Category Archives: မြန်မာ့မှတ်တမ်း

အမေ တခြား သားတခြား

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။
Continue reading အမေ တခြား သားတခြား

Myanmar troops attack minority militia in north

The Kokang incident is a violent conflict that broke out in August 2009 in the Kokang Special Region (also known as Special Region 1) of northern Shan State, in Myanmar.

Myanmar’s military regime has attacked Kokang militia members in the area along the border with China, prompting many to take refuge in southern China and Kokang militia members surrender their weapons to Chinese authorities.

The Myanmar military has demanded that all groups disarm by October. The Kokang militia group is the smallest and most vulnerable in northern Myanmar, with about 1,000 to 1,500 members. With them out of the way, the regime would probably go after other opposition and militant groups in the area.

Refugees who had crossed to the border town of Nansan were being housed in tents or other makeshift shelters and authorities were providing them blankets, medical care and other necessities, Chinese state media reports said.

source :

http://en.wikipedia.org/wiki/Kokang_incident

http://www.latimes.com/news/nationworld/world/la-fg-myanmar-fighting30-2009aug30,0,4841699.story

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်တိုက်တွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ ညွတ်ကားမညွတ်

ဤဒေါသ၊လောဘတို့  ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ ရအံ့
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ ရအံ့

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။
Continue reading အနိုင်မခံ

တန်ဖိုးရှိသောသူ ဖြစ်ပါစေ.

ရာဇ၀င် အထ္တုပတ္တိလဲ ရှိရမယ်
မော်ကွန်းလည်း ထွန်းလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။

19 July 2009 ၊
အာဇာနည်နေ့ -

အမှန်တရားအတွက်၊ အများပြည်သူအတွက်
ရဲဝံ့စွာ ကိုယ်ကျိုးစွန့် ကျိုးပမ်းဆောင်ရွက်သော
မြန်မာပြည်ရှိ အာဇာနည်များကို
ဂုဏ်ပြုလျှက်

http://myanmarpioneer.com/ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်သော စာအုပ်များရယူနိုင်ပါသည်။

မြတ်မွန်မှန်ကန်သော အလုပ်တို့ ကို လုပ်ဆောင်ခဲ့သောသူ၏ တန်ဖိုးသည် မျိုးဆက်များစွာ လေးစားဂုဏ်ပြုထိုက်ပါသည်။

ကောင်းသူ၊ တန်ဖိုးရှိသောသူတို့ သည် ကောင်းသောသူ၊တန်ဖိုးရှိသောသူတို့ ကို အစဉ် ထာဝရ ဂုဏ်ပြုတန်ဖိုးထားသည်။

သင်သည် ကောင်းသောသူ ၊ တန်ဖိုးရှိသောသူ ဖြစ်ပါစေ.

သမိုင်းတွင်သော စကားတစ်ခွန်း

“ကျမ ပြစ်မှုမကျုးလွန်ဘူး”
ဒေါ်အောင်ဆန်းစုကြည်-
ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
14 May 2009

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ အထိန်းသိမ်း ခံနေရသည်မှာ ၆ နှစ်ပြည့်ရန် ရက်ပိုင်းသာ လိုတော့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ထိန်းသိမ်းခံရသည့်
ကာလတို့ ကိုမှာပေါင်းကြည့်လျှင် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။

ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
Continue reading ကျွန်

မြန်မာပြည်မှာ မျက်လှည့်ဆရာတွေလဲ အများကြီးပဲ။

Cyclone Nargis မုန်တိုင်းအပြီး မြန်မာပြည်အတွင်း …

မြန်မာပြည်က တချို့ တွေကလည်း နည်းနည်းတော့ ဝေးတယ်ကွ။
Relief Supplies တွေ ဘိုကလေးမြို့  ပို့ပါဆို ဘိုကလေးဈေး၊ညောင်ပင်လေးဈေးကိုချည်းပဲ ပို့နေကြတယ်။

လေဘေးအပြီး နိုင်ငံခြားဖြစ်ချော့ကလက်တွေ ဆိုင်တွေမှာ အမျိုးကို စုံလို့ စားဦးမလား။ ဒီမှာပေါနေတယ်။

