Category Archives: ချစ်ခြင်းအနုပညာ

မင်္ဂလာစု စာအုပ်

လက်ထပ်ခြင်းအနုပညာ အပြီးမှာ – မင်္ဂလာစု စာအုပ် အကြောင်းကို နိုင်းနိုင်းစနေ blog (http://nineninesanay.blogspot.com) မှ ကူးယူဖော်ပြလိုက်ပါတယ်။

မင်္ဂလာစု စာအုပ်

အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ် လက်ဆောင်ပေးလိုက်ပါတယ်။

အဲဒီ စာအုပ်က ငွေကြေးစုဖို့ မဟုတ်ပါဘူး။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။ ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။
ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ် တစ်အုပ်ကို အမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲ ရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးနဲ့ အမေကို ကျွန်မကြည့်မိတော့ အမေက ပြုံးရင်း “သမီး… ဒါ သမီးအတွက် အမေအထူးလုပ်ထားတဲ့ “မင်္ဂလာစု” စာအုပ်လေးပါ။ နောင်နောက် အမှတ်တရဖြစ်စေတဲ့ နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေအနည်းအများမဆို စုနိုင်တယ်။ ဒါမှ နောက်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင် ပျော်ရွှင်ခြင်းတွေပါ ရှိနေလိမ့်မယ်”

အမေပြောတဲ့ စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့တယ်။

မင်္ဂလာဆောင်ပြီးနောက် အမျိုးသားက စာအုပ်ထဲ ကျပ် ၅ဝဝ နှစ်ကြိမ် စုလိုက်တယ်။ တစ်ကြိမ်က သူရာထူး တိုးတဲ့အတွက်ဖြစ်ပြီး နောက်တစ်ကြိမ်က ကျွန်မ ခွဲစိတ်ခန်းက ထွက်တဲ့နေ့ဖြစ်တယ်။ အဲဒီတုန်းက အမျိုးသားရဲ့ အပြုအမှုကို ကျွန်မရီခဲ့မိတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ ကျွန်မ ကျန်းမာလာတဲ့နေ့ကို သူ့ရဲ့ပျော်ရွှင်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့လို့ပါပဲ။

သိပ်မကြာဘူး… ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအတွက် ကျွန်မ ငွေ ၂ဝဝဝကျပ် စုလိုက်တယ်။ အဲဒီနောက် မွေးဖွားလာတဲ့ ရင်သွေးငယ်လေး သယ်ဆောင်လာခဲ့တဲ့ ပျော်ရွှင်မှုက ကျွန်မတို့အတွက် တိုတောင်းခဲ့တယ်။ ကျွန်မတို့ကြားထဲ အငြင်းအခုန်နဲ့ အေးစက်မှုက မြန်မြန်ဆန်ဆန် ရောက်လာခဲ့တယ်။ လျှော်လို့ မကုန်နိုင်တဲ့ အနှီးတွေ၊ တိုက်လို့မကုန်နိုင်တဲ့ နို့တွေက ကျွန်မတို့ရဲ့ခံစားမှုကို ဆိုးသထက် ဆိုးဝါးလာစေခဲ့တယ်။ အမေ လက်ဆောင်ပေးခဲ့တဲ့ “မင်္ဂလာစု” စာအုပ်က အံဆွဲတစ်နေရာမှာ ကျွန်မတို့ရဲ့ မေ့လျှော့ခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထဲက ပျော်ရွှင်ခြင်း ကိန်းဂဏန်းက နဂိုနေရာမှာပဲ ရပ်တန့်နေခဲ့တယ်။

ကွာရှင်းဖို့အတွက် ကျွန်မတို့ ပြင်ဆင်ကြတော့ အမေက “အဲဒီစာအုပ်ထဲက ငွေကို သမီးတို့ အရင်ဖြုန်းပြီးမှ ကွာရှင်းကြပါ။ စာအုပ်ထဲက ငွေက သိပ်မများပေမယ့် အဲဒီငွေက သမီးတို့နှစ်ယောက်လုံး ပိုင်တဲ့ငွေဖြစ်တယ်” လို့ပြောတယ်။

စာအုပ်ထဲက ငွေ ၁ဝဝဝကို ကျွန်မ ထုတ်ယူလိုက်တယ်။ လိုချင်တာ ကြာနေပြီဖြစ်တဲ့ အဝတ်အစားတွေကို ကိုင်ဆွဲရင်း ကုန်တိုက်ထဲကနေ ကျွန်မထွက်လာခဲ့တယ်။ ကုန်တိုက်တံခါးဝအရောက် အရောင်းစာရေးမဆီ ကျွန်မပြန်လှည့်လာပြီး “ဆောရီးပဲ… ဒီပစ္စည်းတွေ ကျွန်မ မယူတော့ဘူး။ ပိုက်ဆံပြန်အမ်းပေးပါ” လို့ တောင်းဆိုလိုက်တယ်။

ခေါင်းထဲမှာလည်း ဒီငွေ ၁ဝဝဝ ဟာ ငါတို့ရဲ့ မင်္ဂလာတွေ၊ အမှတ်တရနေ့တွေ၊ အပျော်တွေ စုထားတဲ့ ငွေဖြစ်တယ်လို့ ချက်ချင်းတွေး လိုက်မိတယ်။

