Category Archives: ဗဟုသုတ
Internet vs Blog
Blog ဆိုတာ Web Log ကနေ စတင်ခဲ့ပါတယ်။
Web ဆိုတာ Internet ကို ရည်ညွှန်းပြီး။
Log ဆိုတာ မှတ်တမ်း ကို ရည်ညွှန်းပါတယ်။
Internet ပေါ်မှာ မိမိရဲ့ အတွေ့ အကြုံ များ။ ခံစားချက်များ စသည်တို့ ကို မှတ်တမ်းတင်ထားပြီး မည်သူမဆို (ဒါမှ မဟုတ် – သတ်မှတ်ထားသောသူများကို) မျှဝေပးဖို့ ရည်ရွယ်ပြီး Blog တွေ စတင် ခေတ်စားလာပါတယ်။
အဲဒီမှာ အငြင်းပွားစရာ မေးခွန်းတွေ ဖြစ်လာပါတယ်။
စာရွက်ပေါ်မှာ မှတ်တမ်းရေးတာနဲ့ Internet အပေါ်မှာ မှတ်တမ်းရေးတာ ဘာကွာခြားလဲ။
ဘယ်လို အကြောင်းအရာတို့ ကို စာရွက်ပေါ်မှာ မှတ်တမ်းထားပြီး။ ဘယ်လို အကြောင်းအ၇ာကို မှတ်တမ်းရေးရမလဲ။
ကျွန်တော် အဖြေကတော့ ရှင်းရှင်းလေးပါ။
Internet အပေါ်မှာ မှတ်တမ်းထားရှိတဲ့အခါ – ပိုမို စနစ်ကျပါတယ်။ မိမိ လိုချင်သော အကြောင်းအရာကို ရှာဖွေရတာ လွယ်ပါတယ်။ နောက် သူငယ်ချင်းမိတ်ဆွေတွေကို မျှဝေချင်သလား။ မိနစ်ပိုင်းအတွင်း မျှဝေလို့ ရပါတယ်။
စာရွက်ပေါ်မှာေ၇းထားတာ -မိမိ လိုချင်သော အကြောင်းအရာကို ရှာဖွေတဲ့အခါ – ခက်ခဲစွာရှာဖွေရပါတယ်။
နောက် သူငယ်ချင်းမိတ်ဆွေတွေကို မျှဝေချင်သလား။ အနည်းဆုံးတော့ မိတ္တူကူးပေးရပါလိမ့်မယ်။
ဒါကြောင့် – စနစ်တကျ မှတ်တမ်းထားလိုပါသလား – blog ရေးပါ။
မျှဝေပေးဖို့ ဆန္ဒမရှိဘူးလား။ ဒါလည်း ဖြစ်ပါတယ် -မိမိ မှလွဲပြီးတခြားသူတွေ ဖတ်လို့ မရအောင် ပိတ်ထားလို့ ၇ပါတယ်။
တချိန်ချိန်မှာ မျှဝေပေးချင်ပါသလား- ပိတ်ထားတာကို ဖွင့်လိုက်ရုံပါပဲ။
နောက်တခုက မိမိမှတ်တမ်းများကို Internet ပေါ်မှာ ထားတဲ့အတွက် Internet ရှိသော မည်သည့် နေရာတွင်မဆို အသုံးပြုလို့ ၇ပါတယ်။ နေရာ ကန့် သတ်ချက် မရှိတော့ပါဘူး။
အလွန်အရေးကြိးသော မှတ်တမ်းများတော့ blog မလုပ်ပါနဲ့ ။ ဥပမာ – ရည်းစားစာ၊ အကြွေးစာရင်း၊ ရည်းစားဟောင်းမှတ်တမ်း။
Blog တစ်ခု စတင်ေ၇းဖို့  ခက်ခဲသလား။ Microsoft Word တို့ လို သင်တန်းတက်ပြီးမှ ရေးလို့ ရတာလား။
အခု အချိန်မှာ Blog တစ်ခု စတင်ဖန်တီးရတာ လွယ်ကူလာပါပြီ။ ငွေကြေးကုန်ကျမှုလည်း မရှိပါ။
Blog အလွယ်တကူရေးလို့ ရအောင် လုပ်ပေးတဲ့ Engine တွေ ပေါ်ထွက်လာပါပြီ။
www.blogger.com – Google က ပိုင်ဆိုင်တာပါ။ Gmail Account ရှိရင် စသုံးလို့ ရပါပြီ။ စိတ်မကောင်းစရာ ပြောရရင် မြန်မာပြည်မှာ ပိတ်ပင်ထားဆီးထားပါတယ်။