မြန်မာပြည်မှာ မျက်လှည့်ဆရာတွေလဲ အများကြီးပဲ။
ယိုးဒယားခေါက်ဆွဲထုပ်တွေကနေ ကျိုက္ကဆံခေါက်ဆွဲခြောက်တွေ ဘယ်လိုဖြစ်သွားလဲမသိဘူး။
နေ့ မကူးစေရဘူး။ ပြောင်းပေးနိုင်တယ်။ ဒါပေမယ့် မူလယိုးဒယားခေါက်ဆွဲထုပ်ပြန်ဖြစ်အောင်တော့ မပြောင်းပေးဘူး။

ဆန် အကောင်းစားတွေကနေ ရေစိုနေတဲ့ဆန်ကွဲတွေဖြစ်သွားတာ အရှင်းကြီးပဲ။
တခြား ပြကွက်ဆန်းတွေလဲ ခေတ်စားနေတယ်။

မြန်မာပြည်နိုင်ငံမှာ ဒုက္ခသည်ဆိုတာ မရှိဘူးဆိုပဲ။
ပြီးတော့ အလှူလုပ်ရင်ဖမ်းတယ်။ အစိုးရ သိက္ခာကျလို့တဲ့။ သတိထားနေရတယ်။
အလှူလုပ်ရင် အစိုးရကို ဆန့် ကျင်တယ်။
လူမှုရေးလုပ်ရင် တရားမ၀င်ဘူး။ ထောက်လှမ်းရေးကလိုက်တယ် (ကူညီဖို့ ပဲဖြစ်ပါစေ)။
ကြံဖွံ့ ကရိုက်တယ် (ဓာတ်ပုံပဲဖြစ်ပါစေ)။

သနားတတ်ရင် မြန်မာပြည်မှာမနေနဲ့ တဲ့ ရပ်ကွက်လူကြီးကပြောတယ်။ (သနားခြင်း၊ကိုယ်ချင်းစာခြင်းကင်းမဲ့မှ ရပ်ကွက်လူကြီးဖြစ်နိုင်လို့ ပါ)

အကြီးအကဲကပြောတယ် “လူဆိုတာ မွေးတနေ့ ၊သေတနေ့ ပဲ – လူပေါင်းများစွာ ရေနစ်သေတာ ရေမကူးတတ်လို့ သေတာ ငါနဲ့ မဆိုင်ဘူး။ ငါဆိုမသေဘူး သိလား။”
ဟုတ်ပါတယ် သူကတော့ မသေသေးပါဘူး။ ပြည်သူတွေကတော့ ….
ပြည်သူတွေကို သနားလို့ ဆိုပြီး
တိမ်တွေ ငိုချလိုက်တာ…. အိမ်တွေရော ၊ လူတွေရောမျောလို့  ……. ကမ္ဘာကတောင် အံသြလို့ ။
မြန်မာပြည်မှာတော့ ပြည်သူ့ ဆန္ဒခံယူပွဲကတော့ ဆက်လုပ်မှာပဲ

မုန်တိုင်းသတင်းနောက်ဆက်တွဲ 12 May

ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ U-Tapao လေတပ်စခန်းမှ မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ ပစ္စည်းများ တင်ဆောင်သွားသော C-130 အမေရိကန် စစ်လေယာဉ်သည် ယနေ့ ၁၂း၄၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံသို့ ဦးတည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်မည့် အမေရိကန် C-130 စစ်လေယာဉ်သည် ကမ္ဘာ့အဆိုးရွားဆုံး မုန်တိုင်းဒါဏ် ခံနေရသည့် မြန်မာနိုင်ငံသို့ ပထမဆုံး ဆင်းသက်မည့် အမေရိကန် စစ်လေယာဉ်ဖြစ်ပြီး မြန်မာအာဏာပိုင်များ အနေဖြင့် ထောက်ပံ့ရေးပစ္စည်းများကို လက်ခံသွားမည်ဟု ယုံကြည်ကြောင်း ဒု-ဗိုလ်မှူးကြီး ဒေါက်ကလပ် ပေါလ်ဝဲ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ထောက်ပံ့ရေးပစ္စည်းများသည် USAID မှဖြစ်ပြီး မုန်တိုင်းဒါဏ် ခံနေရသည့် မြန်မာပြည်သူများ အတွက် ထောက်ပံ့ကူညီရေး သက်သက်သာ ရည်ရွယ်သည်ဟု ပြောဆိုသွားသည်။

