Category Archives: ဟာသ အပိုင်းအစများ
ဘာပြောမယ်ဆိုတာ . .သိပြီးသားပါ.
တနေ့ သောအခါ  မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင်
အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။
ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်းကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား
“အင်မတန်ရုပ်ဆိုးလိုက်တာဗျာ”
မိန်းမကြီးခမျာ ဒေါသထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။
နောက်နေ့ တစ်ခါထပ်မံ ဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရွေးသည်
“ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ…”
ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။
ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကျိုးအကြောင်းပြောပြပြီး နောက်တစ်ခါ
ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည်။ ဆိုင်ရှင်ကိုလည်းတရားစွဲမည်-ဖြစ်ကြောင်းပြောပြီး ဆိုင်မှထွက်ခွာသွားလေသည်။
နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေး ။  ။ ဟိုအမကြီး
အမျိုးသမီး။  ။ ဘာတုန်း
ကြက်တူရွေး။  ။ဟဲ…..ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ……
အဆွေခင်ပွန်းဖွဲ့ ပါ။
Internet မှာတွေ့ လိုက်တဲ့ ကာတွန်းလေး တစ်ပုဒ်ပါ။
ကာတွန်းလေးရဲ့ အမည်က အဆွေခင်ပွန်းဖွဲ့ ပါ။
ဘယ်လိုအဆွေခင်ပွန်းဖွဲ့ ဖို့ လဲဆိုတော့ . .
တစ်ခါတုန်းက ရှေ့ နေအမျိုးသမီးတစ်ယောက်ကို လူဆိုးတစ်ယောက်က ဒါးပြတိုက်တယ်။
လက်နက်အားကိုးနဲ့ ဒါးပြတိုက်တော့ ရှေ့ နေအမျိုးသမီးလည်း ကြောက်တာပေါ့။ ကြောက်တော့ ရှိတာတွေ ဒါးပြကိုပေးလိုက်တာပေါ့။
မကြာပါဘူး အခင်းဖြစ်ပွားတဲ့နေရာကို ပြည့်သူရဲတစ်ယောက် ယူနီဖောင်းနဲ့ ရောက်လာပါရော။
ရှေ့ နေအမျိုးသမီးပျော်သွားတာပေါ့ -ကယ်တင်ရှင်ရောက်လာပြီပေါ့။ ဟုတ်တယ်လေ-
ယူနီဖောင်းနဲ့ ပြည့်သူရဲတစ်ယောက် ဒါးပြတိုက်ခံရတုန်းေ၇ာက်လာတော့ မပျော်သင့်ဖူးလား။
ဒါပေမယ့် ရှေ့ နေအမျိုးသမီးရဲ့အပျော်တွေ အတွေးထဲမှာပဲပျောက်ကွယ်သွားပါတယ်။
ယူနီဖောင်းနဲ့ ပြည့်သူရဲ နှင့် ဒါးပြ တို့ ဟာ အဆွေခင်ပွန်းဖြစ်နေတာသူမ မျက်မြင်ကိုယ်တွေ့ 
မြင်တွေ့ လိုက်ရလို့ ပါပဲ။ ယူနီဖောင်းနဲ့ ပြည့်သူရဲ နှင့် ဒါးပြ တို့ ရဲ့ ရင်းနှီးပုံများ ညီအစ်ကိုတွေလား အောက်မေ့ရတယ်။
ရှေ့ နေအမျိုးသမီးကလည်း ရှေ့ နေပဲလေ။ သိတယ်မဟုတ်လား – ရှေ့ နေဆိုတာ ဘယ်တုန်းက အညံ့ခံဖူးလို့ လဲ။
ဒီတော့ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တိုင်တန်းတာပေါ့ -သိတယ်မဟုတ်လား – ရှေ့ နေပဲလေ။
ဒီလိုနဲ့ ယူနီဖောင်းနဲ့ ပြည့်သူရဲ နှင့် ဒါးပြ တို့ တရားရုံးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာပေါ့။
တရားရုံးဆိုတာ တရားသဖြင့်ဆုံးဖြတ်တဲ့နေရာ မဟုတ်လား။ ဒီတော့ ဘာဖြစ်လာမလဲ …..
