Category Archives: နေထိုင်ခြင်းအနုပညာ

ဘာလို့

လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…
တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ၊
အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…ဘယ်တော့မှ
တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့။
အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။
Continue reading ဘာလို့

နည်းနည်း များများ

ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။
ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။

အဆင်ပြေမှုတွေ ပိုများလာတယ်၊
ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
Continue reading နည်းနည်း များများ

လဲကျတဲ့နေရာမှာပဲ လှဲမနေဖို့….

“လဲကျတဲ့နေရာမှာပဲ လှဲမနေဖို့၊ အမြဲတမ်း အသင့်အနေအထားမှာရှိဖို့၊ နွားသိုးတစ်ကောင်လို အရှိန်ပြင်းပြင်းနဲ့ အမြန်ထိုးတက်ဖို့ လက်ဝှေ့ပညာက ကျွန်တော်ကိုသင်ခဲ့ပါတယ်”

“အဘိုးအိုနဲ့ပင်လယ်” ဆိုတဲ့ ကမ္ဘာကျော် နာမည်ရစာအုပ်တစ်အုပ်ကို ရေးခဲ့တဲ့ ကမ္ဘာကျော် စာရေးဆရာ Ernest Miller Hemingway ပြောခဲ့တဲ့စကားပါ။

http://nineninesanay.blogspot.com/2009/08/blog-post_25.html

ကျွန်တော်တို့ လည်း လက်ဝှေ့ ပညာမတတ်ရင်တောင် သူလိုပဲ ကျိုးစားရအောင်။

စင်္ကာပူနိုင်ငံသား အဖြစ်ပြောင်းလဲမလား။

စင်္ကာပူနိုင်ငံသား အဖြစ်ပြောင်းလဲမလား။
ဒီမေးခွန်းက အတော် အရေးကြီးတဲ့ မေးခွန်းပါပဲ။
လူဘ၀ တစ်ခုသာမက မျိုးဆက်တစ်ခုလုံးအတွက်ပါ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာချနိုင်ဖို့ ရှုတောင့်အမျိုးမျိုးကနေ လေ့လာဖို့ လိုလိမ့်မယ်။
အခုနောက်ထပ် အမြင်တစ်ခုကို တင်ပြလိုက်ပါတယ် ။
ဒါမှာ download လုပ်ပါ။
ပထမ အမြင်နဲ့ ၊ ဒုတိယအမြင် ယှဉ်တွဲ လေ့လာကြည့်ရင် ပိုမို ခိုင်မာစွာဆုံးဖြတ်နိုင်မယ့်လို့  ယုံကြည်ပါတယ်

စိတ်အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့ အချိန်မှာ အော်ပြီး ပြောကြတာလဲ” ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။

ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

“လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေစိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ”
ဆရာကဆက်ပြီး….

“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား…။
အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။
ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။
အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”

“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။
စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

တစ်ကြိမ်အောင်မြင်ရင် ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

“တစ်ကြိမ်အောင်မြင်ရင် ရပြီ”
Continue reading တစ်ကြိမ်အောင်မြင်ရင် ရပြီ

စင်္ကာပူနိုင်ငံသားအဖြစ်ကို ပြောင်းတော့မယ်ဆိုခဲ့လျှင်

စင်္ကာပူနိုင်ငံသားအဖြစ်ကို ပြောင်းတော့မယ်စဉ်းစားနေတဲ့ မြန်မာများအနေနဲ့ မပြောင်းခင် ဖတ်ရှုသင့်တဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။ ဆောင်းပါးရှင်ဟာ အချက်အလက်၊ အထောက်အထားပြည့်စုံစွာနဲ့ ဝေဖန်သုံးသပ်ပြထားပါတယ်။

http://www.scribd.com/doc/18681880/Myanmar-Singaporean11

ဆောင်းပါးရှင် အမည်ကို မသိတဲ့အတွက် အမည်မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။ ရေးသူ ဘယ်သူပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ရေးတဲ့အတွက် အထူး ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။

