All posts by freebird
2010 Q1 Global Smartphone Share
ဒီခေတ်ကြီးမှာ နည်းပညာတွေကလည်းကောင်း။ လျှပ်စစ်ပစ္စည်းတွေကလည်း လှမှလှ။ ဘယ်ဟာကို ဘယ်လို့ ရွေးချယ်ရမလဲ။
iPhone လား။ BlackBerry လား။ Nokia လား။တခြားသူတွေရော ဘယ်လို့ smart phone တွေကို အသုံးပြုသလဲ။
အကယ်၍များ
ငါ့မြေ၊ ငါ့ရေက လျှပ်စစ် ဘယ်သဘောင့်သား ၀င်ခိုးသွားသလဲ။
သတင်းစာတွေထဲက လျှပ်စစ် ကီလိုဝပ်တွေ ဘယ်စာမတတ်၊ ပေမတတ် အုတ်ကြားမြက်ပေါက် ၀င်ရေးသွားသလဲ။
ငါ့မှာတော့ လျှပ်စစ်မီးလေး မြင်ရဖို့  ဟာလီကြယ်တံခွန်ကို စောင့်ရသလို – စောင့်ရ။
အကယ်၍များ အခွင့်ရမယ် ဆိုရင်
အမြင့်ဆုံးကိုတက် .
အချစ်ဆုံးကိုဖက်ပြီး ..
အကျယ်ဆုံး ၃ ခါ အော်လိုက်မယ် ..
မီး လာ ပြီ .. မီး လာ ပြီ … မီး လာ ပြီ ဟေ့
ငါ့အော်သံ မပြီးဆုံးခင် မီးပြန်မပျက်ပါစေနဲ့ ။
စလုံးရေ စ – အပိုင်း (၁)
လူ့ သက်တမ်းတစ်ခုမှာ ဘ၀တွေ အကြိမ်ကြိမ်စခဲ့ရပါတယ်။
ကလေး ဘ၀။ မူလတန်း -အထက်တန်း ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်သင်ဘ၀၊ အလုပ်သမားဘ၀ စသည်ဖြင့် ကျွန်တော်စခဲ့တဲ့ ဘ၀တွေ တစ်ခုမကတော့ပါဘူး။
အခုလည်း ဒီဘ၀တော့ အခြေကျပြီလို့ မှန်းဆ တည်ဆောက်ခဲ့ပြီးကာမှ -နောက်ထပ် ဘ၀တစ်ခုကို ထပ်စရတော့မယ်။
ကျွန်တော်တည်ဆောက်ထားတဲ့ လက်ရှိဘ၀လေးက ကျွန်တော်အတွက်တော့ အတော်လှတယ်။
ဒီမြေမှာမွေး၊ ဒီမြေမှာကြီး။ ဒီမင်း၊ ဒီလူ၊ ဒီဥပဒေတွေနဲ့ ဒီလက်ရှိဘ၀လေးကို ကျွန်တော်လှပအောင် အချိန်တွေ၊ ချွေးတွေ အများကြီးပေးပြီး တည်ဆောက်ခဲ့တယ်။
ဒီလိုနဲ့  -ကျွန်တော်မှာ အတိတ်ရှိခဲ့တယ်။ ကျွန်တော်မှာ သူငယ်ချင်းတွေရှိခဲ့တယ်။ ကျွန်တော့်မှာ အောင်မြင်မူရှိခဲ့တယ်။
လျှပ်စစ်မီးမရှိဘဲ ၅ နှစ်ကျော်နေလာခဲ့ပြီးပြီ။ ကျီးလန့် စာ စားပြီးနေလာခဲ့တာ ၁၀ စုနှစ် တစ်ခုမကတော့ဘူး။
အဆိုးရွားဆုံးက မသူတော်-လူယုတ်မာတွေပဲ ကြီးပွားချမ်းသာနေသည်။ သူတို့ က ကျွန်တော်တို့ ကို နိုင်ထက်စီးနင်း ခိုင်းစေ၊ပြောဆိုနေပြီ။
ကျွန်တော်သူ့ တို့ နဲ့ မနေချင်တာ သွေးသားထဲက ဆန္ဒ။ ဒီတော့ ကျွန်တော်မှာ ရွေးစရာ ၂ ခုပဲရှိတယ်။
ဒီပတ်ဝန်းကျင်ကို ပြောင်းမလား။ ကျွန်တော် ဘ၀ကို ပြောင်းမလား။
ကျွန်တော့်ဘ၀ ကို ပြောင်းရတော့မယ်။
ကျွန်တော် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အောင်မြင်မူတွေ ထားရစ်ခဲ့ရမယ်။
ဒိုးတူပေါင်ဖက် ကြီးပြင်းခဲ့ရတဲ့ သူငယ်ချင်းတွေကို စွန့် ခွာရတော့မယ်။
ကျွန်တော် လုပ်ဝံ့သလား။ ဒီမေးခွန်းကို ကျွန်တော်ကိုယ့်ကျွန်တော်မေးနေခဲ့တာ နှစ်အနည်းငယ်ကြာခဲ့တယ်။
ဒါတွေကို ရပ်တန့် ဖို့  ကျွန်တော်မှာ သတ္တိရှိလား။
ကျွန်တော်ကို တွန်းအားတွေ အများကြီးပေးလာခဲ့တယ်။
ကိုယ့်လူမျိုးကိုးကွယ်တဲ့ ကိုယ့်သံဃာကို ကိုယ်လူမျိုးကပဲ ပြန်သတ်တာ။
