ပြခြင်း ” ဟုနားလည်ထားပါသည်။

# ချစ်တာမှာလည်း
အနှပညာရှိတယ်လို့ လက်ခံထားပါသည်။

# ဖန်တီးမှု တစ်စုံတစ်ရာမရှိပါပဲ
ချစ်တယ် ဟု သက်သေထူလျှင်
ဘယ်သူယုံမည်နည်း။

# “သူ့ ကိုချစ်ရမလား” လို့ 
မေးခွန်းထုတ်ဖို့ တော့ မသင့်ပါဘူး။
ချစ်တယ် မချစ်ဘူးဆိုတာ
မေးခွန်းထုတ်ဖို့  မလိုဘဲ
ကိုယ်ရင်ထဲမှာအလိုလိုသိရမယ့်ကိစ္စဖြစ်ပါတယ်။

# အချစ်ဟာ
သဘာဝ အလျောက်
အလိုလို မွေးဖွားလာခြင်းဖြစ်ပါတယ်။
ချစ်ခြင်းအနုပညာကို
နောက်မှ လေ့ကျင့်ယူရတာပါ။


ဆက်လက်ရေးသားပါမည်။
KoKTH

ချစ်သူရင်ခွင်


ဘယ်ဆီကို ဘယ်လိုမှန်းပါလို့ 
လွမ်းမိတဲ့ စိတ်အစဉ်
တူနေစဉ် ဟို အချိန်တုန်းရယ် က
လွမ်းအတိတ် သခင်….
သည်းညှာနှ မခိုင်တခိုင်တွင်
လွမ်းကဗျာစု ဝေလွင်စေတော့
ကျွမ်းသည့်ရင် နေဆယ်စင်း
ထွန်းပြိုင်သည်ထင်…
လွမ်းရသူ့ စိတ်အစဉ်
ကျွမ်းမြေ့အောင် စိတ်ပင်ပန်းရဲ့ 
“အရိပ်ဝင် ခဏနားသူ” ရယ်လို့ လဲ
စိတ်တွင်အမျက်မထားနိုင်ဘဲ
မြဲအစဉ်ကြည်ဖြူချင်….
တူပြန်လည်တွေ့ ဆုံနိုးနဲ့ 
ခွင့်လွှတ်အစဉ် မျှော်လင့်ခြင်းတွေနဲ့ 
ချစ်သူရင်ခွင်…
သြော် ချစ်သူရင်ခွင်……။


ခင်လေးနော်

ချစ်သူအတွက် ချစ်လက်ဆောင်


# ပန်းပင်တွေဟာ သူအချိန်ရောက်လာတာနဲ့ ဖူးပွင့်လာပြီး
အသွေးအရောင်တွေ တောက်ပလာတယ်။
ဒါဟာ အလကားပွင့်လာတာ မဟုတ်ဘူး။
သူတို့ ဆီကို ပန်းဝတ်မှုန်တွေ ယူခဲ့ကြပါတော့လို့ 
ပိုးမွှားကလေးတွေကို အချက်ပေးလိုက်တာ။


# ညမှာ ပိုးစုန်းကြူးတွေ ပိုးစိမ်းကောင်ကလေးတွေဟာ
တလက်လက်တောက်ပနေကြတယ်။
ဒါဟာအကြောင်းမဲ့ လင်းလက်နေကြတာ မဟုတ်ဘူး။
သူတို့ ဟာ အချစ်အတွက် အဆင်သင့် ဖြစ်နေကြပြီလို့ 
သူတို့ အချင်းချင်းကို အချက်ပြလိုက်တာ။