တရားသူကြီးဝင်လာတော့ အားလုံးက နှူုတ်ဆက်တာပေါ့။ နှုတ်ဆက်တဲ့ အထဲမှာ
ယူနီဖောင်းနဲ့ ပြည့်သူရဲ နှင့် ဒါးပြ တို့ လည်း ပါတာပေါ့။ အားလုံးသောသူတွေ နှုတ်ဆက်အပြီးအပြီးမှာ တရားသူကြီးက ယူနီဖောင်းနဲ့ ပြည့်သူရဲ နှင့် ဒါးပြ ကို သူငယ်ချင်းပမာ ရင်းနှီးစွာ နှုတ်ဆက်လိုက်ပါတယ်။
ကာတွန်းလေးလည်းအပြီးမှာ – ဒါးပြ နှင့် ယူနီဖောင်းနဲ့ ပြည့်သူရဲ နှင့် တရားသူကြီးတို့ ဟာ အဆွေခင်ပွန်းတွေ ဖြစ်နေပါသတဲ့.
Important to have friends စာလေးတစ်ကြောင်းကို ရေးထားပြီး ကာတွန်းလေးကိုအပြီးသတ်လိုက်ပါတယ်။
ကလေးတွေကတော့ နားလည်မှာ မဟုတ်ပါဘူး။
ကာတွန်းလေးရဲ့ အမည်က အဆွေခင်ပွန်းဖွဲ့ ပါ။
ဘယ်လိုအဆွေခင်ပွန်းဖွဲ့ ဖို့ လဲဆိုတော့ . .
friends
Internet မှာတွေ့ လိုက်တဲ့ ကာတွန်းလေး တစ်ပုဒ်ပါ။
ပြုံးစေ၊ရယ်စေ လိုသည်ကလွဲလို့  ဘာကိုမှ မရည်ရွယ်ပါ။
လေကုန်သည်
လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။လေယာဉ် ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာစားနေလေဧ။်။ ကျန်လက် တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကိုမလွတ်တန်းကိုင်ထားသေးသည်။ “သူ” ဆိုတာကဇီဇူးဟုချစ်စနိုးခေါ်ကြ သောကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာတောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တဆင့်ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြောင်း မမောမပန်းထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ တခြားမဟုတ်။တစ်ခုက ကျွန်တော့် Laptop အိတ်ထဲတွင် ကိုရီးယား ကင်း(မ်)ချီတစ်ထုပ်ပါလာသည်။ အဲဒီက အရည်တွေကြောင့် Laptop ပျက်စီးသွားမှာစိုးရသည်။ကျွန်တော်က ကင်း(မ်)ချီတွေ သယ်မလာချင်။ ကိပ်တောင်းလေဆိပ်ရောက်မှဘေယောင်ဂျွမ်းက ဆိုက်ကားကြီးနှင့် ရောက်လာပြီး UN အတွင်းရေးမှူးချုပ်ကိုရီးယားသားကြီး ဘန်ကီမွန်းကို ပေးရန် လူကြုံလာပေးသဖြင့်နီးရာအိတ်ထဲထည့်ပြီး သယ်လာခြင်းဖြစ်သည်။ ဘန်ကီမွန်းနှင့် သန်ဘက်ခါတွင်Liverpool တွင်ကျင်းပမည့် ၀င်းသူဇာဆိုင်ခွဲ(၈၃၇၂)ဖွင့်ပွဲတွင်တွေ့ရင်ပေးရမည်။ မတွေ့ပါက UN ရုံးချုပ်ရှိရာ တောင်ကြီးသို့စာတိုက်ကပင် ပို့ရတော့မည်။ သူလိုလူအတွက်တော့ အချိန်သိပ်မပေးနိုင်တော့။ဒါကပထမအပူဖြစ်သည်။ဒုတိယအပူက တော့နည်းနည်းပိုဆိုးသည်။ ယခု