လူမိုက်တွေ လွှမ်းမိုးပြီး။ဆရာကောင်း၊သမားကောင်းတွေ ကျွန်တော့်ပတ်ဝန်းကျင်ကနေ ပျောက်ကွယ်သွားတာ – ဒါတွေက တွန်းအားတွေပဲ။
ကျွန်တော်ကို သတ္တိတွေပေးခဲ့တာ – သူငယ်ချင်းတွေ။ သူတို့ တွေက မင်းဘ၀ကို အသစ်ပြန်စတဲ့။
အားလုံး၊ အားလုံး ကို ထားခဲ့ပြီး – ဘ၀ကို စလုံးရေ စရတော့မယ်။
ကျွန်တော် ရန်ကုန်က ထွက်ခွာခဲ့တဲ့  ညနေကမိုးလေးဖွဲဖွဲရွာနေတယ်။
ကျွန်တော် ဦးတည်ခဲ့တာ မလေးရှား။
ကျွန်တော် စီးခဲ့တဲ့ လေယာဉ်ပျံထဲမှာ မြန်မာတွေချည်းပဲ။ သြော် သူတို့ လဲ ကျွန်တော့်လို ဘ၀ အဟောင်းကို ထားပြီး ဘ၀ အသစ်ကို စတော့မယ့် သူတွေပါလား။
ကျွန်တော်တို့ တွေ ရင်တွေခုန်နေတာ လေယာဉ်အင်ဂျင်စက်နဲ့ အလားပါပဲ။
ကျွန်တော် ဘေးနားက မြန်မာတစ်ယောက်ဆို -ရင်ခုန်နေလွန်းလို့ ဘဲလား -မသိဘူး။
လေယာဉ်မယ်လာချပေးတဲ့ ကော်ဖီကို ဘယ်လို သောက်ရမှန်းမသိဘူး။  နို့ ခွက်။ သကြားထုပ်၊ ကော်ဖီခွက် ဒါတွေအားလုံးဟာ သူအတွက် ပထမဆုံး စိမ်ခေါ်မှုပေပဲလား။
ကျွန်တော်ကို ကြည့်နေတယ်။ ကျွန်တော် သူ့ ကို အသေအချာ ကော်ဖီဖျော်ပေးလိုက်ပါတယ်။
နောက်မှ သူဘယ်ကလဲလို့ မေးတော့- မကွေးတိုင်းက ရွာတစ်ရွာကတဲ့။ ကျွန်တော် အံသြသွားခဲ့တယ်။
ဒီလူ ဒီကော်ဖီကိုတောင် ဘယ်လိုဖျော်သောက်ရမှန်းမသိတာ။ တိုင်းတပါးမှာ သူများဘာသာစကားကြားမှာ သူဘယ်လို ရပ်တည်မလဲ။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီး သူ့ ဘ၀ ကို သူစတင်ခဲ့ပြီ။
သူတို့ ကျွန်တော်တို့ ကျော်ဖြတ်ရမယ့် ခရီးအရှည်ကြီးရှိသေးတယ်။ အခုမှ စလုံးစခါစ ရှိပါသေးလား။
လေယာဉ်ပျံကြီး မြေပေါ်မဆင်းခင် ခပ်နိမ့်နိမ့်ပျံနေတော့ – ညအမှောင်အောက် တိုင်းတပါးရဲ့ ညရှုခင်းကို ကျွန်တော် မြန်မာတွေအားလုံး ပြတင်ပေါက်ကနေ ကြည့်မိတဲ့အခါ – အားလုံးသော မြန်မာတွေ တစ်သံတည်း ရေရွက်မိခဲ့တယ် – “မီးတွေထိန် နေတာပဲ” တဲ့။ ဟုတ်ပါ့ဗျာ KL မြို့ ကြီးက လျှပ်စစ်မီးတွေထိန်နေတာပဲ။
ဒီလို လျှပ်စစ်မီးတွေ ထိန်နေတဲ့ မြို့ မှာ ဘ၀ ကို စလုံးရေစဖို့ - ကျွန်တော်အထုပ်ဆွဲပြီး လေယာဉ်ပျံပေါ်က ဆင်းခဲ့တယ်။
ကျွန်တော်အတွက် စိမ်ခေါ်မှုက အခုကစတာပါပဲ။
လေယာဉ်ပျံကွင်းက အကျယ်ကြီးဗျာ။ လူတွေကလည်း အများကြီး။ ကျွန်တော် ဘယ်သွားရမှန်းမသိဘူး။
ကျွန်တော် ဟိုဖက်သွားလိုက် ။ဒီဖက်သွားလိုက်နဲ့ အေးစိမ့်နေတဲ့ လေယာဉ်ကွင်းမှာ ချွေးပြန်လာခဲ့ပြီ။
ကျွန်တော်ကံကောင်းပါသည်။ ကျွန်တော်ကို ပထမဆုံးကူညီခဲ့တဲ့သူက လေယာဉ်ပျံပေါ်မှာ ကျွန်တော် ဘေးမှာထိုင်ခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်ပါပဲ။
ကျွန်တော့်ကို Immigration နေရာ ပြပေးတယ်။ ကျွန်တော် Immigration Officer နဲ့ တွေ့ နေစဉ် – ခပ်လှမ်းလှမ်းမှာ စောင့်နေပေးတယ်။
ကျွန်တော့်ကို လေဆိပ် ကားငှားပေးတဲ့ နေရာကို လိုက်ပို့ ပေးတယ်။ ကျွန်တော် သူ့ ကို အရမ်းကျေးဇူးတင်ပါသည်။
