Tag Archives: ရေးသူမသိ

ခွက်ပဲ့လေး တစ်လုံး

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။
မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။
Continue reading ခွက်ပဲ့လေး တစ်လုံး

စိတ်အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့ အချိန်မှာ အော်ပြီး ပြောကြတာလဲ” ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။

ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

“လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေစိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ”
ဆရာကဆက်ပြီး….

“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား…။
အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။
ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။
အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”

“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။
စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

တစ်ကြိမ်အောင်မြင်ရင် ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

“တစ်ကြိမ်အောင်မြင်ရင် ရပြီ”
Continue reading တစ်ကြိမ်အောင်မြင်ရင် ရပြီ

ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။

” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”
” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ”
” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ”

ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။

“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”
” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ”
” အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် ”

ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။

” ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား ”
” တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် ”

source : email

သင်ပြတတ်သော ပတ်ဝန်းကျင်

ဝေဖန်တတ်သည့် ပတ်ဝန်းကျင်ထဲ ရောက်သွားသော ကလေးများသည်
အပြစ်တင်တတ်ကြသည်။

ကြမ်းတမ်းရိုင်းပျသည့် ပတ်ဝန်းကျင်ထဲ ရောက်သွားသော ကလေးများသည်
ရန်ဖြစ်တတ်ကြသည်။

ကြောက်ရွံ့ ရသည့် ပတ်ဝန်းကျင်ထဲ ရောက်သွားသော ကလေးများသည်
စိုးရိမ်တတ်ကြသည်။

သနားကြင်နာတတ်သည့် ပတ်ဝန်းကျင်ထဲ ရောက်သွားသော ကလေးများသည်
သူတို့ ကိုယ်တိုင်အတွက် ၀မ်းနည်းနေတတ်ကြသည်။

လှောင်ပြောင် သရော်တတ်သည့် ပတ်ဝန်းကျင်ထဲ ရောက်သွားသော ကလေးများသည်
ရှက်တတ်ကြသည်။

မနာလိုတတ်သော ပတ်ဝန်းကျင်ထဲ ရောက်သွားသော ကလေးများသည်
ဝန်တိုတတ်ကြသည်။

ရှက်စရာ ၀န်းကျင်ထဲ ရောက်သွားသော ကလေးများသည်
အပြစ်ရှိသည်ဟု ထင်နေ မြင်နေတတ်ကြသည်။
Continue reading သင်ပြတတ်သော ပတ်ဝန်းကျင်

မေးလိုက်ချင်သည်

ဒီတစ်ပါတ်အတွက် ကဗျာတစ်ပုဒ်ကတော့ .

.

မေးလိုက်ချင်သည်

အဖော်သစ်နှင့် ပျော်ရစ်လေသူ
သစ္စာစကား၊ နားမှာကြားဆဲ
အစိမ်းရောင်ခြယ်၊ တိမ်းရှောင်လွယ်သူု
ပျားရည်ချိုမြ၊ ၀မ်းချခဲ့သူ
မောင့်ချစ်သက်ခင်၊ သည်ရင်ခွင်ကို
မေ့လို့ ရရင်
မေ့လိုက်ချင်သည်။

အိမ်မက်ကမ္ဘာ၊ ရက်တွေကြာလည်း
ဘာသာမှိုင်ငေး၊ ကဗျာတေးလည်း
မရေးဖွဲ့ နိုင်၊ စိတ်တွေမှိုင်သည်
နှစ်ကိုယ်ကြည်နူး၊ ပျော်ခဲ့ဖူးသော
ခံပြာတန်းလေး၊ ကန်နဘေးကို
အတွေးလွင့်စင်
ပြန်ရောက်ချင်သည်။

သည်ရင်ခွင်ဦး အချစ်ဖူးကို
ဖျက်ချိုးနင်းချေ၊ မင်းပျော်လေသလား
သည်လိုမဟုတ် ကိုယ်လိုလူမှ
သနားမကြင်၊ ရက်စက်ချင်သလား
အသွင်ပြောင်းသစ်၊ မောင့်အချစ်ကို
အပြစ်မဆို၊ လှစ်လိုခဏ
မြင်တွေ့ ရစဉ်. .
မေးလိုက်ချင်သည်။

.