ဇီဒန်းနှင့်ဒိန်းမတ်ကိုလာခြင်းမှာမဲနှိုက်ပေးဖို့နှင့်လက်ဆောင်ပေးဖို့ဖြစ်သည်။ ရှင်းပြပါဦးမည်။ ယခုနှစ် World Football ClubChampion Tournament Classic Cup 2007 ဗိုလ်လုပွဲတွင် မြန်မာပြည်မှပို့ဆောင်ရေးအသင်းနှင့် စပိန်မှ Real တို့ဆုံကြသည်။ နှစ်သင်းလုံးကအဖြူဝမ်းဆက်ဝတ်ကြသည်။ အစကတော့ Real က သူတို့အသင်းမှာ အသင်းသစ်၊အသင်းငယ်ဖြစ်သဖြင့် သူတို့ပင် အရောင်ပြောင်းဝတ်မည်ဟုဆိုသည်။အခုတော့တစ်မျိုး။ ဗိုလ်လုပွဲသို့နောက်တစ်ခေါက် ရောက်ရန်မသေချာသဖြင့်နှစ်တိုင်းနီးပါး ဗိုလ်စွဲနေသော မြန်မာကလပ်အသင်းက အရောင်ပြောင်းပေးပါရန်စပိန်ဘုရင် ကိုယ်တော်တိုင် Email ပို့လာသည်။ မြန်မာကလပ်ကပြောင်းပေးချင်သော်လည်း ပရိတ်သတ်ကို အဖြူရောင်ဂျာစီတွေရောင်းထားပြီးနှင့်ပြီ။ ထိုကိစ္စကို မဲနှိုက်ဖြေရှင်းရန်ကျွန်တော်နှင့်ဇီဇူးတို့ လာကြခြင်းဖြစ်သည်။ ပို့ဆောင်ရေးအသင်းနည်းပြဦးမောင်မောင်ဦး နှင့် Real နည်းပြလေး ကာပယ်လိုတို့မှာရောက်နှင့်နေလောက်ပြီ။ ဒါကမဲနှိုက်ဖို့။ လက်ဆောင်ပေးဖို့ကတော့ဒိန်းမတ်ဘုရင်ဧ။် သားတော်ငယ် Dahl Houson အတွက်တကူးတကသယ်လာသော Shan StarJeep တစ်စီးပင်ဖြစ်သည်။ ကျွန်တော်သယ်လာသော ကားမှာကားမြို့တော်ဟုခေါ်တွင်သော ဟားခါးမြို့တွင်ပင် ဈေးကွက်မတင်သေး။ ၂၀၀၈မော်ဒယ်လ် ဖြစ်သည်။ Piston ၁၆ လုံးက W ပုံစံခုတ်သည်။ (W16 ဟုရေးထားသည်)အင်ဂျင်က ဂျက်အင်ဂျင်အသေးစားဖြစ်ပြီး ပလက်တီနမ်ဖြင့် သွန်းထားသည်။လောင်စာမှာ လေဖြစ်ပြီး လေရှိသောမည့်သည့်နေရာတွင်မဆို တစ်နာရီ ၁၂၄၄မိုင်အထိမောင်းနှင်နိုင်သည်။ လေမရနိုင်သော နေရာဖြစ်ပါက အနည်လုံးဝမပါသောရေထည့်ပြီး တစ်နာရီ ၁၁၄၇မိုင်အထိမောင်းနိုင်သည်။ ၉ ချက်ထိုးဂီယာကရွှေဖြင့်ပြီးသည်။ မီးကြီးတစ်ဖက် ၈ လုံးပါပြီး မီးစာမှာ စိန်ဖြစ်သည်။တံခါးကတော့ Jeep ထုံးစံအတိုင်းဖြစ်သည်။ ကားစက်နှိုးခြင်း၊ Air Conဖွင့်ခြင်း၊ မှန်အတင်အချလုပ်ခြင်း၊ ဂီယာပြောင်းခြင်း၊နောက်မှန်ချိန်ခြင်း နှင့် Audio-Video Function များကို အသံဖြင့်အမိန့်ပေးခိုင်းစေနိုင်သည်။ ကားမှာ သော့တံများမလိုဘဲ လက်ဗွေရာနှင့်ဖွင့်ရသည်။ ဘီးလဲလှယ်လိုလျှင် Remote Control ဖြင့်ခိုင်းစေနိုင်သော်လည်းDemo Version သာဖြစ်သည်။ 20 LD Changer ဖြင့် Speaker 88 လုံး၊ Woofer 23လုံးတွဲဖက်ထားပြီး ၁၂ လက်