လေဆိပ်မှာ ကားငှားရတာ အလွန်အဆင်ပြေပါသည်။ ကျွန်တော်သွားမယ့်လိပ်စာကို ပြလိုက်သည်။
သူတို့ က ကားစီစဉ်ပေးသည်။ သူတို့ ကို ကားခ ပိုက်ဆံပေးရသည်။
လေဆိပ်ကနေ ကျွန်တော်သွားမယ့်နေရာကို တော်တော် သွားရသည်။
Taxi ကားက လည်းကောင်းပါ့။ ရန်ကုန်က ကိုယ်ပိုင်ကားထက် ၁၀ဆ သာသည်။ အမွှေးရနံ့ ကောင်းသည်။ Air Con အေးသည်။ ကူရှင်ကောင်းသည်။
ကားခကတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် 25000 ကျပ်လောက်ကုန်သွားသည်။
ကျွန်တော့်ဘ၀ ကို ဒီည၊ ဒီနေရာကနေ စလုံးရေ စခဲ့ပါပြီ။
http://clementi320.wordpress.com/2010/05/29/begin_a_new_life-1/
ပြင်ဆင်ခြင်း
Give me six hours to chop down a tree, and I will spend the first four hours sharpening the axe.
Abraham Lincoln
အလုပ်တစ်ခု အတွက် ပြင်ဆင်ချိန်ဆိုတာ မရှိမဖြစ် အရေးကြီးပါတယ်။
ရုံးအလုပ်မှ မဟုတ်ပါဘူး။ နေ့ တဓူဝ အလုပ်ကိစ္စတွေမှာလည်း ပြင်ဆင်ချိန်ဆိုတာ လိုအပ်တာပါပဲ။
ငယ်ငယ်လေးကတည်းက အမေက အိပ်ယာမ၀င်ခင်မှာ အိပ်ယာပြင်ဖို့  ခဏခဏပြောတယ်။ ကျွန်တော်တို့ ကလည်း ဒီအတိုင်း ၀င်ဝင်အိပ်တယ်။
ညအိပ်ယာဝင်တာကအစ ပြင်ဆင်ဖို့ လို အပ်တယ်။
အိမ်သာတက်ရာမှာလည်း ရေရှိရဲ့လား။ တစ်ရှူးရှိရဲ့လား။ တံခါး လုံခြုံရဲ့လား ပြင်ဆင်လေ့လာရပါတယ်။
အကယ်၍များ မပြင်ဆင် မလေ့လာဘဲ အိမ်သာတတ်ခဲ့ရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။
ကျွန်တော်တို့ တစ်တွေမှာ ပြင်ဆင်တတ်တဲ့ အလေ့အကျင့်သေးသေးလေး တစ်ခုခိုင်မြဲစွာရှိနေမယ်ဆိုရင်- အမှားအယွင်း၊ အလွဲအချော်တွေ
လျော့နည်းလာအောင်ထိန်းသိမ်းနိုင်မှာပါ။
အလုပ်တစ်ခုအတွက် အချိန်တစ်ခုပေးပြီး  ပြင်ဆင်ပါ။
“ကံဆိုးသူမောင်ရှင်”
“ကံဆိုးသူမောင်ရှင်” ဟူသည့် ဝေါဟာရကို မြန်မာစကားတွင် မကြာခဏ သုံးစွဲကြသည်ကို တွေ့ရသည်။
ဤဝေါဟာရသည် ရေငန်ပိုင်ရှင် ဦးရှင်ကြီး(မောင်ရှင်)၏ ဘဝဇာတ်လမ်းက ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ ဇာတ်လမ်းကို လိုသလောက်သာ အတိုချုံးပြောရသော် မိန်းမလှကျွန်းတွင် သွားရောက်ကာ ထင်းခုတ်ကြသော မောင်ရှင်တို့၏ လှေကို ထိုကျွန်းတွင်ရှိသော နတ်သမီးကလေးများက မောင်ရှင်၏ စောင်းသံ၌ သာယာငြိတွယ်သွားမိသည့်အလျောက် အပြန်ခရီးတွင် လှေမထွက်နိုင်အောင် ဆွဲထားကြသည်ဆို၏။ ထိုအခါ လှေသူကြီးက မည်သူ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် လှေမထွက်နိုင်ရသနည်းဟု မဲချရှာဖွေလိုက်သောအခါ ကံဆိုးသူမှာ မောင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် လှေသားများသည် မောင်ရှင်ကို ရေတွင် ချရစ်ကာ လှေထွက်သွားကြသည်။ ဇာတ်လမ်းအဆုံးတွင် နတ်သမီးလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည့်အတွက် မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိသည်။ (ဤ အတ္ထုပ္ပတ္တိ အကျဉ်းအတွက် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မောင်သန်းဆွေ(ထားဝယ်)၏ “ပြည်လှဖေနှင့်စောင်းတော်ရှင်” ဆောင်းပါးကို ကိုးကားပါသည်။)