www.wordpress.com – သူကတော့ ကျွန်တော့်အကြိုက်ပါပဲ။ ဘာကြောင့် ကြိုက်တာလဲ ဆိုတာကို နောက်ပိုင်းမှာ သီးသန့် ရှင်းပြပါမည်။
တခြားသော Blog Engine Platform တွေ များစွာရှိနေပါပြီ။
မိမိနှင့်သင့်တော်ရာ platform ကိုရွေးပါ။
Account ဖွင့်ပါ။ နံမည် လှလှ ရွေးပါ။ အဲဒီနောက် Microsoft Word မှာ စာရိုက်သလို့ စာရိုက်ပြီး မိမိရဲ့  Blog ကို ဖန်တီးလို့ ရပါတယ်။
Blog တွေကို ဘယ်လိုလူတွေက ရေးသလဲ။
ထင်ရှား ကျော်ကြားတဲ့သူတွေ မှာ Blog ရှိပါတယ်။
သူတို့  ဘာလုပ်နေတဲ့အကြောင်း။ အများပြည်သူကို အသိပေးလိုတဲ့အကြောင်းတွေကို သူတို့ ရဲ့ Blog မှာ ရေးပါတယ်။
နောက် စာရေးရတာ ၀ါသနာပါသူတွေ Blog ရေးပါတယ်။
Blog ရေးသူကို Blogger လို့ ခေါ်ပါတယ်။
Blog အကြောင်း ပြောပြီးတော့
Blog နဲ့  Web Site တွေနဲ့  ဘယ်လို ကွာခြားသလဲ။
Blog ကတော့ ရေးသားမှုတွေကို- နေ့ စွဲနဲ့  အစီအစဉ်တည်ဆောက်ထားပါတယ်။
ဒီနေ့ ရေးတာ အရင်ဖော်ပြထားပြီး မနေ့ ကရေးထားတာ၊ အရင်လတုန်းက ရေးထားတာ နောက်မှာဖော်ပြထားပါတယ်။ ဒိုင်ယာရီ ဆန်ဆန် ဖြစ်ပါတယ်။
Web Site ကတော့ – အကြောင်းအရာနဲ့  စီစဉ်ထားတာပါ။ တူရာတူရာ အကြောင်းအရာတွေ စုပြီး menu ပုံစံနဲ့  စုစည်းဖော်ပြထားပါတယ်။
မြန်မာလူမျိုးတွေထဲမှာ Blog ရေးပြီး ထင်ရှားလာသူတွေ အများကြီးရှိပါတယ်။
ကျွန်တော်သိရသလောက် ပြောရရင်-
တစ်ဦးချင်း ရေးတဲ့ သူတွေမှာ –
နိုင်းနိုင်းစနေ (http://www.99sanay.com/) သူကတော့ အမျိုးသမီးပါ။ စိတ်ဓာတ်ခွန်အားပေးတဲ့ အကြောင်းအရာတွေ အများဆုံးရေးပါတယ်။
ညီလင်းဆက် (http://blog.nyilynnseck.com/) သူကတော့ အမျိုးသားပါ။ ကွန်ပျူတာ နည်းပညာအကြောင်းနဲ့  မြန်မာစာ အကြောင်း အများဆုံးရေးပါတယ်။
စေတန် (http://www.saturngod.net/) သူကတော့ အမျိုးသားပါ။ ကွန်ပျူတာ နည်းပညာအကြောင်းကို ပင်တိုင် ရေးပါတယ်။
တချို့ Blog တွေကတော့ အုပ်စု စုပြီး ရေးတဲ့ Blog တွေပါ။ ၀ါသနာတူရာတွေ စုပြီး ရေးထားတာပါ။
http://www.myanmartutorials.com/
Blog နဲ့ ပတ်သတ်ပြီး အကူအညီပေးနေတဲ့ နေရာတွေလည်း ရှိနေပါတယ်။
http://mmbloggershelpdesk.blogspot.com/
http://mmwordpress.com/
အခြားခြားသော Blog ရေးပြိး ထင်ရှားသူတွေ၊ ထင်ရှားတဲ့ အုပ်စုတွေ အများကြီးရှိနေပါပြီ။
သူတို့ တွေအားလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်- မျှဝေပေးဖို့ ပါပဲ။