မ Slim LCD TV ပါဝင်သည်။ ကားရပ်နားထားစဉ် Videoကြည့်လိုပါက အရှေ့ Bullet Proof လေကာမှန်ကြီးကို TVအဖြစ်ပြောင်းသုံးနိုင်သည်။ ဆေးရောင်မှာ မှုတ်ထားခြင်းမဟုတ်ဘဲသံအရည်ကြိုစဉ်ကတည်းက အရောင်ထွက်အောင်စီမံပေးထားသည်။ အထူးသဖြင့် ၂၀၁၀တွင်ထုတ်လုပ်မည့် ပျံတက်နိုင်သော Shan Star Jeep အစအဖြစ်အတောင်ပံများတပ်ဆင်ရန် နေရာများပါပြီးဖြစ်သည်။ ခြုံပြောရလျှင်ထော်လာဂျီပေါ် ထောင်ကားဆင့်ထားသလို ရုပ်ထွက်ကောင်းသည်။ ကာလပေါက်ဈေးကျပ်သုံးသောင်း (US$ 12Millions) လောက်ရှိသည်။ တကယ်တော့ကျွန်တော်သယ်ယူလာသောကားမှာ ထိုသို့ကောင်းမွန်ပြည့်စုံသောကားဧ။်နမူနာပုံစံ သံပတ်ပေးရသော ကားရုပ်လေးသာဖြစ်သည်။ ဘုရင့်သားတော်လေးဆော့ကစားဖို့ဖြစ်သည်။ ဒါတွေက လာရင်းကိစ္စများဖြစ်သည်။ကျွန်တော့်ဒုတိယအပူမှာ လေဆိပ်တွင်ကြုံတွေ့ရမည့် အခက်အခဲများဖြစ်သည်။ဒိန်းမတ် သမ္မတနှင့် ပလာတီနီကိုတော့ အသေအချာမှာထားသည်။ လေဆိပ်တွင်ကော်ဇော်အနီခင်းမကြိုရန်နှင့် လုံခြုံရေးအပြည့်အ၀ ပေးထားရန်ဖြစ်သည်။နောက်တစ်ခုက လေဆိပ်တွင် ချောတိုင်တက်ပွဲ နောက်ဆုံးနေ့ကျင်းပရန်ရှိသည်ဟုလည်း သတင်းရထားပြန်သည်။ လူများလျှင် ကျွန်တော်မနေတတ်။နိုင်ငံရပ်ခြားအ ရောက်နည်းလှသော ဇီဇူးကြောင့် အရှက်ရမှာကိုလည်းစိုးရိမ်နေရသည်။ သူကဟိတ်နှင့် ဟန်နှင့်မနေတတ်။ သူ့ကိုလှမ်းကြည့်လိုက်တော့နှုတ်ခမ်းတွင်ပေနေသာ ထန်းလျက်ရည်များကို Neck Tie ဖြင့် အားရပါးရသုတ်နေလေသည်။လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။
By Professor Dr. David Myo Gyi ( လေကုန်သည် )
အမှားများ
လူမှန်ရင် အမှားမကင်းနိုင်ပါဘူး။
သို့ ပေသော်ငြား၊ မှားကြတာချင်းအတူတူ သတ်မှတ်ချက်ခြင်းတွေမတူကြပါဘူး
အမှား သတ်မှတ်ချက်တွေနှင့်ပတ်သတ်ပြီး . .
Mistakes
If a barber makes a mistake, it is a New Style
If a driver makes a mistake, it is a New Path.
If an engineer makes a mistake, it is a New Venture.
If a politician makes a mistake, it is a New Law.
If a scientist makes a mistake, it is a New Invention.
If a tailor makes a mistake, it is a New Fashion.
If a teacher makes a mistake, it is a New Theory.
If a boss makes a mistake, it is a New Idea.
If an employee makes a mistake, it is a Mistake.