ကံဆိုးသူမောင်ရှင်ဆိုသော စကားအတိုင်း ကံဆိုးသဖြင့် ရေတွင် အချခံရဖို့ (ရေထဲပစ်ချခံရဖို့) မဲကျသည်။ သို့သော် အရှင်လတ်လတ် နတ်ဖြစ်သွားခြင်း၊ နတ်သမီးတွေအကြားတွင် “မချောတသိုက်နှင့်ကိုယ်တယောက်” ဖြစ်ခွင့်ရခြင်းတို့ကို ထောက်သော် အမှန်တကယ် ကံဆိုးသည်လော၊ ကံထူးသည်လော ပြောရတော့ခက်သည်။
ရှိစေတော့။ ဤဆောင်းပါးတွင် ဆွေးနွေးလိုသောအချက်မှာ လူအများအကျိုးအတွက် တစုံတယောက်၏ အသက်အား စတေးသည့် (ယဇ်ပူဇော်သည့်) အချက်ကို ဖြစ်သည်။ မောင်ရှင်၏ အဖြစ်မှာ ကံဆိုးမိုးမှောင်ကျကာ မဲပေါက်သဖြင့် ရေချခံရသည်။ ထို့အတွက် သူ့သဘောနှင့်သူ လိုလိုလားလား ဗော်လံတီယာ(volunteer)လုပ်ကာ ရေချခံသည်ဟု မဆိုနိုင်။ အများအကျိုးအတွက် မောင်ရှင်၏ အသက်အား သူ့ဆန္ဒ မပါဘဲ အတင်းစွန့်ခိုင်းသည်ဆိုလျှင် ထိုလုပ်ရပ်သည် တရားမျှတသောလုပ်ရပ် မဖြစ်နိုင် ။ အဘယ်ကြောင့်ဆိုသော် ကျန်သူများကဲ့သို့ တန်းတူညီမျှ အသက်ရှင်ပိုင်ခွင့်ကို မောင်ရှင်တယောက် မခံစားရတော့သောကြောင့်ဖြစ်သည်။ ဤနေရာတွင် မဲမနှိုက်ဘဲ လှေသူကြီးက အာဏာသုံးကာ မောင်ရှင်အား ရွေးချယ်လိုက်လျှင် ဤလုပ်ရပ်သည် ပိုဆိုးပေသည်။
အလားတူပင် မောင်ရှင်၏ ဇာတ်လမ်းနှင့် ဆင်ဆင်တူသော ဖြစ်ရပ်မျိုးများလည်း လူ့သမိုင်းတွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးလေသည်။ ရှေးအခါက ကြီးမားသော ရောဂါ ကပ်ဆိုးကြီးများ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုကြီးများ ကျရောက်လာသောအခါ (သို့မဟုတ်) ငလျှင်၊ မီးတောင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့လာသောအခါ ထိုဘေးအန္တရာယ်တို့ ဖြစ်ပွားရသည့် အကြောင်းရင်းကို လူသားတို့ ကောင်းမွန်စွာ သဘောမပေါက်နိုင်ကြသေးသည့်အလျောက် နတ်ဘုရားတို့၏ အမျက်ဒေါသကြောင့်ဖြစ်ရသည်ဟုသာ ကောက်ချက်ဆွဲကြသည်။ ထိုအခါမျိုးတွင် နတ်ဘုရားတို့၏ အမျက်ဒေါသ ပြေရာပြေကြောင်းအတွက် လူအချို့၏ အသက်အား သတ်ဖြတ်ကာ ယဇ်ပူဇော်ပသသည့် လုပ်ရပ်များကိုပြုလုပ်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။
ယနေ့ အသိပညာနှင့် သိပ္ပံပညာထွန်းကားလာသော ခေတ်တွင် ထိုဘေးအန္တရာယ်အသွယ်သွယ်တို့ ဖြစ်ပွားရသော အကြောင်းရင်းခံကို သေချာကျနစွာ သိလာကြပြီးသည့်နောက်ကား ထိုသို့ အဓိပ္ပါယ်မရှိသော ယဇ်ပူဇော်ပသမှုမျိုးမှာ ကမ္ဘာ့နေရာတော်တော်များများ၌ တိမ်ကောသွားလေသည်။
သို့သော် ထိုသို့ ယဇ်ပူဇော်သည့် အယူအဆသည် လုံးဝ ပပျောက်သွားသည်ကား မဟုတ်ချေ။ အချို့နေရာများတွင်ကျင့်သုံးဆဲဖြစ်ပြီး အချို့နေရာများတွင်မူ အခြားအသွင်တမျိုးအနေဖြင့် ပြန်လည် ပေါ်ပေါက်လာသည်။