သင့် မျှဝေပေးဖို့  ဆန္ဒရှိပါသလား။
သင့်မှာ မျှဝေပေးဖို့  အကြောင်းအရာ ရှိပါသလား။
Blog ရေးပါ။
Internet နဲ့ ပတ်သတ်နေသော အကြောင်းအ၇ာများကို မည်သူမဆို အလွယ်ကူ နားလည်သိရှိနိုင်အောင် ရည်ရွယ်ပြီး ဒီ Post ကို  ရေးထားပါသည်။
အင်တာနက် အသုံးပြုနိုင်ရေးမှာ လူ့အခွင့်အရေး
ကုလသမဂ္ဂ က လွတ်လပ်စွာ အင်တာနက် အသုံးပြုနိုင်ရေးမှာ လူ့အခွင့်အရေး ဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က တရားဝင် ထုတ်ပြန်ခဲ့သည်။
လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်ဆိုင်ရာ ကုလ အထူးအရာရှိ Frank La Rue က
“တစ်ဦးချင်း လွတ်လပ်စွာ ပြောဆို ဖော်ပြခွင့် ရရှိရေးအတွက် အင်တာနက်မှာ အဓိက နည်းလမ်းတစ်ခု ဖြစ်လာကြောင်း”
ပြောဆိုခဲ့သည်။
Source: AFP
မောက္ခ နိုင်ငံတကာသတင်း
ကမ္ဘာပြားစေသော ရိုက်ချက်များ
ဆရာ ကျော်ဝင်းရဲ့  စင်္ကာပူနိုင်ငံ တတိယအကြိမ် စာပေ ဟောပြောပွဲ (24 April 2011, Sunday) မှ အသံဖိုင်ကို မျှဝေပေးထားပါတယ်။
၁၅ ရာစု မှ အခုလက်ရှိ အချိန်ကာလ အထိ ခေတ်အဆက်ဆက် ပြောင်းလဲ တိုးတက်လာသော လူအဖွဲ့ အစည်းအကြောင်း သာမန်လူများ နားလည်လွယ်အောင် ပြောသွားခဲ့ပါတယ်။
Continue reading ကမ္ဘာပြားစေသော ရိုက်ချက်များ
“သင်္ကြန်ချိန်ခါ နှုတ်ဆက်မင်္ဂလာ”
စမ်းချောင်းဂျာနယ်ရဲ့ လေးစားရတဲ့ ပရိသတ်ကို မြန်မာသက္ကရာဇ် ၁၃၇၂ မှ ၁၃၇၃သို့ ကူးပြောင်းတော့မယ့် အတာသင်္ကြန်အခါသမယမှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြစေဖို့ “သင်္ကြန်ချိန်ခါနှုတ်ဆက်မင်္ဂလာ” ဆိုတဲ့ ဒီဆောင်းပါးလေးနဲ့ မေတ္တာလက်ဆောင်ပါးလိုက်ရပါတယ်။
ကျွန်တော်တို့ မြန်မာအမျိုးကောင်းသားသမီးများဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံကြတဲ့အခါ “မင်္ဂလာပါ” လို့ “နှုတ်ဆက်” တဲ့ ဓလေ့ရှိပါတယ်။ အခုဆောင်းပါးမှာ တိပိဋက ယော ဆရာတော် ဘုရားကြီးရဲ့ “မင်္ဂလာ” ဆိုတဲ့ စကား၊ “နှုတ်” ဆိုတဲ့စကား နဲ့ “ဆက်” ဆိုတဲ့ စကားများကို တစ်လုံးစီ ခွဲလို့ အဓိပ္ပာယ်များ သီးခြားဖော်ထုတ်ပေးထားတာကို တစ်ဆင့်ပြန်လည်တင်ပြဆွေးနွေးမှာ ဖြစ်ပါ တယ်။