Who are you?
if an employee , mistake
ဖြစ်တတ်သော အကြောင်းတရားများကို ၊ ဟာသလေးနှောလို့   ကျေနပ်နိုင်ပါစေ။
မယုံရင် ပုံပြင်
တခါက အကြီးအကဲတစ်ယောက်သည် ညအချိန်တွင် တစ်ယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယုက်သူနှင့် တိုးလေသည်။
လုယုက်သူ – ပါသမျှပိုက်ဆံအကုန်ထုတ်
အကြီးအကဲ – ငါဘယ်သူလဲသိလား ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ သိရဲ့လား
လုယုက်သူ – ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး
ဒါပုံပြင်လေးကြားဖူးပြီးတဲ့နောက်မှာ ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးအကဲတွေဟာ တစ်ယောက်တည်း အပြင်မထွက်တော့ပါဘူး။
မယုံရင် ပုံပြင်လို့ သာမှတ်လိုက်ပါ
မွန်းလွဲ ၂ နာရီ
လွန်လေပြီးသောအခါ ကဖြစ်ပါသည်။
တစ်ခုတည်းသော ဘင်ခရာဝိုင်းကို ဘူတာရုံသို့ ဆင့်ခေါ်သည်။
အလှဆုံးမိန်းမပျိုဆယ်ဦးကို သစ်လွင်သော အ၀တ်အစားများ ဆင်မြန်းစေကာ ပန်းကုံးများကိုင်ကာ မွန်းလွဲ ၂း၀၀ နာရီ တိတိတွင် ဆိုက်ရောက်လာမည့် ရထားကို စောင့်ကြိုနေသည်။
ရထားက တကယ်ကို ၂း၀၀ နာရီ ဒေါင်ခနဲအမြည်တွင် ဘူတာရုံ ပလက်ဖောင်းသို့ ကျွိခနဲ ဆိုက်ရောက်လာသည်။ စက်ခေါင်းမောင်းသည် ရထားပေါ်မှ ဆင်းလာသောအခါ လှပျိဖြူလေးတစ်ဦးက စက်ခေါင်းမောင်းအား ပန်းကုံးစွပ်လိုက်သည်။ တီးဝိုင်းက အောင်မြင်မှုကို ဖော်ကျူးသော တေးသွားကို တီးခတ်သည်။
စက်ခေါင်းမောင်းသူက “ဘာကို ဂုဏ်ယူတာပါလဲ မြို့ ပိုင်မင်း ခင်ဗျာ” ဟု စည်းကားနေသော ဘူတာရုံ မြင်ကွင်းကို တစ်ချက် ဝေ့၀ဲကာ ကြည့်ရှုပြီး မေးလိုက်သည်။
စက်ခေါင်းမောင်းသူက “မွန်းလွဲ ၂း၀၀ နာရီပါခင်ဗျာ” ။
မြို့ ပိုင်မင်းက “ အိမ်း အခု မင်းရထားဆိုက်တဲ့ အချိန်ကို ကြည့်လိုက်ပါဦး။
၂း၀၀ နာရီ တိတိ မဟုတ်လား။ အချိန်အတိအကျဆိုက်အောင် စွမ်းဆောင်နိုင်တဲ့ မင်းရဲ့ လုပ်ရပ်ကို ဂုဏ်ပြုတာပေါ့ကွယ်။”
စက်ခေါင်းမောင်းသူသည် မျက်နှာကြီးဝန်းထိန်လာမည့်အစား ခေါင်းကိုတွင်တွင်ခါယမ်းပြီး
မြို့ ပိုင်မင်းသည် ကော့တက်နေသော နှုတ်ခမ်းမွှေးနှစ်ဖက်ကို လက်ဖြင့် ဟန်ပါပါသပ်ရင်း
“မမှားပါဘူးကွယ်။ အချိန်မှားနေပြီလို့ ထင်လို့ လား၊ ဦးလက်ထဲကနာရီ၊ ဘူတာရုံကနာရီ ပြီးတော့ မင်ရဲ့ လက်ထဲက လက်ပတ်နာရီ အားလုံးဟာ၂ နာရီအတိမှာ ပြနေတယ်လေကွယ်” ။
“ဦးလည်း အကောင်းဆုံး စီစဉ်ထားပါပဲ။ မောင်ရင် ဘာကို အလိုမကျတာလဲ”
“ကိုင်း ဒါဆိုလဲ ရှင်းရှင်းလင်းလင်း ပြောစမ်းပါဦး”
မြိုပြ၏ရထား ဆောင်းပါးမှ
ဓန အောက်တိုဘာ
မှတ်ချက် ။လွန်လေပြီးသောအခါ ကဖြစ်ပါသည်။
ဟာသအတိုအစလေးများ
အဖေ့အပေါ် မူတည်တယ်
” မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ ”
” အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေ ဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် ”
မဖြစ်ဘူး
” ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း ”
” လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ ”
ဟာ….ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။
ရွေးချယ်မှု
ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
” ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ”
” ရွှေကို ယူမှာပေါ့ ”
” ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ”
” သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ ”
မှတ်ပြီလား
တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား….