“လူ့အဖွဲ့အစည်းအကျိုးအတွက်၊ လူအများအကျိုးအတွက် လူတယောက်၏ ရပိုင်ခွင့် အခွင့်အရေးကို စတေးရမည်” ဆိုသည့် မှားယွင်းသော အယူအဆတရပ်သည်လည်း အရှေ့တောင်အာရှနိုင်ငံအချို့တွင် အမြစ်တွယ်လာသည်ကို တွေ့ရသည်။
ဤနေရာတွင် စတေးခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း အကြောင်းကို ရှေးဦးစွာ ရှင်းလင်းရန်လိုအပ်သည်။ လူတယောက်သည် အများအကျိုးအတွက် မိမိအကျိုးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ စတေးခြင်းဖြစ်ပါက ထိုလုပ်ရပ်သည် အင်မတန် မွန်မြတ်သည့်အလုပ်ဖြစ်သည်။ သူတော်စင်၊ သူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးကို ချီးကျူးထိုက်သည်။ ကျေးဇူးတင်ထိုက်သည်။
သို့သော် အများအကျိုးအတွက်ခေါင်းစဉ်တပ်ကာ တစုံတယောက်ကို ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ အခြားသူများက ဖိအားပေး၍ စွန့်လွှတ်ခိုင်းခြင်းဖြစ်ပါက ထိုအပြုအမူသည် တရားမျှတမှုမရှိသော၊ အကျည်းတန်သော၊ ချုပ်ခြယ်ကန့်သတ်သော၊ အင်အားသုံးအနိုင်ကျင့်သည့် အဓမ္မလုပ်ရပ်သာလျှင် ဖြစ်သည်။ ယဇ်ပူဇော်သော လုပ်ရပ်နှင့် ဘာမျှမခြားတော့ချေ။ ထိုလုပ်ရပ်မျိုးကို ရှုတ်ချထိုက်သည်။ ဆန့်ကျင်ကန့်ကွက်ထိုက်သည်။
ဖြစ်သင့်သည်မှာ အများအကျိုးအတွက် အများစုဆန္ဒနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ကြရမည်မှန်သော်လည်း တဖက်တွင် လူတဦးတယောက်ချင်း၏ အခြေခံ အခွင့်အရေးများ၊ လူနည်းစု၏ တူညီသော အခြေခံရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ရမည်။ လူတယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံနေရသည်ကို မြင်လျှင် မိမိနှင့် မဆိုင်သလို မနေသင့်။ လူအများစုက ဝင်ရောက် ခုခံ ကာကွယ်ပေးရမည်ဖြစ်သည်။ မိမိနှင့် မဆိုင်သလို ငြိမ်နေလိုက်ပါက တချိန်တွင် မိမိသည်လည်း ကံဆိုးသူမောင်ရှင် ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။
ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲတွင် တနေရာ၌ သူတို့၏ ထောင်တွင်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုဗလကြီးအား သံခြေကျဉ်းခတ်သဖြင့် သူတို့ တတိုက်လုံး (တိုက်-၃)က အစာငတ်ခံ ဆန္ဒပြကြသည်။
ဦးဝင်းတင်ကို ခေါင်းစွပ်(မျက်နှာဖုံးသော ခေါင်းစွပ်)ကို စွပ်ပြီး ထောင်စစ်ကြောရေးအခန်းကို ခေါ်သွားသည်။
ထိုအခန်းတွင် ဦးဝင်းတင်ကို တွဲဖက်ထောင်ပိုင် ဦးလူလှက စစ်မေးသည်။ ဦးဝင်းတင် အရေးအသားမူရင်းအတိုင်း ကောက်နှုတ်ဖော်ပြရလျှင်…
…ဦးလူလှက ကရင်လူမျိုး။ စကားပြောငြင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံးချော့လုံးတွေ အများကြီးပြောတယ်။
“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ
ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။…..