စစ်လက်နက်ပစ္စည်းများတပ်ဆင်ထားရှိလုံးဝမရှိကြောင်း လူသားချင်းကူညီရန် သက်သက်ရည်ရွယ်၍ ပျံသန်းသွားမည်ဖြစ်ကြောင်း ပြောဆိုပါသည်။

The operation’s spokesman, Lt Col Douglas Powell, said the plane was unarmed and was carrying aid supplies including mosquito nets, blankets and water.

He said the aid was from the US government, not the military.

အဆိုပါ လေတပ်စခန်းတွင် အမေရိကန် မရိန်းတပ်ဖွဲ့မှ ဝေဟင်ပေါ်တွင် ဆီဖြည့်ပေးနိုင်စွမ်းသည့် ရဟတ်ယာဉ်တစီး အဆင်သင့် ရှိနေပြီး ထောက်ပံ့ရေး ပို့ဆောင်မည့် အစီအစဉ်များကို စွမ်းအားမြင့် လုပ်ဆောင်သွားနိုင်သည်ဟု ပေါလ်ဝဲက ဆိုသည်။ ထို့အပြင် ထိုင်းလေတပ်နှင့် Cobra Gold စစ်ဆင်ရေး လေ့ကျင့်စဉ်တွင် အသုံးပြုခဲ့သည့် ထောက်ပံ့ရေးပစ္စည်း ပေါင်ချိန် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ တင်ဆောင်နိုင်သော အခြား စစ်လေယာဉ် ၂ စီး အဆင်သင့် ရှိနေပြီး မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ရေပိုင်နက် အနီးတွင် အမေရိကန် စစ်သင်္ဘော ၄ စီး အဆင်သင့် အနေအထားဖြင့် ဝင်ရောက်ရန် အမိန့် စောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ရရှိပါက ထောက်ပံ့ရေး ပစ္စည်းများကို အဆိုပါ စစ်သင်္ဘောများဖြင့် အမြန်ဆုံး ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

source : http://www.smh.com.au/

မုန်တိုင်းသတင်းနောက်ဆက်တွဲ 10 May

http://www.ctv.ca/

RANGOON — More food reached Burma’s hungry cyclone victims as roads were cleared of fallen trees, but a British aid group warned that up to 1.5 million face death if they do not get clean water and sanitation soon.

”The potential for more deaths due to sickness from lack of access to clean water is a real concern, people are cold, need food,” Brian Agland told a conference call for Canadian media late Saturday.

“There may be 500 survivors from one town where there were 10,000 people so the numbers of dead are quite tragic,” he said.
“What is critical at the moment is water sources,” said Oxfam’s Ireland.

“We understand a lot of water sources are contaminated. Ponds are full of dead bodies. Something as basic as a bucket is in scarce supply. If people don’t have water that is clean and safe, that is very difficult,” she said.

“With floodwaters fouling water supplies and latrines overflowing with human waste, all the factors for an outbreak of cholera and shigella are in place,” an Oxfam statement said. Stagnant waters can breed mosquitoes, raising fears of dengue and malaria.

Another Oxfam official, Ian Woolverton, said although the aid group has warned of a possible 1.5 million deaths, that was a worst-case forecast — and one that could be prevented.

At relief camps, long lines of people waited to collect rations of rice and oil . Where there were no camps, people clustered on roadsides hoping for handouts. “Help us!” was written in chalk on the side of one home.

Debbie Stothard, head of the Southeast Asian human rights group ALTSEAN-Burma, said the ruling generals were manipulating aid and delivering it selectively, ignoring the needy. Myanmar is also known as Burma.

“Even in Rangoon area, which is reachable by the regime, people are complaining they are not getting aid. What they are getting is rotting rice,” she said, she told Associated Press Television News in Bangkok.