ကျွန်မ အမျိုးသားက အရှက်ကြီးသူ တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် တစ်ခါက လမ်းမပေါ်မှာ “ငါနင့်ကိုချစ်တယ်” လို့ အော်ပြောခဲ့ဖူးတယ်။ အဲဒီအတွက် ကျွန်မ ငွေတစ်ရာ စုခဲ့တယ်။

ကျွန်မရဲ့ မွေးနေ့ကို သူမှတ်မိတယ်။ ကျွန်မရဲ့ ဖိနပ်အတိုင်း၊ ကျွန်မရဲ့ လျှို့ဝှက်နံပါတ်နဲ့ ကျွန်မ ကြောက်တတ်တဲ့ အရာအားလုံးကို သူမှတ်မိနေတယ်။ အဲဒီအတွက် မွေးနေ့တုန်းက ကျွန်မ ၃ဝဝကျပ် စုခဲ့တယ်။

မိန်းမတွေနဲ့ သူကင်းရှင်းတယ်။ ရေလာမြောင်းပေးလုပ်တဲ့ သူ့လက်အောက်က ဝန်ထမ်းတွေနဲ့ သူကင်းကင်းရှင်းရှင်း နေခဲ့တယ်။ အခွင့်အရေး မပေးခဲ့ဘူး။ အဲဒီအတွက် ကျွန်မ ၅ဝဝကျပ် စုခဲ့တယ်။

ဒီငွေ ၁ဝဝဝထဲမှာ အပျော်တွေ ဒီလောက် စုမိနေပါလား? ဒီလိုဆိုရင် စာအုပ်ထဲ စုထားတဲ့ ငွေ နှစ်သောင်းကျော်ထဲမှာ …. ကျွန်မမျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်။
ညနေအိမ်ပြန်ရောက်တော့ စာအုပ်ကို သူ့လက်ထဲ အပ်လိုက်ပြီး “ ဒီထဲက ငွေတွေ အမြန်သုံးလိုက်၊ သုံးကုန်မှ ကွာရှင်းမယ်” လို့ ပြောလိုက်တယ်။

နောက်တစ်ရက်ညမှာ ကျွန်မလက်ထဲ စာအုပ်ကို သူပြန်အပ်ခဲ့တယ်။ ကျွန်မ ဖွင့်ကြည့်တော့ ငွေတွေလျှော့မသွားတဲ့အပြင် ၁ဝဝဝကျပ် ထပ်တိုးလာခဲ့တယ်။

“ဒီထဲက ငွေ တစ်ကျပ်တစ်ပဲဟာ ငါတို့အတူ ကျော်ဖြတ်ခဲ့တဲ့လမ်းကို မှတ်သားထားတယ်။ ငါနင့်ကို အဲလောက်တောင် ချစ်ခဲ့မှန်း ကိုယ့်ကိုယ်ပြန်သတိထားမိလို့ ငွေ ၁ဝဝဝ ငါထပ် စုလိုက်တယ်” လို့ သူက ပြောတယ်။

အမေပြောတဲ့ စကားတွေ မှန်ခဲ့ပါတယ်။ အချစ်ဆိုတာ လက်ထပ်ဖို့အတွက် ဖွင့်ခဲ့တဲ့ အကောင့်နံပါတ်ဖြစ်တယ်။ လက်ထပ်ပြီးနောက် လင်မယားကြားမှာရှိတဲ့ အမှတ်တရ၊ ပျော်ရွှင်ခြင်းတွေ၊ ရိုမန်တစ်ဖြစ်ရပ် အားလုံးကို ဒီအကောင့်ထဲ စုထည့်ဖို့ဖြစ်တယ်။ ဒီလို နေ့နေ့၊ လလ အပျော်တွေ စုတဲ့ အစုစာအုပ်လေးသာ ရှိခဲ့ရင် ဘယ်လောက်ပဲ ဆင်းရဲတဲ့ လက်ထပ်ခြင်းမျိုး၊ ပင်ပန်းတဲ့ လက်ထပ်ခြင်းမျိုး ဖြစ်ခဲ့ပါစေ အခက်အခဲ အားလုံးကို ကျော်ဖြတ်နိုင်ပါတယ်လေ….

လက်ထပ်ခြင်းအနုပညာ

အပြောကျယ်တဲ့လောကအလယ်မှာ သူသူငါငါ သွားလာလှုပ်ရှားရင်း မောပန်းတဲ့အခါ ဘယ်အရိပ်မှာခိုလို့  ဘယ်လိုအားအင်တွေယူရမှာလဲ။

လောကရဲ့ အခက်အခဲကျော်ဖြတ်ရတဲ့အခါ တစ်ဦးတည်း တစ်ယောက်တည်းကျော်ဖြတ်ရသည်ထက် အဖော်မွန်တစ်ယောက်နှင့်အတူ ကျော်ဖြတ်ရသည်က လူဘ၀တစ်အတွက်
ပိုလို့ အားအင်တွေတိုးပွားစေသည်လို့  ကျွန်တော်ကတော့ ယုံကြည်မိသည်။

တစ်ယေက်တည်းနေလို့ အခက်အခဲအပူအပင်တွေလျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။
နှစ်ယောက်အတူတူနေလို့ လည်းအခက်အခဲအပူအပင်တွေလျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။
လူဖြစ်လာကတည်းက အခက်အခဲ၊အပူအပင်တွေက ပါလာစမြဲ၊ရှိစမြဲ ပါပဲ။
ဘယ်နေရာမှာနေနေ၊ ဘယ်သူနဲ့ နေနေ အပူမဲ့စွာ မနေရပါဘူး။