မင်္ဂလသုတ်မှာပါတဲ့ “သဗ္ဗပါပ၀ိနာသနံ” ဆိုတာ မကောင်းမှုများကို ဖယ်ရှားရှင်းလင်းပြီး ကောင်းမှုများ ပြုလုပ်ခြင်း ကို “မင်္ဂလာ” လို့ ဆိုလိုပါတယ်။ နောက်တစ်ခါ “နှုတ်” ဆိုတာဟာ မလိုတာကို ဖယ်ထုတ်ခြင်း၊ မကောင်းတာကို ဖယ်ရှားခြင်း၊ ယုတ်လျော့သွားခြင်း ဆိုတဲ့ အနက်သဘောကို ဆောင်ပါတယ်။ “ဆက်” ဆိုတာကတော့ အလျင်မပြတ်ရအောင် နောက်က ထပ်မံဖြည့်တင်းပေးခြင်း၊ တစ်ခု နဲ့ တစ်ခု ချိတ်မိအောင် တွဲစပ်ပေးခြင်း၊ ပြည့်တင်းလာခြင်းလို့ အဓိပ္ပာယ် ယူပါတယ်။ ဒါကြောင့် “နှုတ်” နဲ့ “ဆက်” ကို ပေါင်းလိုက်ပြီး “မင်္ဂလာ” နဲ့ တွဲလိုက်ခြင်းအားဖြင့် “မင်္ဂလာပါ” လို့ “နှုတ်ဆက်”လိုက်တာဟာ အချမ်းသာဆုံး အအေးငြိမ်းဆုံး နိဗ္ဗာန်သို့ မျက်မှောက် ပြုရာလမ်းစတစ်ခုဖြစ်တဲ့ အပူဆင်းရဲကို နှုတ်၊ အေးငြိမ်းချမ်းသာကို ဆက်၊ ရှုပ်တာကို နှုတ်၊ ရှင်းတာကို ဆက်၊ ညစ်တာကို နှုတ်၊ သန့်စင်တာကို ဆက်၊ မကောင်းတာကို နှုတ်၊ ကောင်းတာကို ဆက်၊ အကုသိုလ်အမှုများကို နှုတ်၊ ကုသိုလ်တရားများကို ဆက်၊ ဤကဲ့သို့ အနှုတ်မှန်ပြီး အဆက်ကောင်းမှ မင်္ဂလာအစစ်ဖြစ်ပါမည့်အကြောင်းလို့ ဆရာတော်ကြီးက ဆုံးမထားပါတယ်။
Continue reading “သင်္ကြန်ချိန်ခါ နှုတ်ဆက်မင်္ဂလာ”
သင်ယူခြင်း
စဉ်းစား တွေးတောမှုမရှိဘဲ ပညာသင်ယူနေခြင်းသည် အချိန်ကို အလဟဿ ဖြုန်းဆီးနေခြင်းပင် ဖြစ်သည်။
သင်ယူမှုမရှိဘဲ စဉ်းစားတွေးခေါ်ခြင်းမှုကား ကြီးစွာသော ဘေးဒုက္ခကို ဖြစ်နေနိုင်သည်။
ကွန်ဖြူးရှပ်စ် (Confucius )
အချိန်တွေလည်း အလဟဿ မဖြစ်ရပါလို၏။
ဘေးဒုက္ခလည်း မကြုံ၇ပါလို၏။
2010 Q1 Global Smartphone Share
ဒီခေတ်ကြီးမှာ နည်းပညာတွေကလည်းကောင်း။ လျှပ်စစ်ပစ္စည်းတွေကလည်း လှမှလှ။ ဘယ်ဟာကို ဘယ်လို့ ရွေးချယ်ရမလဲ။
iPhone လား။ BlackBerry လား။ Nokia လား။တခြားသူတွေရော ဘယ်လို့ smart phone တွေကို အသုံးပြုသလဲ။
သွေး
သွေးက ၄ မျိုးပဲရှိတယ်။
“အို” သွေးရှိတယ်။  တစ်ကမ္ဘာလုံးရဲ့ ၄၅% ရှိတယ်။
“အေ” သွေးရှိတယ်။ ကမ္ဘာ့ ၄၀%။
“ဘီ”က ၁၁%။
“အေဘီ”က ၄%။
အိုသွေးက ကမ္ဘာမှာ အရင့်ကျက်ဆုံးသွေး။ hunter တွေ၊ တိုက်မယ်၊ ခိုက်မယ်၊ အမဲလိုက်မယ်၊ ဖိုက်မယ်၊အငြိမ်မနေ လှုပ်ရှားနေမယ်။ ဒါ အိုသွေးသမားရဲ့ ဗီဇ။ သူက တကယ့်ကျောက်ခေတ်တုန်းကလူတွေရဲ့သွေး။  hunter တွေရဲ့သွေး။
အေသွေးကျတော့ အငြိမ်နေမယ်။ သမိုင်းဦးပုံပြင်လို။ လယ်တွေစိုက်မယ်။ ယဉ်ကျေးမှုတွေ ထူထောင်မယ်။ အုပ်ချုပ်ရေးတွေလုပ်မယ်။
ဘီသွေးကျတော့ သမိုင်းဦးခေတ်ကို ကျော်ပြီးတော့ ကုန်သွယ်ရေးရာခေတ်ကိုရောက်တယ်။ စီးပွားရှာမယ်။ ကုန်သွယ်မယ်။ အလုပ် လုပ်မယ်။