မြန်မာလူမျိုးတွေအပေါ်စေတနာထားသော ကိုပေါ (http://kopaw07.blogspot.com/)ပိတောက်ရိပ်မှ ရယူထားပါသည်။ ဆောင်းပါးရှင်မှာ ကိုပေါ မဟုတ်ပါဘူး။

မြန်မာလူမျိုးများ ဖတ်သင့်သော ဆောင်းပါးတစ်ပုဒ်ပါ။


Team Work

ပထမဆုံးအကြိမ် လကမ္ဘာပေါ် ခြေချသူနှစ်ဦးရှိခဲ့တယ်။ အားလုံးသိကြတဲ့ Neil Armstrong‎ အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong‎ စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားက ဒီနေ့ချိန်ထိ ဆိုရိုးစကားအဖြင့် သုံးခဲ့ကြတယ်။

“ကျွန်တော်ရဲ့ခြေလှမ်းငယ်တစ်လှမ်းက ကမ္ဘာပေါ်က လူတွေအတွက် ခြေလှမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်”

လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှာ သတင်းထောက်တစ်ဦးက Buzz Aldrin ကို အဖြေရကျပ်တဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။

“Armstrong‎ လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား”

ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။

ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ကနေ ကျွန်တော်အရင်ဆုံး ထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တစ်ခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ် ပထမဆုံး ခြေချခဲ့သူဖြစ်တယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့ဗျာ…

ပရိသတ်ရဲ့ ရယ်မောသံနဲ့အတူ အားရကျေနပ်တဲ့ လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။

လုပ်ဖော်ကိုင်ဖက်ရဲ့ အောင်မြင်မှုကို သင်လေးစား၊ တန်ဖိုးထားခဲ့ဖူးပါသလား?
သူ့အတွက် ကိုယ့်လက်ခုပ်သံကို ပေးခဲ့ဖူးပါသလား?
အောင်မြင်မှုမှာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ အတ္တတွေနဲ့ ခွဲခြားသတ်မှတ်စရာ မလိုပါဘူး။ အဖွဲ့ရဲ့အောင်မြင်မှုက ကိုယ့်အောင်မြင်မှုပဲဖြစ်တယ်။

—————— နိုင်းနိုင်းစနေ ——————-

email နဲ့ ရထားတဲ့ နိုင်းနိုင်းစနေ ဆီက စာတစ်ပုဒ်ပါ။

Team Work အကြောင်းကို အများသိတဲ့ သာဓက တစ်ခုနဲ့  တင်ပြထားပါတယ်။

Team Work ဆိုတာ နေရာတကာအရေးကြီးပါတယ်။

အနောက်နိုင်ငံတိုးတက်တာ၊ ဂျပန်နိုင်ငံတိုးတက်တာ Team Work ကောင်းလို့ ပါ။

တစ်ဦးတစ်ယောက်ကြောင့်မဟုတ်ဘဲ။ စုစုစည်းစည်း မျှမျှဝေေ၀ အလုပ်လုပ်လို့ အောင်မြင်တာပါ။

ကျွန်တော်တို့  မြန်မာပြည်မှာကော Team Work အလေ့အကျင့် ကောင်းမွန်ပါသလား။

?

ဘာပဲ ဖြစ်ဖြစ် အားလုံး စုစုစည်းစည်း မျှမျှဝေေ၀ နားလည်စွာနဲ့ အလုပ်လုပ်မှ အောင်မြင်မှာပါ။

ရှိ ပါ စေ

သန်စွမ်းသူ ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။

လူသားဆန်ဖို့ လုံလောက်တဲ့ ပူဆွေးမှုတွေ ရှိပါစေ။

ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့ ဖန်တီးမှုတွေ ရှိပါစေ။

ချစ်တတ်သူ ဖြစ်ဖို့ လုံလောက်တဲ့ စောင့်ရှောက်မှုတွေ ရှိပါစေ။

အဓိပ္ပါယ်ရှိသောနေ့ တစ်နေ့ ဖြစ်ဖို့  မျှော်လင့်ချက်တွေ ရှိပါစေ။