ဒါပေမယ့်လို့ အရေးကြုံ့ လို့  အနားလှည့်ကြည့်တဲ့အခါ နားလည်စွာကိုယ့်လက်ကိုဆုပ်ကိုင်ရင်း အားအင်တွေပေးမည့်ရှိတော့ ပင်ပန်းသမျှအမောပြေသလို၊ ရှေ့  လျှောက်ရမယ့်ခရီးလမ်း အတွက်လည်း အားအင်တွေဖြစ်စေတယ်လို့ ကျွန်တော်တော့ယုံကြည်မိသည်။

ဒီအခက်အခဲ ဒီအပူတွေ ဘယ်ရင်မှာ နားခိုပြီးဖြေသိမ့်ရမလဲလို့  -မေးလာခဲ့ရင် သေချာစွာဖြေဆိုနိုင်သူတွေရှိသလို။ ယောင်ယောင်ဝါးဝါးနဲ့  ပြေးရှောင်သွားတာတွေလည်း မနည်းလှပါဘူး။

ဒီရင်မှာခိုလို ၊ဒီအရပ်မှာပျော်မယ်လို အသေအချာပြောနိုင်ရင် ဒီလူ့ မှာ မျှော်လင့်ချက် တစ်ခုတော့ရှိရမယ်။
ဒီမျှော်လင့်ချက်ကတော့ ချစ်ခြင်းမေတ္တာပါပဲ။

ချစ်ခြင်းမေတ္တာဆိုတာ နူးညံ့လွန်းလို့ ။သိမ်မွေ့ လွန်းလို့ -ယုယဖို့ သေချာဖို့  နေ့ ရက်များစွာ ရှင်သန်နိုင်စေဖို့  နေရာတစ်ခုမှာ ကျွန်တော်ပြုစုပျိုးထောင်ရပါတယ်။

အဲဒီနေရာလေးကို “အိမ်” လို့ ခေါ်ပါတယ်။

.

.

.

လောကမှာ ကျောချစရာ နားခိုဖို့ ရာအများသားဆိုပေမယ့် ဘ၀တစ်ခု တည်ငြိမ်မှုအတွက် ခိုင်မြဲမှုကိုပေးနိုင်တာ “အိမ်” ဆိုတာပါပဲ။

အိမ်ရယ်လို့ ဖြစ်လာဖို့  အဆောက်အဦးတည်ဆောက်မှုအပြီးမှာ ချစ်ခြင်းမေတ္တာဖြင့် လွမ်းခြုံပေးမှ “အိမ်” ရယ်လို့ သတ်မှတ်လို့ ရတာပါ။ ချစ်ခြင်းမေတ္တာ မလွှမ်းခြုံနိုင်သမျှ အဆောက်အဦးမျှသာလို့  လောက၀န်းကျင်မှာ သတ်မှတ်ထားတာပါ။

ဒီလိုနဲ့ ပဲ ချစ်ခြင်းမေတ္တာကို ရှင်သန်စေဖို့ ၊ ချစ်ခြင်းမေတ္တာကို ယုယဖို့ ၊ ချစ်ခြင်းမေတ္တာကို သေချာဖို့  အိမ်ယာတစ်ခုတည်ထောင်ကြတော့မှာပေါ့။

ဘယ်သူနဲ့  လဲ လို့ မေးလာခဲ့ရင်
. . . . .စိတ်တူ၊ကိုယ်တူချစ်တဲ့သူနဲ့ ပေါ့။
KoKTH
လက်ထပ်ခြင်းအနုပညာ

.

.

.

သီတင်းကျွတ်ပြီဆိုတော့ . . .
မင်္ဂလာရက်မြတ်လက်ထက်မည့်သူတွေ ပျော်ရွှင်နိုင်ပါစေ..

ဘာပဲဖြစ်ဖြစ်

ချစ်သူရေ
လူကြီးတွေမှာ
မတရားတာ သုံးခု ရှိသတဲ့

ကိုယ်တိုင် အရက်သောက်နေသူတွေက
လူငယ်တွေကို အရက် မသောက်ဖို့ တားတယ်။

ကိုယ်တိုင် ဆေးလိပ်သောက်သူတွေက
လူငယ်တွေကို ဆေးလိပ် မသောက်ဖို့ တားတယ်။

ကိုယ်တိုင် အိမ်ထောင်ပြုခဲ့သူတွေက
လူငယ်တွေကို အိမ်ထောင်မပြုဖို့ တားတယ်။

ပထမ နှစ်ချက်က
လူငယ်တွေ လိုက်နာသင့်တဲ့အချက်ပါ။
လူကြီးတွေမှားခဲ့သလို
အမှားသိဖို့ လိုပါတယ်။

ဘာပဲဖြစ်ဖြစ်
တတိယအချက်ကိုတော့
ကိုယ်ချိုးဖျက်တော့လိုက်တော့မယ်။

ဒီလိုနဲ့ ပဲ …

တတိယအချက်ကိုတော့
ချိုးဖျက်လိုက်ပါသည်။

. . . . . . x . . . .x. . . . . x . . . . . x . . . . . .