ဦးဝင်းတင်၏ အယူအဆမှာ အင်မတန် မှန်ကန်လှပေသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခြင်းသည် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍သာ မဆိုင်သလိုငြိမ်နေလိုက်ကြပါက တချိန်တွင် ထိုသံခြေကျဉ်းသည် မည်သည့်နိုင်ငံရေးအကျဉ်းသား၏ ခြေထောက်ကိုမဆို လာစွပ်နိုင်ပေသည်။
ထိုသို့ ကိုယ်နှင့်မဆိုင်သလို မနေသင့်ပုံနှင့် ပတ်သက်၍ ဂျာမန်သင်းအုပ်ဘုန်းတော်ကြီး Martin Niemöller ရေးသားခဲ့သော ကဗျာတပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Martin Niemöller သည် နာဇီတို့၏ ဖမ်းဆီးမှုကို ခံရပြီး အကျဉ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ အထိ အဖမ်းဆီးခံခဲ့ရသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီများအာဏာရလာပြီးနောက် သူတို့နှင့် အမြင်မတူသူများကို တဖွဲ့ပြီးတဖွဲ့ စတင် ပစ်မှတ်ထားကာ ချေမှုန်းလာသောအခါ ဂျာမဏီရှိ ပညာတတ်အများစုက ထိုကိစ္စအပေါ် လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဆောင်ကြပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့သည့် ကဗျာဟု အဆိုရှိပါသည်။
“THEY CAME FIRST for the Communists,
and I didn’t speak up because I wasn’t a Communist.
THEN THEY CAME for the Jews,
and I didn’t speak up because I wasn’t a Jew.
THEN THEY CAME for the trade unionists,
and I didn’t speak up because I wasn’t a trade unionist.
THEN THEY CAME for me
and by that time no one was left to speak up.”
လူတိုင်း တချိန်မဟုတ် တချိန်တွင် ကံဆိုးသူမောင်ရှင်၏ အဖြစ်မျိုး မကြုံတွေ့ကြဖို့ ဆိုရန်မှာ လူတဦးတယောက်ချင်း၏ အခွင့်အရေးကို လေးစားကာကွယ်စောင့်ရှောက်ရန်နှင့် သူတပါးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို မြင်တွေ့ရပါက ကိုယ့်အခွင့်အရေးချိုးဖောက်ခံနေရသလိုပင် ကူညီခုခံကာကွယ်ပေးရန်ဖြစ်ပါသည်။
ကိုပေါ
http://kopaw07.blogspot.com/2010/04/blog-post_24.html
ဒီ post ကို ကိုပေါ (ပိတောက်ရိပ်)မှ ကူးယူထားတာပါ။
ဒီစာကို ဖတ်ရင်း မြန်မာပြည်ရှိလူများ ပြောလေ့ရှိသော “သူများဖြစ်တာ ၊ ကိုယ်နဲ့ ဘာဆိုင်လို့  လဲ။ ကိုယ့်ထမင်းကိုယ်ရှာစားနေရတာ – သူများကိစ္စ မပါနိုင်ပေါင်” – ဆိုသော စကားကို ကြားယောင်မိပါသည်။
တဆက်တည်း ဦးဝင်းတင် ရဲ့  “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲက
“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”
စကားကိုလည်း ထပ်လောင်းကြားယောင်မိပါသည်။
ကံကြမ္မာသည် ရပ်တန့် မနေပါ။
ကျွန်တော်တို့ သည်လည်း ဒီနေရာမှာ ရပ်တန့် မနေနိုင်ပါ။
သူတို့ သည်လည်း ဒီနေရာမှာ ရပ်တန့် မနေနိုင်ပါ။
သင်ခန်းစာ
