Tag Archives: wunna

Epiphyllum

Epiphyllum Flower

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

(၀င်းဇော်နိုင်ပေးပို့ပါသည်)

အသက်ရှည်ရခြင်း

အသက်ရာကျော်ရှည်ပြီးဖြစ်သော ဘွားသက်ရှည်တစ်ဦးကို အင်တာဗျူးနေသည်။

သတင်းထောက် – အဖွားအခုလိုအသက်ရှည်တာ ဘာကြောင့်ပါလဲ။

ဘွားသက်ရှည် – အစားအသောက်နဲ့ဆိုင်ပါတယ်။

သတင်းထောက် – အစားအသောက်ကို ပုံမှန်စားပါသလား။

ဘွားသက်ရှည် – နံနက်စာကို ပုံမှန်စားပါတယ်။

သတင်းထောက် – ညစာကိုရော ပုံမှန်စားပါသလား။

ဘွားသက်ရှည် – အဖွားညစာမစားပါဘူး။

သတင်းထောက် – ဘာဖြစ်လို့များညစာမစားပါသလဲ။

ဘွားသက်ရှည် – ကျွေးမဲ့လူမရှိလို့ပါ။

တရုတ်ပြည်က ချစ်ပုံပြင်

ဒီလိုဗျ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က `လီ´ ဆိုတဲ့ ၁၉ နှစ်သား တရုတ်ကလေးတစ်ယောက်က သူ့ထက် ၁၀ နှစ်ကြီးတဲ့ `ဇု´ ဆိုတဲ့ မုဆိုးမ ကလေးအမေတစ်ယောက်နဲ့ မေတ္တာမျှပါသတဲ့။

ကောင်လေးဘက်က ဘယ်လိုလုပ်သဘောတူမှာလဲဗျာ။

ဒါပေမယ့် သူတို့က မခွဲနိုင်ကြတော့ ခိုးပြေးတာဗျ။ တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ တောင်ပေါ်က ဂူကြီးတစ်ခုထဲမှာ သွားပုန်းနေကြတာ။ ဂူထဲမှာ ဘာဆို ဘာမှကို မရှိတာ။ တောထဲမှာ ရတတ်သမျှလေးတွေ ရှာဖွေစားသောက်။ ညဘက်ဆို လက်လုပ်မီးအိမ်ကလေးနဲ့ နေ့စဉ်ရက်ဆက်နေလာလိုက်ကြတာ ဘယ်လောက်ကြာသွားတယ်ထင်သလဲ.။

နှစ်ပေါင်း ၅၀ ကျော်ဗျ။ ရောက်ပြီး တစ်နှစ်ကျော်အကြာမှာ လီ က သူ့မိန်းမ တောင်အောက်ဆင်းရင် လွယ်အောင်ဆိုပြီး တောင်ဆင်းလမ်းတစ်လျှောက် လှေကားထစ်တွေ ကို လက်နဲ့ ထွင်းပေးခဲ့တာ။ အနှစ်ငါးဆယ်ကျော်ကြာပြီးတဲ့နောက် မှာ လှေကားထစ်ပေါင်း ၆၀၀၀ ကျော်ရှိနေပြီ။

၂၀၀၁ခုနှစ်မှာ ခရီးသွားအဖွဲ့တစ်ဖွဲ့ က ကံအားလျော်စွာ လှေကားထစ်တွေကို တွေ့မိရာကနေ ဒီဇာတ်လမ်းကို လူတွေသိကုန်တာ။ အဲဒီအချိန်မှာ အဖိုးကြီး `လီ`က ၇၂ နှစ် ရှိပြီး အဖွားကြီး `ဇု´က ၈၂ နှစ်ရှိပြီ။ `နှစ်ယောက်ထဲကမ္ဘာလေးမှာ အသက်ထက်ဆုံးနေထိုင် သွားကြသတဲ့´ လို့ ပုံပြင်လေးကို အဆုံးသတ်ရမယ်ထင်ပါရဲ့။ ပြီးခဲ့တဲ့ အပတ်ကပဲ အဖိုးကြီး လီ ဟာ အဖွားကြီး ဇု ရဲ့ လက်ပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားရှာပါပြီ။

သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းကို တရုတ်ပြည်ရဲ့ Top Ten ချစ်ပုံပြင်အဖြစ် Chinese Women Weekly က ရွေးပါတယ်။ တရုတ်အစိုးရက သူတို့ နေထိုင်သွားတဲ့ ဂူ ကြီးနဲ့ လှေကားထစ်ပေါင်းခြောက်ထောင်ကျော်ကို အချစ်သက်သေပြတိုက်အဖြစ် ထားရှိသွားဖို့ ဆုံးဖြတ်ပါတယ်။

တရုတ်အဖိုးကြီး လီ က တကဲ့အချစ်စစ်ဆိုတာ ဘာလဲ ဆိုတာကို လက်နဲ့ ထွင်းထာတဲ့ လှေကားထစ်ပေါင်းခြောက်ထောင်ကျော်နဲ့ ကမ္ဘာကို သက်သေပြလိုက်ပါပြီ။

ကဲ.. (Valentine Day) ဗယ်လင်တိုင်းဒေးမှာ အချစ်ကြီးချစ်ပြကြမဲ့ မောင်နှံတွေ ဘယ့်နှယ်လဲ။

ယှဉ်ရဲသလား။

မယုံရင် http://www.asianoffbeat.com/default.asp?Display=1278 မှာ သွားကြည့်ပါဗျာ။ မှတ်တမ်းဓာတ်ပုံများနဲ့တကွ တွေ့ရပါမယ်။