မကြာခင်မှာ သီတင်းကျွတ်တော့မည် ဖြစ်သည့်အတွက်- ဒီကဗျာလေးကို အစီအစဉ်ရှိနေသူများအတွက် ရည်စူး၍ စမ်းချောင်းဂျာနယ်မှ ဂုဏ်ပြု လိုက်ပါတယ် ။

မည်သူတွေ  တတိယအချက်ကို     ချိုးဖျက်မှာလဲ၊

တန်ဖိုးထား မြတ်နိုးပါ

ဘ၀ မှာ ဘာတွေ ပိုင်ဆိုင်နေဖို့ လိုအပ်ပါသလဲ

ချစ်သူတွေတည်လဲတွဲနိုင်ဖို့ လိုအပ်ပါသလား
ဘွဲ့ တွေအများကြိးပိုင်ဆိုင်ထား လိုအပ်ပါသလား
ငွေတွေအများကြီး လိုအပ်ပါသလား
လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ အာဏာလိုအပ်ပါသလား

ဘ၀ မှာ
ချစ်ခြင်းမေတ္တာတွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ပါဘူး။
ချစ်ခြင်းမေတ္တာတွေ အများကြီးပေးဆပ်လိုက်ရလို့သာ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

“အကောင်းဆုံး၊အလှဆုံးအရာကို ဖန်တီးခဲ့ပြီးပြီ” ဆိုတဲ့အသိနဲ့ ဘ၀သည် ပို၍နေပျော်သွားခဲ့သည်။

ဘ၀ ဆိုတာ ခဏလေးပါပဲ
အကြောင်းအရာတွေဆိုတာလဲ ခဏလေးပါပဲ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။

ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။
ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?
နှုတ်ဆက်ခွင့်ရနိုင်မလဲ?

သူတို့ ကိုယ်တိုင်လည်းမသိကြပါဘူး။

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
မောင်နှမလို့  အမည်တပ်ဖို့ လွယ်ကူပါသလား?
မိဘလို့  အမည်တပ်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
ချစ်သူလို့  အမည်တပ်ဖို့ လွယ်ကူပါသလား?

မလွယ်ကူတဲ့ အကြောင်းအရာတွေအကြားမှာ ကျွန်တော်တို့ တစ်တွေ တွေ့ ခွင့်ရခဲ့တယ်။ ဆုံခွင့်ရခဲ့တယ်။

ဒီလို တွေ့ တဲ့အခါ ဆုံတဲ့အခါ -ကျွန်တော်တို့  ဘယ်လိုဆက်ဆံကြမလဲ.

စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။
ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး”
တဲ့…..

ဟုတ်ပါတယ်။ ကံမပါရင် ပခုံးချင်းယှဉ်တိုက်သွားရင်တောင် ရင်းနှီးခွင့်မရပါဘူး။

ကံ အကြောင်းတရားတွေရှိနေလို့ သာ ရင်းနှီးခွင့်ရခဲ့တာပါ..

ရင်းနှီးခွင့်ရတဲ့အခါ စော်ကားခြင်းအမှုကို မပြုဘဲ တန်ဖိုးထားတုန့် ပြန်ရအောင်။
အပြစ်အကြောင်းမပြောဘဲ အချစ်အကြောင်းပဲပြောရအောင်။
ဖောက်ပြန်ခြင်းအမှုမပြုဘဲ စောင့်ရှောက်ခြင်းအမှုကိုပြုရအောင်။

ဒီလိုနဲ့ . . . . .တစ်ယောက်တစ်နေရာဆီသွားရမယ့် အချိန်ရောက်ပြီ်ဆိုရင်-
ဒဏ်ရာမပေးဘဲ ၊ လှပတဲ့ အကြင်နာနဲ့ ၊ ခိုင်မြဲတဲ့ မေတ္တာကိုပဲ လက်ဆောင်အဖြစ်ပေးရအောင်။

ဒီလိုဆို ဘ၀သည် နေ့ ရက်တိုင်းမှာ လှပနေမှာပါ။

စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”

ဆုံးရှုံးခြင်း

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို “ဆိုကရေးတီး”ကတွေ့တော့ “ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ” လို့ မေးလိုက်တယ်။

အသည်းကွဲသူက “ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်” လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး “မင်း တော်တော်တုံးတယ်” လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး “ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား” လို့ ပြောတော့ “မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ” လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

Come away with me

 Norah Jones – Come away with Me

Come away with me in the night
Come away with me
And I will write you a song

Come away with me on a bus
Come away where they can’t tempt us
With their lies

I want to walk with you
On a cloudy day
In fields where the yellow grass grows knee-high
So won’t you try to come

Come away with me and we’ll kiss
On a mountaintop
Come away with me
And I’ll never stop loving you

And I want to wake up with the rain
Falling on a tin roof
While I’m safe there in your arms
So all I ask is for you
To come away with me in the night
Come away with me

အချစ်ရဲ့ ကယ်တင်ရှင်

တစ်ခါတုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ပညာ ဗဟုသုတ၊ အချစ် အစရှိတဲ့ ခံစားချက်ပေါင်းစုံ နေထိုင်ကြတယ်တဲ့။ တစ်နေ့မှာ အဲဒီကျွန်း ရေမြုပ်တော့မယ့် အကြောင်း အားလုံးသိလိုက်ရတော့ သင်္ဘောတွေ ကိုယ်စီဆောက်ပြီး ကျွန်းက ခွာကြပါတော့တယ်။ “အချစ်” ကလွဲလို့ပေါ့။ “အချစ်”ကတော့ ကျွန်းမှာပဲ နေခဲ့ချင်ပြီး နောက်ဆုံးအချိန်အထိ ကျွန်းကို တတ်နိုင်သမျှ ဖက်တွယ်ထားချင်ရှာပါတယ်။

