Category Archives: စမ်းချောင်းရဲ့ ဒိုင်ယာရီ
(၁)နှစ်ပြည့် စမ်းချောင်းဂျာနယ်
၂၀၀၈ ၊ဖေဖော်ဝါရီ၊ ၁၄ ရက်မှ စတင်ခဲ့တဲ့ စမ်းချောင်းတစ်ခု စီဆင်းခဲ့တာ (၁) ပြည့်ခဲ့ပါပြီ။
ကမ္ဘာအရပ်ရပ်မှ လာရောက်ဖတ်ရှုသောမိတ်ဆွေများ၊
ကောင်းသော အရာများကို မျှဝေသောမိတ်ဆွေများ၊
အဖက်ဖက်က တတ်စွမ်းသရွေ့ ကူညီပေးသောသူများအားလုံးကို အထူးပင် ကျေးဇူးတင်ပါသည်။
စမ်းချောင်းဂျာနယ်မှာ ၂၀၀၉၊ ဇန်န၀ါရီလဆန်းမှစပြီး အသစ်သစ်သောစာများ မတင်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။
အသစ်အသစ်သော အကြောင်းအရာများကို စဉ်းစားမိပြီး၊လက်တွေ့ အကောင်အထည်မဖော်နိုင်တာ ကျွန်တော်တို့ ရဲ့ လိုအပ်ချက်ပါ။
လိုအပ်ချက်များကို ဖြည့်ဆည်းပြီး စမ်းချောင်းဂျာနယ် ဆက်လက်ရှင်သန်နေမှာပါ။
ကျွန်တော်တို့ တစ်တွေ ရပ်တန့် နေလို့ မရပါဘူး။
အချိန်ကသွားနေတယ်။
ဘ၀တစ်ခုက သံသရာမှာ မရပ်မနားသွားနေတယ်။
မရပ်မနားသွားလာနေရင်း –
အမှန်တရားကို ရှာဖွေရတယ်။
အကောင်းဆုံးအရာကို တည်ဆောက်ရတယ်။
ကျွန်တော်တို့ တစ်ခုပြီးတစ်ခုတည်ဆောက်ရဦးမယ်။
ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းရဦးမယ်။
(၁) နှစ်ပြည့်မှ
…………………ရတု အလီလီ ဆက်လက်စီးဆင်းနိုင်ဖို့ ကျိုးစားရဦးမယ်။
စမ်းချောင်းဂျာနယ် pdf ဖိုင်
စမ်းချောင်းဂျာနယ် pdf ကို ၁၅ရက် တစ်ကြိမ် ထုတ်ဝေမှာဖြစ်ပါတယ်။
စာမျက်နှာကို ထပ်ထိုးပြီးထုတ်ဝေမှာပါ။ ဒါပေမယ့် ဖိုင်ဆိုက် သိပ်ကြီးသွားမှာလည်း စိုးရိမ်တဲ့အတွက်
သိပ်အများကြီးတိုးလို့တော့မရပါဘူး။
pdf ဂျာနယ်ဟာ  စမ်းချောင်းဒေါ့ကွန်းကို အင်တာနက်ပေါ်မှာ မကြည့်နိုင်သူတွေအတွက် ရည်ရွယ်ပြီး အီးမေးလ်ကနေ အတက်ခ်ျဖိုင်နဲ့ ပို့တာဖြစ်တဲ့အတွက်  ဆောင်းပါး အများစုက  စမ်းချောင်းဒေါ့ကွန်း မှာ ဖော်ပြပြီးသားတွေဖြစ်နိုင်သလို မဖော်ပြရသေးတဲ့အသစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် စာ ဆိုတာ မဖတ်ရသေးသူတွေအတွက်ကတော့ အသစ်ပေါ့ နော့။
ဝိုင်းဝန်းအားပေးကြသူများကို အထူးကျေးဇူးတင်ပါတယ်။
ဝေဖန်အကြံပြုမှုများကိုလည်း အမြဲကြိုဆိုပါတယ်။
ကြိုးစားလျက်ပါ။
Vol 1. Vol 2. Vol 3. Vol 4.