ဒီကဗျာကိုရေးခဲ့သူကို မမှတ်မိ၍မဖော်ပြနိုင်သည်ကို တောင်းပန်ပါသည်။

ဘာပဲဖြစ်ဖြစ်

ချစ်သူရေ
လူကြီးတွေမှာ
မတရားတာ သုံးခု ရှိသတဲ့

ကိုယ်တိုင် အရက်သောက်နေသူတွေက
လူငယ်တွေကို အရက် မသောက်ဖို့ တားတယ်။

ကိုယ်တိုင် ဆေးလိပ်သောက်သူတွေက
လူငယ်တွေကို ဆေးလိပ် မသောက်ဖို့ တားတယ်။

ကိုယ်တိုင် အိမ်ထောင်ပြုခဲ့သူတွေက
လူငယ်တွေကို အိမ်ထောင်မပြုဖို့ တားတယ်။

ပထမ နှစ်ချက်က
လူငယ်တွေ လိုက်နာသင့်တဲ့အချက်ပါ။
လူကြီးတွေမှားခဲ့သလို
အမှားသိဖို့ လိုပါတယ်။

ဘာပဲဖြစ်ဖြစ်
တတိယအချက်ကိုတော့
ကိုယ်ချိုးဖျက်တော့လိုက်တော့မယ်။

ဒီလိုနဲ့ ပဲ …

တတိယအချက်ကိုတော့
ချိုးဖျက်လိုက်ပါသည်။

. . . . . . x . . . .x. . . . . x . . . . . x . . . . . .

မကြာခင်မှာ သီတင်းကျွတ်တော့မည် ဖြစ်သည့်အတွက်- ဒီကဗျာလေးကို အစီအစဉ်ရှိနေသူများအတွက် ရည်စူး၍ စမ်းချောင်းဂျာနယ်မှ ဂုဏ်ပြု လိုက်ပါတယ် ။

မည်သူတွေ  တတိယအချက်ကို     ချိုးဖျက်မှာလဲ၊

ကချေသည်ရဲ့ ဆန္ဒ …

 

… လုပ်လိုက်ပေါ့
ဇာတ်ဆရာရယ်…
ကျွန်မက “ကချေသည်” ပဲ…
ရှင် ထားတဲ့နေရာမှာ
ရှင် ခိုင်းတဲ့ဇာတ်ရုပ်က
ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့
ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို
ရယ်ဆိုရယ်
ပြုံးဆိုပြုံး
ငိုဆိုငို
အပိုအလို မရှိစေရပါဘူး … ။
ဒါပေမယ့်
ကျွန်မက ပညာသည်လေ …
ခဏလှအောင်
က နေရပေမယ့် …
ဘ၀ မကျအောင်တော့
(တတ်စွမ်းသမျှ)
ချပြ ချင်သေးတယ်…။ ။

ရေးသူ-မသိ

Love Letter

Here is a letter written by a HR executive to his love:

Dearest Ms Juliet,

I am very happy to inform you that I have fallen in Love with you since the 14th of October (Sunday). With reference to the meeting held between us on the 13th of Oct. at 1500 hrs, I would like to present myself as a prospective lover.

Our love affair would be on probation for a period of three months and depending on compatibility, would be made permanent. Of course, upon completion of probation, there will be continuous on the job training and performance appraisal schemes leading up to promotion from lover to spouse.

The expenses incurred for coffee and entertainment would initially be shared equally between us. Later, based on your performance, I might take up a larger share of the expenses. However I am broadminded enough to be taken care of, on your expense account.

I request you to kindly respond within 30 days of receiving this letter, failing which, this offer would be cancelled without further notice and I shall be considering someone else. I would be happy, if you could forward this letter to your sister, if you do not wish to take up this offer.

Thanking you in anticipation,

Yours sincerely,

Romeo

အမှတ်တမဲ့

အမှတ်တမဲ့ ငါ့ကို

၇င်ခုန်အောင်လုပ်ခဲ့သလ်ုပဲ

အမှတ်တမဲ့ ငါ့ကို

မင်းပြန်ချစ်ခဲ့တယ်

အမှတ်တမဲ့ ငါ့ကို

မင်းမုန်းသွားခဲ့တယ်

အခုတော့ငါ့မှာ

မှတ်တမဲ့တွေကို ပေါင်းပြီး

အမှတ်တ၇ အဖြစ်နဲ့

မင်းမရှိတဲ့ ဘ၀ကို

အလွမ်းဆန်ဆန် ကျော်ဖြတ်နေ၇ပြီ

ရေးသူ-မသိ