ဒါပေမယ့် ကျွန်းတစ်ကျွန်းလုံး တကယ်တမ်း နစ်မြုပ်တော့မယ့်အခါကျတော့ “အချစ်” ဟာ တခြားသူတွေကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

အဲဒီအချိန်မှာ “ချမ်းသာခြင်း”က အနားကနေ ကြီးမားခန့်ညားတဲ့ သင်္ဘောတစ်စင်းနဲ့ ဖြတ်သွားတော့ “အချစ်”က… “ကိုချမ်းသာရေ ကျွန်တော့ကို ခင်ဗျားနဲ့ ခေါ်သွားပါလားဗျာ” လို့ အကူအညီ တောင်းလိုက်ပါတယ်။ “ချမ်းသာခြင်း” က “မခေါ်နိုင်ပါဘူးကွာ။ ငါ့သင်္ဘောပေါ်မှာ ရွှေတွေ ငွေတွေ အများကြီးနဲ့ ပြည့်နေလို့ မင်းအတွက် နေရာမရှိဘူးကွ” လို့ ပြန်ပြောပါတယ်။

အဲဒါနဲ့ “အချစ်”လည်း အနားက အင်မတန်လှပတဲ့ သင်္ဘောနဲ့ ဖြတ်သွားတဲ့ “မာန်မာန”ကို အကူအညီတောင်းဖို့ ဆုံးဖြတ်ပြီး “မမာန်မာနရေ… ကျွန်တော့ကို ကူညီပါဦးဗျာ”လို့ လှမ်းပြောလိုက်တော့ “မာန်မာန”က “ကျွန်မရှင့်ကို မကူညီနိုင်ပါဘူး ကိုအချစ်ရေ။ ရှင့်တကိုယ်လုံး စိုရွှဲနေတာကြီးကို… ကျွန်မသင်္ဘော ပျက်စီးမှာပေါ့” လို့ပြန်ပြောပါတယ်။

အဲဒီလို ပြောနေတုန်း “၀မ်းနည်းခြင်း” ရဲ့သင်္ဘော အနားရောက်လာတော့ “အချစ်”က “ကိုဝမ်းနည်းရေ ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့ပါရစေဗျာ” လို့ အကူအညီ တောင်းပြန်ပါတယ်။ “၀မ်းနည်းခြင်း”ကလည်း “ကိုအချစ်ရေ… ကျုပ် သိပ်ကိုဝမ်းနည်းနေလို့ တစ်ယောက်ထဲပဲ နေချင်လို့ပါဗျာ” လို့ ပြန်ပြောပါတယ်။

“ပျော်ရွှင်ခြင်း”ရဲ့သဘောင်္လည်း “အချစ်”နားက ဖြတ်သွားပေမယ့် ခင်ပျော်ရွှင် တစ်ယောက် အရမ်းပျော်နေလို့ “အချစ်”လှမ်းပြောတာကိုတောင် မကြားလိုက်ပါဘူး။

အဲဒီအချိန်မှာပဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပါတယ်… “လာ မောင်အချစ်။ မင်းကို ငါခေါ်သွားပါ့မယ်…” အတိုင်းမသိ ၀မ်းသာသွားတဲ့ “အချစ်”တစ်ယောက် ဘယ်ကိုသွားမှာလဲ ဆိုတာကိုတောင် မမေးတော့ဘဲ အဲဒီကယ်တင်ရှင် ခေါ်ရာကို လိုက်သွားပါတော့တယ်။ ကယ်တင်ရှင်လည်း ခြောက်သွေ့ဘေးကင်းတဲ့ ကုန်းမြေတစ်ခုအရောက်မှာ “အချစ်”ကို ထားခဲ့ပြီး သူ့လမ်းသူ ဆက်ထွက်ခွာ သွားပါတော့တယ်။ ကယ်တင်ရှင်ရဲ့ ကျေးဇူးကြီးပုံကို အောက်မေ့ရင်း “အချစ်”က “ပညာဗဟုသုတ” နဲ့ တခြားလူကြီးသူမတွေကို မေးပါတယ်။

“စောစောက ကျွန်တော့ကို ကူညီသွားတာ ဘယ်သူလဲဆိုတာ သိပါရစေ ခင်ဗျာ”
“အဲဒါ အချိန် ကွယ့်…” လို “ပညာဗဟုသုတ”က ဖြေပါတယ်။
“အချိန် ဟုတ်လား။ သူက ကျွန်တော့ကို ဘာလို့ ကူညီပါလိမ့်နော်…”
“ပညာဗဟုသုတ”က လေးလေးနက်နက် ပြုံးလိုက်ပြီး ဖြေပါတယ်… “ဘာလို့လဲဆိုတော့ အချိန်ကသာ အချစ်ရဲ့ တန်ဖိုးကို သိနားလည်နိုင်စွမ်း ရှိလို့ပေါ့ကွာ…”