စမ်းချောင်းဂျာနယ် ကို စတင်ခဲ့တာ ဖေဖော်ဝါရီလ ၁၄ ရက် ၂၀၀၈။
မှတ်မိသောစာ၊ နှစ်သက်သောအကြောင်းအရာ မျှဝေပေးလိုတဲ့စေတနာ စတင်ခဲ့တာ ၆ လ ကျော်လာခဲ့ပြီ။
ရံဖန်ရံခါ ကောင်းနှိးရာရာလေးတွေစုပြီး ဂျာနယ်အသွင် အမျိုးမျိုးဆင်ပြီး pdf နှင့် ထုတ်ဝေခဲ့တာ Vol 1.  Vol 2.  Vol 3.  Vol 4. သို့ ရောက်ခဲ့ပြီ။
Vol_1
Vol_2
Vol_3
Vol_4
စာ၊ကဗျာတွေ မျှဝေပေးသောသူငယ်ချင်းတွေ၊ အကြံဥာဏ်ကောင်းတွေပေးသော သူငယ်ချင်းတွေ၊ online ပေါ်မှ စာဖတ်သူတွေ – အားလုံးကို  အရမ်းကျေးဇူးတင်ပါတယ်။
ဘယ်လို နေရာတွေ ဝေးပေမယ့်- -
ဒီနေရာကိုလာကြသူတွေ အားလုံးဟာ မြန်မာစာ၊  မြန်မာစကားကို နှစ်သက်မြတ်နိုးတန်ဖိုးထားတဲ့သူတွေပါပဲ-
……….မိမိနှစ်သက်သောအရာတွေကို
……………မိမိချစ်သောသူတွေကို မျှဝေပေးရင်း
………………စမ်းချောင်းလေးကတော့ စီဆင်းလျှက်ပါပဲ။
ဘ၀ဆိုတာ ခရီးတစ်ခုပါပဲ
ခရီးသွား
ခရီးသွားချင်းအတူတူ
မငြူစူဘူး
.
..
…..
ခရီးကြိုပြု
မိတ်ဆွေတွေ စုပြီး
ကောင်းတာကို ပြုရအောင်။
ဒီ ကဗျာလေးကို စမ်းချောင်းဂျာနယ်အတွက် ရေးခဲ့တယ်။
ဒီ ကဗျာကို ရေးဖြစ်အောင် အစဖော်ပေးခဲ့တာ ကိုသားဖြိုးရဲ့ “ခရီး” ကဗျာပါပဲ။
ကဗျာတစ်ပုဒ်ရဲ့ ခေါ်ဆောင်မှုမှာ အဓိပ္ပါယ်တွေအများကြီးမြင်တွေ့ ရလိမ့်မယ်။
ကျွန်တော်တို့ တစ်တွေ ရပ်တန့် နေလို့ မရပါဘူး။
အချိန်ကသွားနေတယ်။
ဘ၀တစ်ခုက သံသရာမှာ မရပ်မနားသွားနေတယ်။
ခရီးတစ်ခုမှာ တစ်ဦးတစ်ယောက်နဲ့  ကြုံတွေ့ ရမယ်၊ ဆုံတွေ့ ရမယ်။
ဆုံတွေ့ တဲ့အခါ ကျွန်တော်တို့ တစ်တွေ ဘယ်လို နှုတ်ဆက်မှာလဲ၊ ဘယ်လို တန်ဖိုးထားမှာလဲ-
ဘ၀ဆိုတာ -တိုက်ပွဲလို့ ကြွေးကြော်ပြီး–
…………….သူတပါးရဲ့မျက်ရည်နဲ့ ပျော်ပါးတဲ့သူတွေ၊ သူတပါးရဲ့ ချွေးနဲ့ ကျေနပ်နေသူတွေ၊ သူတပါးရဲ့ သွေးနဲ့ အောင်မြင်နေသူတွေ တွေ့ ခဲ့ရတယ်။
ဘ၀ဆိုတာ တိုက်ပွဲပဲလား- ကျွန်တော်မေးကြည့်ချင်တယ်။
တိုက်ပွဲလို့ အဖြေရှိခဲ့၇င် – ဒီတိုက်ပွဲမှာ ဘယ်သူက ဘယ်သူကို သတ်မှာလဲ။
တိုက်ပွဲတစ်ခုအတွက် ဘယ်သူတွေ သေဆုံးပေးရမှာလဲ၊ ဘယ်သူတွေ ငိုကြွေးပေးပေးရမှာလဲ၊၊