ဘ၀မှာ သင်ခန်းစာတွေ အများကြီး သင်ယူရတယ်။
ဒီသင်ခန်းစာတွေတိုင်းမှာ ကိုယ်ရဲ့အမှား မပါစေနဲ့ ။
လူတော်ဆိုတာ သူများအမှားတွေကနဲ့  သင်ယူတတ်တယ်။
လူလိမ္မာဆိုတာ ကိုယ်အမှားတွေကနဲ့  သင်သူတတ်တယ်။
လူရှော်ဆိုတာ ကိုယ့်အမှားကို ကိုယ်မသိခဲ့ဘူး။
လူမိုက်ဆိုတာ ကိုယ့်အမှားကို ကိုယ်သိပေမယ့် မပြုပြင်၊ မသင်ယူဘူး။
Continue reading သင်ခန်းစာ
Online Study
နိုင်ငံခြားဘာသာစကားများကို အကြောင်းအမျိုးမျိုးကြောင့် သင်တန်းအသီးသီးမှာ သွားရောက် မလေ့လာနိုင်သူများအတွက် Internet မှ လေ့လာနိုင်တဲ့ web site တစ်ခု ညွှန်းဆိုပေးလိုက်ပါတယ်
http://fsi-language-courses.org/Content.php
စာသားများကို pdf အနေနှင့် အသံဖိုင်များကို mp3 အနေနှင့် download ယူထားပြီး။ Internet မရှိသည့် အချိန်မှာလည်း ဆက်လက်လေ့လာနိုင်ပါတယ်
blog .. blog .. blog
ခုအချိန် Blog တွေ ခေတ်စားနေတဲ့အချိန် – blog အကြေင်း သိလို့ေ၇းတဲ့သူရှိတယ်။blog အကြေင်း မသိဘဲ စွတ်ရေးနေတဲ့သူရှိတယ်။
ဒီအတိုင်းနေလို့  ဘယ်သူမှ အလိုလို သိမလာပါဘူး။ ရေးရင်း လေ့လာရင်းနဲ့  သိနားလည်သွားတာ ကျိုးစားရခြင်းရဲ့ အသီးအပွင့်ပါပဲ။
We She Me blog ကတော့ ပို့စ် ၂၄၅ ခုကို အချိန် ၃ နှစ် အတွင်းမှာ ရေးပြီး ဟစ် ၆ သိန်း ရသွားပါတယ်။
အလုပ်တခုကို သေချာ လေ့လာမှတ်သား သုံးသပ်ပြသွားတာ အမှန်တကယ် လေးစားလောက်ပါတယ်။
ကောင်းရာမွန်ရာကို လက်ဆင့်ကမ်းရင်း ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်လို့  မျှော်လင့်ပါတယ်။
Continue reading blog .. blog .. blog
Myanmar Unicode Font အတွေ့ အကြုံ
ဇော်ဂျီနဲ့  ကျွန်တော် စခန်းသွားနေတာနှစ်အတော်ကြာခဲ့ပါပြီ။ ဇော်ဂျီကို အသုံးပြုတာ အတော်ကို အဆင်ပြေပါတယ်။ လွယ်ကူတယ်။ မြင်ရတာ လှပတယ်။ အခမဲ့ လည်းပေးတယ်။ ဒီတော့ နေရာအတော်များများ (Windows, Linux, Mac , iPhone, Windows Mobile) မှာ ဇော်ဂျီကိုတွေ့ နိုင်၊ မြင်နိုင်၊အသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာဆိုင်ရာ ချွက်ယွင်းချက်ရှိတယ်ဆို ထောက်ပြတာတွေရှိနေပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေကတော့ တိုးတိုးလာနေတာပါပဲ။
ဇော်ဂျီကို သုံးစွဲတဲ့အခါ -စာလုံးတွေသိမ်းထားတာ သက်မှတ်ထားတဲ့ Unicode နဲ့ မဟုတ်တော့ နောက်ပိုင်းမှာ ပြဿနာရှိလာနိုင်တယ်လို့  တတ်သိနားလည်တဲ့သူတွေက ထောက်ပြတာလည်း တိုးတိုးလာပါတယ်။ ကျွန်တော်လေ့လာကြည့်တော့ –
ဇော်ဂျီရဲ့ခြေလှမ်းအစ
အစောပိုင်းကာလများဆီမှာ Unicode Font သုံးရတာ လုံးဝ အဆင်မပြေပါဘူး။ အရမ်းလည်းခက်ခဲပါတယ်။ ဒါနဲ့ ဘယ်သူမှ Unicode Font ကိုမသုံးချင်တော့ပဲ
ဇော်ဂျီကိုပြောင်းသုံးလာပါတယ်။ ဇော်ဂျီသည် install လုပ်ရတာ ရှုပ်ထွေးမှုမရှိဘူး။ သုံးရတာ အဆင်ပြေပါသည်။ မြန်မာစာကို လွတ်လပ်စွာရိုက်နိုင်တယ်။