ဒီဇာတ်လမ်းထဲက“အချစ်”ဟာ ၁၅၀၀ အချစ်တစ်မျိုးထဲ မဟုတ်ဘဲ ကျန်တဲ့ အချစ်အမျိုးအစား အားလုံးကို ကိုယ်စားပြုတယ်လို့ ထင်ပါတယ်။ အားလုံးပဲ ကိုယ့်ဘ၀ထဲဝင်လာတဲ့သူ အားလုံးကို စစ်မှန်စွာ ကြာရှည်စွာ စိုပြီးတဲ့လက် မခြောက်စေဘဲ ချစ်နိုင် မေတ္တာထားနိုင်ကြပါစေ…

Article Courtesy – “Shwe Pyi Thu”

အသည်းကွဲနေရင်

“လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြဘူး” လို့ ပြောလေ့ရှိကြပါတယ်။ အချစ်နဲ့ မကင်းနိုင်ကြတဲ့အတွက် အချစ်ရဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေကို ခံစားရသလို ဆိုးပြစ်တွေကိုလည်း ရင်ဆိုင်ကြရမှာပါပဲ။ အဲဒီအထဲမှာ အသည်းကွဲခြင်းဆိုတာလည်း ပါတာပေါ့နော်။ ကျွန်မကတော့ အသည်းကွဲခြင်းကို အချစ်ရဲ့ ဆိုးပြစ်ထဲမှာရော ကောင်းကျိုးထဲမှာပါ မထည့်ချင်ပါဘူး။ ရင်နဲ့အမျှ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ကြားက သူဟာ ကောင်းကျိုးတွေကိုပါ သယ်ဆောင်လာတတ်လို့ပါ။ “ဒီလောက် ခံစားနေရတာကို ဘာများကောင်းတာ ရှိဦးမှာလဲ”လို့ မေးချင်စရာပါပဲ။ ဒါပေမယ့် အဲဒီခံစားနေရတဲ့ ဒဏ်ကို တန်ပြန်တွန်းလှန်ရင်း ရလာတဲ့အားကို အရယူတတ်ရင် ကိုယ့်ဘ၀အတွက် တိုးတက်မှုတစ်ခုခု အောင်မြင်မှုတစ်ခုခုကို ရတတ်လို့ပါ။ ဝေဒနာမှန်ပေမယ့် ကုစားတတ်ရင် ကိုယ့်အတွက် အကျိုးရှိစေမယ့် ဝေဒနာတစ်မျိုးလို့ပဲ ထင်မိပါတယ်း)

ဒီအတွေးကို အသည်းကွဲနေရင် ဘယ်လိုကုစားရမလဲ ဆိုတဲ့ အချက်လေးတွေကို ဒီနေရာက ဖတ်မိရင်း ရလာလို့ ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

၁) ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပါ ~ ဆိုလိုချင်တာက ကိုယ့်ရင်ထဲမှာ ခံစားနေရပါရက်နဲ့ ကိုယ်ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး မနေသင့်ပါဘူး။ ငိုတာဟာ ဘာမှမှားယွင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ (ဒီနေရာမှာ ကျွန်မ ယောက်ျားလေးတွေကိုရော စိတ်မာတဲ့ မိန်းကလေးတွေကိုပါ ပြောချင်တာက ငိုချင်စိတ်ပေါက်လာရင် ငိုသာငိုချ ပစ်လိုက်ပါ။ လူတွေရှေ့မှာ မာနနဲ့ တင်းထားမိရင်တောင် ဘယ်သူမှ မရှိတဲ့နေရာမှာ တိတ်တိတ်လေး ငိုလို့ရပါတယ်။ ငိုဖို့အတွက် မျက်ရည်ဆိုတာ ကျွန်မတို့ လူသားတွေရဲ့ စိတ်ထွက်ပေါက်အတွက် သဘာဝက ပေးထားတဲ့လက်ဆောင် တစ်ခုပါ။ ဒါကြောင့် မိန်းကလေးရော ယောက်ျားလေးပါ အသုံးပြုခွင့်ရှိပါတယ်။)

၂) ကိုယ့်ကိုဂရုစိုက်တဲ့လူတွေနဲ့ ဆက်သွယ်ပါ ~ ကိုယ့်ခံစားချက်တွေကို သူတို့တွေနဲ့ မျှဝေရင်ဖွင့်ပါ။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ကို သူတို့ပံ့ပိုးပေးနိုင်တဲ့ အားကို လျော့မတွက်ပါနဲ့။ (ကိုယ့်ခံစားချက်ကို ပြက်ရယ်မပြုတတ်တဲ့ ကိုယ်တကယ် ယုံကြည်ရတဲ့သူ ဖြစ်ဖို့တော့ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။)

၃) ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ပါ ~ အသည်းကွဲနေတဲ့ အချိန်တွေမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ်သာ ဂရုမစိုက်မိရင် ကျန်းမာရေး အခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ (အသည်းကွဲနေတုန်း နေမကောင်းဖြစ်ရတာ တော်တော့ကို နာကျင်ခံစားရတဲ့ ကိစ္စပါပဲ။)