# တချို့ ငှက်ကလေးတွေဆိုရင်
သူတို့ ငှက်မတွေ သဘောကျအောင်
ရေထဲငုပ်သွားပြီး
ရေထဲက မှော်ပင်ကလေးတွေကို ကိုက်ချီပြတတ်ကြတယ်။


# ချစ်သူကို လက်ဆောင်ပေးခြင်းဟာ
သူ့ မှာ စွမ်းအားသတတ္တိဘယ်လောက်ရှိကြောင်းကို
ပြတဲ့သဘော ဖြစ်တယ်။


# ရေခဲငှက်နဲ့ တင်ကျီးဟာ
လှပတဲ့ ခဲလုံးကလေးတွေကို ကောက်ပြီး
သူငှက်မကို လက်ဆောင်ပေးတယ်။


# ငှက်ရွှေဝါဟာ
သစ်ကိုင်းကလေးတွေ သစ်ရွက်ကလေးတွေကို ကိုက်ချီပြီး
သူ့ ငှက်မကို လက်ဆောင်ပေးတယ်။


# ကောင်လေးက
အမျိုးသမီး အလှအပစ္စည်းဆိုင်ထဲမှာ
သူ့ ကောင်မလေး နှစ်သက်မယ့် အလှအပ ပစ္စည်းကိုရွေးချယ်ရင်း
ရင်ခုန်နေတယ်


# ကောင်မလေးက
အမျိုးသား အသုံးအဆောင်ပစ္စည်းဆိုင်ထဲမှာ
သူ့ ကောင်လေး အတွက် ရှပ်အင်္ကျီ သို့  နာရီ ရွေးချယ်ရင်း
ရင်ခုန်နေတယ်။


# ကောင်လေးက
သူပေးထားတဲ့ အလှအပလက်ဆောင်ဆင်မြန်းထားတဲ့ သူ့ ကောင်မလေးကို
ကျေနပ်စွာ ကြည့်ရင်းနဲ့ 
လှပစွာ ပြူံးနေခဲ့တယ်။


# ကောင်းမလေးက
ရွေးချယ်ပေးထားတဲ့ ရှပ်အင်္ကျီနဲ့ လျှောက်လှမ်းလာတဲ့ သူ့ ကောင်လေးကို
ကျေနပ်စွာ ကြည့်ရင်းနဲ့ 
လှပစွာ ပြူံးနေခဲ့တယ်။့


# ချစ်သူအတွက်လက်ဆောင်ဆိုတာ
စေတနာနှင့် ဖန်တီးမှုသာ အဓိကပါ
နာရီ တစ်လုံး သို့  ဆွဲကြိုးတစ်ကုံးတစ်ကုံး မှ လက်ဆောင်မဟုတ်ပါဘူး။
သစ်ရွက်လေးတစ်ရွက်ပေါ်မှာ နာမည်လေးရေးထိုးထားခဲ့ရင်ဖြစ်စေ
အပြုံးလှလှ တစ်ပွင့်ဖြစ်စေ
“သတိရနေတယ်” ဆှိုတဲ့ စကားချိုချိုလေးဖြစ်စေ
ရင်မှဖြစ်ပေါ်လာသော အရာတိုင်းဟာ
ချစ်သူအတွက်လက်ဆောင်ပါပဲ။


# ချစ်သူအတွက်ပေးအပ်ခဲ့တဲ့ လက်ဆောင်တိုင်းကို
“ချစ်သူကျေနပ်ပါစေ။”
“ချစ်သူပျော်ရွင်ပါစေ။”
ရင်ခုန်သံနဲ့ ထုဆစ်ထားခဲ့တယ်။


# ချစ်လက်ဆောင် အပေါ်ယံ စာရွက်ကို ဖွင့်လိုက်ရင်
ပထမဦးဆုံး မြင်တွေ့ ရမှာက
“ချစ်သူအပေါ် ထားရှိတဲ့ ဂရုစိုက်မှု” လေပြေလေးပါပဲ။


# ချစ်သူရဲ့ လက်ဆောင်ကို
တန်ဖိုးထားသိမ်းဆည်းထားတဲ့အခါ
နွေးထွေးသော ရင်းနှီးမှုကို
ချစ်သူနှစ်ဦးစလုံး
ကိုယ်စီကိုယ်စီ ခံစားရသည်။