အေဘီသွေးက နောက်ဆုံးပေါ်သွေး။ အေဘီသွေးသမားတွေက New Age တွေ။  ကွန်ပျူတာတွေ၊ အီလက်ထရွန်းနစ်တွေ၊ မော်ဒန်Artတွေ တီထွင်တာ၊ လမ်းသစ်ကို ထွင်ပြီးဖောက်တာ။
အဲဒီအကြောင်းကို ဂျပန်က သိထားတယ်။  ၁၉၃၁ မှာ Imperial Army ကြီးကိုထူထောင်တဲ့အခါကျတော့ သွေးအုပ်စုတွေခွဲပြီးတော့ အို ကို ဖိုက်တာအုပ်စု၊ အေ ကို Admin အုပ်စု၊ ဘီအုပ်စုကို ထောက်ပို့ရေးကို ကိုင်ခိုင်းတယ်။  အေဘီအုပ်စုကို research လုပ်တာ၊ Propaganda လုပ်တာတို့၊ ဗျူဟာ Research လုပ်တာတို့၊ Strategic Researchတွေကို ကိုင်ခိုင်းပြီးတော့ Imperial Army ကို ဒုတိယကမ္ဘာစစ်ထဲ တွန်း သွင်းတာ။
စံဇာဏီဘို
(လှေကားထစ်များရာဇ၀င်)
ပြင်ဆင်ခြင်း
Give me six hours to chop down a tree, and I will spend the first four hours sharpening the axe.
Abraham Lincoln
အလုပ်တစ်ခု အတွက် ပြင်ဆင်ချိန်ဆိုတာ မရှိမဖြစ် အရေးကြီးပါတယ်။
ရုံးအလုပ်မှ မဟုတ်ပါဘူး။ နေ့ တဓူဝ အလုပ်ကိစ္စတွေမှာလည်း ပြင်ဆင်ချိန်ဆိုတာ လိုအပ်တာပါပဲ။
ငယ်ငယ်လေးကတည်းက အမေက အိပ်ယာမ၀င်ခင်မှာ အိပ်ယာပြင်ဖို့  ခဏခဏပြောတယ်။ ကျွန်တော်တို့ ကလည်း ဒီအတိုင်း ၀င်ဝင်အိပ်တယ်။
ညအိပ်ယာဝင်တာကအစ ပြင်ဆင်ဖို့ လို အပ်တယ်။
အိမ်သာတက်ရာမှာလည်း ရေရှိရဲ့လား။ တစ်ရှူးရှိရဲ့လား။ တံခါး လုံခြုံရဲ့လား ပြင်ဆင်လေ့လာရပါတယ်။
အကယ်၍များ မပြင်ဆင် မလေ့လာဘဲ အိမ်သာတတ်ခဲ့ရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။
ကျွန်တော်တို့ တစ်တွေမှာ ပြင်ဆင်တတ်တဲ့ အလေ့အကျင့်သေးသေးလေး တစ်ခုခိုင်မြဲစွာရှိနေမယ်ဆိုရင်- အမှားအယွင်း၊ အလွဲအချော်တွေ
လျော့နည်းလာအောင်ထိန်းသိမ်းနိုင်မှာပါ။
အလုပ်တစ်ခုအတွက် အချိန်တစ်ခုပေးပြီး  ပြင်ဆင်ပါ။
blog .. blog .. blog
ခုအချိန် Blog တွေ ခေတ်စားနေတဲ့အချိန် – blog အကြေင်း သိလို့ေ၇းတဲ့သူရှိတယ်။blog အကြေင်း မသိဘဲ စွတ်ရေးနေတဲ့သူရှိတယ်။
ဒီအတိုင်းနေလို့  ဘယ်သူမှ အလိုလို သိမလာပါဘူး။ ရေးရင်း လေ့လာရင်းနဲ့  သိနားလည်သွားတာ ကျိုးစားရခြင်းရဲ့ အသီးအပွင့်ပါပဲ။
We She Me blog ကတော့ ပို့စ် ၂၄၅ ခုကို အချိန် ၃ နှစ် အတွင်းမှာ ရေးပြီး ဟစ် ၆ သိန်း ရသွားပါတယ်။
အလုပ်တခုကို သေချာ လေ့လာမှတ်သား သုံးသပ်ပြသွားတာ အမှန်တကယ် လေးစားလောက်ပါတယ်။
ကောင်းရာမွန်ရာကို လက်ဆင့်ကမ်းရင်း ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်လို့  မျှော်လင့်ပါတယ်။
Continue reading blog .. blog .. blog