၎) တစ်ချို့လူတွေကတော့ ခရီးသွားရတာ ကြိုက်ကြပါတယ်။
(ခရီးသွားတာ ကြိုက်တဲ့လူတွေအတွက်တော့ စိတ်ပြေလက်ပျောက်ဆိုသလို ပတ်ဝန်းကျင် အပြောင်းအလဲ အာရုံအပြောင်းအလဲ ဖြစ်အောင် ခရီးသွားတာဟာလည်း စိတ်သက်သာရာ ရစေမှာပါ။ ခရီးသွားရတာ မကြိုက်တဲ့ ကျွန်မလို အိမ်တွင်းအောင်းတတ်သူတွေ အတွက်ကတော့ သိပ်ကောင်းတဲ့ အကြံဥာဏ် မဟုတ်ပါဘူး။ ခရီးကလည်းပန်းသေး အသည်းကလဲကွဲသေးဆိုရင် ပိုပြီး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတာပဲ အဖတ်တင်မှာပါး)

၅) အသည်းကွဲခြင်းကို ဖြတ်ကျော်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်တကယ် နှစ်သက်တာ တစ်ခုခုကို လုပ်နေတာပါပဲ။ ကိုယ့်ဝါသနာတစ်ခုခု (သို့) ကိုယ့်ရဲ့အလုပ် (သို့) တခြားဘာမဆို ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘာသာ တစ်ခုခုနဲ့ အလုပ်ရှုပ်နေရင် အသည်းကွဲတာကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်မှာပါ။ (ကျွန်မ ဒီPostရဲ့ အစပိုင်းမှာ ပြောခဲ့တဲ့ အသည်းကွဲတာကို ကုစားရင်းနဲ့ တိုးတက်မှုရတတ်တယ် ဆိုတာ ဒီအချက်နဲ့ ဆက်စပ်နေပါတယ်။ အသည်းကွဲတဲ့ဒဏ်ကို အလုပ်ထဲမှာ နှစ်မြုပ်ကုစားရင်းနဲ့ အလုပ်မှာ အောင်မြင်သွားတဲ့လူတွေ၊ ကိုယ့်ချစ်သူ (သို့) ချစ်ရသူအတွက် ခံစားချက်တစ်ခုခု ကြောင့် အပြင်းအထန်ကြိုးစားရင်းနဲ့ ထူးချွန်သွားတဲ့လူတွေ ကျွန်မတကယ်ပဲ တွေ့ဖူးလို့ပါ။)

ဒီဆောင်းပါးလေးမှာ နောက်ဆုံးရေးထားတာက ကိုယ့်ကိုကိုယ် အချိန်ပေးပါတဲ့။ ဒီလိုအရာမျိုးက ခပ်မြန်မြန်ကုစားလို့ မရပါဘူးတဲ့။ ကိုယ့်ချစ်သူကို တကယ်မပြတ်နိုင်လို့ ပြန်ဆက်သွယ်ချင်တယ် ဆိုရင်လည်း ဇာတ်လမ်းကို ပြန်မစခင်မှာ အရင်ကအမှားတွေကို ပြန်ဆင်ခြင်ပြီး သေချာပြင်ဆင်ပြီးမှ ပြန်စသင့်ပါတယ်တဲ့ရှင်။

အသည်းကွဲဖို့ပဲ ကံပါလာခဲ့ရင်လည်း ရှောင်လွှဲလို့ မရမဲ့အတူတူ အဲဒီက အားကိုယူပြီး ကြိုးစားနိုင်ရင် ကိုယ့်ဘ၀ရဲ့ အချိုးအကွေ့ကောင်း တစ်ခုကိုတောင် ဖန်တီးနိုင်မှာပါ။ အဲဒီလောက်အထိ မလုပ်နိုင်ဘူး ဆိုရင်လည်း အနည်းဆုံးတော့ ကိုယ်အဆုံးအစမရှိ ခံစားနေရတာတွေကနေ သက်သာအောင်တော့ ကိုယ့်ကိုကိုယ် ကယ်တင်နိုင်မှာပါ။ ကျွန်မကတော့ အသည်းမကွဲဖူးလို့ လွယ်လွယ်လေး ပြောနေတာလို့ မထင်စေချင်ပါဘူးရှင်။ စာနာစိတ်တစ်ခုနဲ့ အားလုံးကို စိတ်သက်သာရာ ရစေချင်တဲ့ စေတနာထားပြီး ရေးလိုက်တာပါး) ငိုတဲ့အချိန်လည်း ငိုပေါ့နော်။ ပြီးရင်တော့ ဘ၀အတွက် ရှေ့ဆက်ကြရမှာပါပဲ။ ခံစားချက်ကို ကိုင်တွယ်ရတာဆိုတော့ ခက်ချင် ခက်မှာပေါ့ရှင်။ ဒါပေမယ့် ဘာဖြစ်လို့ မလုပ်နိုင်ရမှာလည်း။ ကျွန်မတို့အားလုံး စွမ်းဆောင်နိုင်တဲ့ လူသားတွေပဲနော်…း)

မှတ်ချက်။ ။ http://shwepyithu.blogspot.com/ ကနေ ကူးယူထားတာပါ။

အချစ်သည် “ရှင်သန်စေတဲ့ဆေး”

ချစ်ခြင်းအနုပညာ(၁) သို့ 

အချစ်သည် “ရှင်သန်စေတဲ့ဆေး”

ချစ်ခြင်းအနုပညာ(၂)