အဲဒီလို သေဆုံးရမယ့်သူတွေ၊ ငိုကြွေးရမယ့်သူတွေထဲမှာ ကိုယ်ကရော လွတ်မြောက်နိုင်မှာလား။
နောက်ဆက်တွဲမေးခွန်းတွေ ဖြေပေးကြပါအုံး-
ကျွန်တော်ကတော့ ဘ၀ဆိုတာ ခရီးတစ်ခုပါပဲ
ခရီးသွားချင်းအတူတူ
မငြူစူဘူး
လဲကျတဲ့အခါ ထူပေးရမှာ
ပျော်ရွှင်တဲ့အခါ မျှဝေရမှာ
စိတ်ထားချင်းတူ
သဘောဖြူက
လာသာ လာပါ ချစ်မိတ်ဆွေရာ။
မာနမထား
မစော်ကားဘဲ
အလှတရား
မျှဝေထားလို့ 
ခရီးကြိုပြု
မိတ်ဆွေတွေ စုပြီး
ကောင်းတာကို ပြုရအောင်။
Sanchuang Journal
Give to the world
the best you have and
the best will come back to you.
2008 အတာသင်္ကြန်
သင်္ကြန် နှင့် ပိတောက်
Padauk
ဒီနှစ်သင်္ကြန်မှစ နောင်ရောက်လာမဲ့ ရက်တွေ၊နှစ်တွေမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာတွေ
  • ကြောက်ရွံ့ ထိတ်လန့် ရခြင်းမှလွတ်မြောက်ပါစေ။
  • ဘေးအန္တရာယ်ကင်းဝေးပါစေ။
  • လွတ်လပ်ခြင်း၊ ပြည့်စုံခြင်းတွေနှင့် အေးချမ်းသာယာပျော်ရွှင်ပါစေ။
  • ကျန်းမာခြင်း၊ချမ်းသာခြင်းတို့ ကို အရင်ကထက် ပိုမိုပိုင်ဆိုင်နိုင်ပါစေ။
  • မြန်မာပြည်တွင် အမှန်တရားထွန်းကားပါစေ။
စမ်းချောင်းဂျာနယ်မှ ဆုတောင်းလျှက် 2008 အတာသင်္ကြန်ကိုကြိုဆိုလိုက်ပါတယ်။
how to post with zawgyi
text formatting style အဖြစ် သုံးလေ့ရှိတဲ့ <span> tag element ကို သုံးပြီး ရေးလို့ရပါတယ်။ ဥပမာ
<span style=”font: 13px ‘Zawgyi-One’, zawgyi1, arial, sans-serif;”>
ဒီအထဲမှာ မြန်မာလိုတွေ ရေးလို့ရပါတယ်။
</span>
ဒီလိုရေးပြပေမယ့် Wodpress အသုံးပြုထားတဲ့ TinyMCE Editor က နည်းနည်းတော့ ပြန်ပြင်ပါတယ်။ ကိစ္စမရှိပါဘူး။ စမ်းကြည့်စေချင်ပါတယ်။ Title ကို tag ထည့်ပြီး ရေးကြည့်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ အဲဒိ့တော့ Title ကို English လို ရေးပေါ့။
? တွေပေါ်နေလို့ အခက်အခဲဖြစ်ရင် NotePad ထဲမှာ အရင်ရေးပါ။ ပြီးတော့ လာ paste လုပ်ပြီးထည့်ပါ။