လူနာ – အုန်းသီး။
သိနားလည်မှု
” မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ ”
” ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ ”
” ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ ”
သူ မှာထားခဲ့လို့
” ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”
” ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ”
နားလေးသူမို့ပါ
” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် ”
အပူကိုယ်စားလှယ်
” အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ”
” ကိုင်း…….ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”
” အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”
မေမေ့ တာဝန်ထားလိုက်
” အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ ”
” လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ ”
အချစ်အတွက်ဆိုရင်
” အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ ”
” ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် ”
” စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ ”
နည်းနည်းစောင့်ပါ
ပထ၀ီဝင်ဆရာမ – ” ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ ပြောပြစမ်းကွာ ”
တပည့် – ” လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် ”
ဆိုမှဆိုတက်ပဲဟာ
” ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ ”
” အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ ”
” ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ ”
အမွေဆက်ခံမိလို့
” ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား ”
” ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ ”
ရေတွက်ပုံချင်းမတူ
” စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား ”
” အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ ”
” ဘာဖြစ်လို့လဲကွ ”
” ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ ”
စာကြောင်းတစ်ခု
သူမ က ကျွန်တော့်ရဲ့ Subject
ကျွန်တော်ကသူမရဲ့  Object
အချစ်ကတော့ Main Verb ပေါ့
သစ္စာနဲ့ မေတ္တာ က Helping Verb
သံယောဇဉ်က Conjection
ကောင်းမွန်သော ကံတရားကသာ Situation ဖြစ်မယ်ဆိုရင်
အနာဂတ် အတွက် လုံလောက်တာမို့  Full Stop….
စုဆောင်းပေးပို့သော ကိုမင်းညီကို ကျေးဇူးတင်ပါတယ်။
ဟာသ
ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို “Tom ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်” လို့ ပြောလိုက်တယ်။
ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။
“ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ် ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ” လို့ ရေးလိုက်တယ်။ Tom က စာကိုရေးပြီး ပြန်ဖတ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။
“ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြင်ရေးလိုက်တယ်။
Tom က စာကိုတစ်ခေါက် ပြန်ဖတ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။
“ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်” လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။ ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့…
“ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ” ဟူတည်း။
အဟောင်းနဲ့အသစ်
လေတဟူးဟူးတိုက်နေသော ကမ်းခြေတစ်ခုတွင်
အဖွားအိုတစ်ဦး မှာ သူ့ဦးထုပ်ကို လက်နှစ်ဖက်ဖြင့် ဖိထားပြီး ရပ်နေရှာသည်။
လူငယ်တစ်ဦးက ပြေးလာပြီးအဖွားအိုကို ပြောလိုက်သည်
လူငယ် – အဖွား လေတွေတအားတိုက်နေတယ်။
အဖွားအို – အေးကွဲ့။
လူငယ် – အဖွား ဂါဝန်လန်နေတာသိရဲ့လား။
အဖွားအို – ဟုတ်ပါရဲ့ကွယ်၊ အဖွားလဲ လက်မအားတာနဲ့။
လူငယ် – အဖွား အောက်ခံလဲ ဘာမှ ၀တ်မထားဘဲနဲ့။
အဖွားအို – ဒီမယ် – မင်းအခုမြင်နေရတာက လွန်ခဲ့တဲ့ ၈၅နှစ်ကတည်းက ဟာတွေ။
ငါ့လက်ထဲက ဦးထုပ်က မနေ့ကမှ ၀ယ်ထားတာ။ ပျောက်သွားလို့မဖြစ်ဖူး။