# ထိုကြောင့်
ချစ်သူအတွက် ချစ်လက်ဆောင်ကို ပေးဖြစ်အောင်ပေးပါ။
(ချစ်လက်ဆောင် ဆိုတာ –
သစ်ရွက်လေးတစ်ရွက်ပေါ်မှာ နာမည်လေးရေးထိုးထားခဲ့ရင်ဖြစ်စေ၊
“သတိရနေတယ်” ဆှိုတဲ့ စကားချိုချိုလေးဖြစ်စေ၊
အပြုံးလှလှ တစ်ပွင့်ဖြစ်စေ၊
အနမ်းတစ်ပွင့်ဖြစ်စေ၊
ပန်းတစ်ပွင့်ဖြစ်စေ၊
ရင်မှဖြစ်ပေါ်လာသော အရာတိုင်းဟာ ချစ်သူအတွက်လက်ဆောင်ပါပဲ။)

Valentine Day အမှတ်တရ
KoKTH

ဇော်ဂျီ ဖွန့် 

ဇော်ဂျီ Version အသစ် http://Zawgyi.net မှ ဆွဲယူနိုင်ပါပြီ

ဇော်ဂျီမြန်မာယူနီကုတ် စနစ်၏ နောက်ဆုံးထုတ် Zawgyi-One Font Version အသစ်ကို အခမဲ့ရယူသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ Version သစ်မှာ Zawgyi-One-20071230.ttf ဖြစ်ပြီးထူးခြားချက်မှာ ယခင်ဗားရှင်းများတွင် မပါရှိသော Zawgyi key သီးခြားပါရှိလာခြင်း ဖြစ်ပါသည်။ Zawgyi key ပါဝင်လာခြင်းကြောင့် ပိုမိုလွယ်ကူလာသော အချက်တစ်ချက်မှာ ပတ်ဆင့်ရိုက်ရာတွင် Zawgyi key ပြောင်း၍ လက်ကွက်အတိုင်း ရိုက်ရုံဖြင့် ရရှိခြင်းဖြစ်သည်။ key အပေါ် စာလုံးများ ပတ်ဆင့်ရိုက်လိုပါက Zawgyi key ပြောင်း၍ Shift ခံရိုက်ရုံဖြင့် ရရှိနိုင်ကြောင်း သိရပါသည်။ ပိုမိုလွယ်ကူသည့် အချက်မှာ Win font သုံးတတ်သူများ သုံးနိုင်သည့် အချက်ဖြစ်သည်။

အဆိုပါ ဗားရှင်းအသစ်တွင် ယခင် Zawgyi font ကိုအသစ်ထပ်မံထည့်သွင်း ပြုပြင်ထားရာ ယခင်ဖောင့်ကဲ့သို့ PDF ထုတ်သည့်အခါ သဝေထိုးမှ A သို့ပြောင်းလဲသွားတတ်ခြင်းများကို ပြုပြင်ထားသည့်အပြင် သုညနှင့် ၀လုံး ကိုခွဲခြားပေးထားခြင်းကြောင့် ၀လုံးကိုရိုက်လျှင် Shift နှင့် Plus key (+) ကိုတွဲပြီးရိုက်ရမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးထုတ် Keyboard Version မှာ System Fonts တွေကိုပါ အလိုအလျောက်ပြောင်းပေး ထေားသောကြောင့် သုံးစွဲသူအနေဖြင့် အလုပ်မရှုပ်တော့ကြောင်း သိရသည်။ ဗားရှင်းအသစ်ကို သုံးစွဲသူများအနေဖြင့် ယခင်ထည့်သွင်းထားသော ဗားရှင်းများကို Uninstall လုပ်ရန်လိုအပ်ပြီး ဇော်ဂျီဖောင့်အပြင် ဗားရှင်းသစ် Keyboard ကိုပါ ထည့်သွင်းပေးရမည်ဖြစ်သည်။

ယခု ထုတ်လုပ်လိုက်သော ဗားရှင်းအသစ်မှာ ၂၀၀၇ ခုနစ် ၊ဒီဇင်ဘာ ၄ ရက်နေ့က ဖြန့်ချီခဲ့သော Zawgyi-One-20071204.ttf နောက်အသစ်ထွက်သော ဗားရှင်းဖြစ်ပြီး အဆိုပါဗားရှင်းအသစ်ကို http://Zawgyi.net ၀က်ဆိုက်မှ download ဆွဲယူအသုံးပြုနိုင်ကြောင်း သိရသည်။