# ကိုယ်ချစ်သူအတွက်
ချစ်ခြင်းအနုပညာဖြင့်
တစ်ရက်ပြီးတစ်ရက်
ချစ်မြတ်နိုးရင်း
အချိန်ကာလတစ်ခုမှာ
ကိုယ့်ချစ်သူဟာ
“ဒီကမ္ဘာပေါ်မှာ အလှဆုံးသူတစ်ယောက်” ဆိုတာ
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
မှတ်တမ်းတင်ခဲ့တယ်။

Continue reading အချစ်သည် “ရှင်သန်စေတဲ့ဆေး”

ပြောင်းလဲနေတဲ့စိတ်တွေ

အီဂျစ်အဆိုအမိန့်တစ်ခုရှိပါတယ်။ ‘နိုင်းမြစ်ကြီးကမပြောင်းလဲပါဘူး၊ ပြောင်းလဲနေတာက ကျွန်တော်တို့ရဲ့ စိတ်တွေပါ’ တဲ့။
ပုံပြင်လို့ပဲ ဆိုပါတော့။
အီဂျစ်မိန်းမပျိုလေးတစ်ယောက်ရှိသတဲ့။ သူက မျက်စိမမြင်ရှာဘူးတဲ့။ မျက်မမြင်ဘ၀မို့လို့ သူ့ကိုယ်သူ မကျေနပ်ဖူးတဲ့။ သူ့မှာ ရည်းစားတော့ရှိတယ်။ သူ့ရည်းစားကလွဲရင် ဘယ်သူ့ကိုမှလဲ မကျေနပ်ဖူးတဲ့။ သူ့ရည်းစားကတော့ သူ့ကိုသိပ်ချစ်ပြီး သူ့ဘေးမှာ တစ်ချိန်လုံး နေပေး နေပါသတဲ့။ တစ်နေ့မှာကောင်မလေးက ‘အစ်ကိုရယ်’တဲ့ ‘ဒီကမ္ဘာလောကကြီးကို မြင်ခွင့်ရရင်၊ ဟောဒီ နိုင်းမြစ်ကြီးစီးဆင်းနေတာကို မြင်ခွင့်ရရင် ကျွန်မအစ်ကို့ကို လက်ထပ်ပါ့မယ်’ လို့ ပြောသတဲ့။
တစ်နေ့မှာ ကောင်လေးကအီဂျစ်ဆေးပညာရှင်ကြီးတစ်ဦးနဲ့ တွေ့သတဲ့။ ဆေးဆရာကြီးက မင်းချစ်သူရဲ့ မျက်လုံးတွေကို အကောင်းပကတိအတိုင်း ပြန်မြင်အောင် ငါကုပေးနိုင်ပါတယ် လို့ပြောသတဲ့။ ဒါနဲ့ ကုကြရောဆိုပါတော့။ နောက်ဆုံးတော့ ကောင်မလေး ရဲ့ မျက်စိနှစ်ကွင်းဟာ အလင်းရသွားပါတယ်။ ကောင်မလေးက သိပ်ပျော်သွားတာပေါ့။ အီဂျစ်တိုင်းပြည်ကြီး ဟာ နေရောင်အောက်မှာ လှလိုက်တာ။ နိုင်းမြစ်ကြီးကလည်းစီးဆင်းလို့။ စွံပလွန်ပင်တွေကလဲ စိမ်းစိုလန်းဆန်းလို့။
သို့သော်
သူ့ချစ်သူကောင်လေးကတော့ သူ့လိုပဲ မျက်မမြင်လေးတစ်ယောက်ဖြစ်နေတာကို တွေ့ရပါ သတဲ့။ ကောင်လေးက ‘အခု ကမ္ဘာလောကကြီးကို မြင်ခွင့်ရပြီ၊ နိုင်းမြစ်ကြီးစီးဆင်းနေတာကိုလဲ မြင်ဖူးပြီ။ ဒို့လက်ထပ်ကြစို့’ လို့ ဆိုသတဲ့။ ကောင်မလေးက ‘ကျွန်မဘယ်လိုလုပ်ပြီးတော့ မျက်မမြင်တစ်ယောက်ကို လက်ထပ်နိုင်မှာလဲ’ လို့ ပြောပြီး ကောင်လေးကို ငြင်းပယ်လိုက် ပါရောတဲ့။ ကောင်လေးခမျာ ဘယ်လိုတောင်းပန်လို့မှ မရတဲ့အဆုံး မျက်ရည်တွေနဲ့ခွဲခွာ သွားရှာ ပါသတဲ့။ နောက်တော့ ကောင်မလေးဆီကို ကောင်လေးဆီက စာကလေးတစ်စောင် ရောက်လာပါတယ်။ ‘သူ့ကိုမချစ်တော့ပေမယ့် သူ့မျက်လုံးတစ်စုံကိုတော့ ဂရုတစိုက် စောင့်ရှောက်ပေးပါ’ တဲ့။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လူတွေရဲ့စိတ်တွေဟာ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲ နေတတ်ပါတယ်။ ကိုယ့်မှာ အားအနည်းဆုံးအချိန်တွေတုန်းက ကိုယ့်ဘေးမှာ အမြဲရှိနေပေးတဲ့သူတွေကို အသိအမှတ်ပြုပေးတတ်သူ ဆိုတာ သိပ်နည်းပါတယ်။
ဘာပဲပြောပြော နိုင်းမြစ်ကြီးကတော့ စီးဆင်းနေဆဲပါ။