သုံးစွဲသူတွေကတော့ ကွန်ပျူတာအထဲမှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ စိတ်မဝင်စားဘဲ ။ သုံးစွဲသူတွေကတော့ဘယ်လိုလွယ်ကူစွာသုံးရမလဲပဲဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ ဒီလိုနဲ့  မြန်မာတိုင်းလိုလို ဇော်ဂျီနဲ့ ရင်းနှီးကျွမ်းဝင်လာပါတော့တယ်။ သုံးရတာလွယ်သလို သူ့ မှာ အားနည်းချက်တွေရှိပါတယ်။ ‘မိ’လို့ ရိုက်ရာမှာ လုံးကြီးတင် နှစ်ခါရိုက်မိတာမျိုးခဏခဏဖြစ်ပါတယ်။ ဖြစ်လည်း ဇော်ဂျီက ဘာမှမပြင်ပေးပါဘူး။ ဒီလို အမှားတွေကို ပြုပြင်ပေးခြင်းမရှိတာအပြင် -တခြားချွက်ယွင်းချက်တွေရှိနေပါသေးတယ်။
Unicode Font ဆိုတာ
တနေ့ ကျွန်တော် Ubuntu 9 ကို သွင်းလိုက်တော့ မထင်မှတ်ဘဲ keyboard မှာ burmese keyborad ကိုတွေ့ လိုက်တယ်။ စိတ်ဝင်စားတာနဲ့  install လုပ်လိုက်တယ်။
နောက် font ကိုတင်လိုက်တော့ ပိတောက် (padauk font) တက်လာတယ်။ http://my.wikipedia.org/ ကိုကြည့်လိုက်တော့ မြန်မာလိုတန်းမြင်ရတယ်။ ကျွန်တော်တော်တော် စိတ်ဝင်စားသွားတယ်။ Unicode ဆိုတာကို ဒီလိုပါလား။ Unicode ရဲ့သဘောက အများလက်ခံထားတဲ့ သတ်မှတ်ချက်ပါပဲ။ Unicode ဆိုတာ font
မဟုတ်ပါဘူး ။ Unicode Standard နဲ့  Unicode Font ကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ Padauk, Myanmar3, မြစေတီ -ဒါတွေဟာ Unicode စံနဲ့ ထည်ဆောက်ထားတဲ့ Font တွေပါ။ Unicode သတ်မှတ်ချက်နဲ့  ဖန်တီးထားတဲ့ စာမျက်နှာတိုင်းကို ကွန်ပျုတာ (Windows,Linux. Mac) တိုင်းမှာ ဖတ်နိုင်တယ်( အခုတော့မဟုတ်သေးပါဘူး။ နောက်တော့ ဖြစ်လာမှာပါ။) မြန်မာပြည်က Padauk နဲ့  ရေးထားတဲ့ စာမျက်နှာကို တရုတ်ပြည်ကလူက Myanmar3 နဲ့  ဖတ်လည်း ရနေမှာပါ။
ဒီထက်ပိုပြီး အသေးစိတ်ရေးရရင်- ဘယ်သူရေးရေး။ ဘယ်ကွန်ပျူတာကနေ ဖန်တီးသည်ဖြစ်စေ – သတ်မှတ်ချက်တခုတည်းနဲ့ သိမ်းထားတော့ search လုပ်တဲ့နေရာ ပိုသေချာသွားတယ်၊ လွဲချော်မှုတွေနည်းသွားတယ်။ လူတွေက အမှားတွေကို ထိန်းချုပ်ပေးထားတယ်။ ဥပမာ
‘မိ’ လို့ ရိုက်တဲ့နေရာမှာ ဇော်ဂျီနဲ့ ဆို လုံးကြီးတင်ခဏခဏဖြစ်တတ်ပါတယ်။Unicode Font တွေမှာ ဒီလိုအမှားတွေကို အလိုအလျောက် ပြုပြင်ပေးပါတယ်။ဒီတော့ အမှားအယွင်းနည်းသွားပါတယ်။
ဇော်ဂျီ မှာ ရရစ်  အကြီးလည်းရှိတယ် အသေးလည်းရှိတယ်။ Unicode Font မှာ ရရစ် တစ်ခုတည်းပါ။Unicode Font မှာ အက္ခရာတစ်လုံးစီအတွက် သင့်တော်သော မှန်ကန်သော ပုံစံကို ရွေးချယ်နိုင်ပါတယ်။ ဒီထက်ပိုတဲ့ အချက်အလက်တွေရှိပါသေးတယ်။
ဒီဆို Unicode Font ကို ဘာလို့ အသုံးနည်းတာလဲ-
အစောပိုင်း Unicode Font တွေက Install လုပ်ရတာ ခက်ခဲပါတယ်။ အဆင့်တွေ အများကြီး Install လုပ်ပြီးတော့လည်း အသုံးပြုရတာ မလွယ်ကူပါဘူး။ ဒါနဲ့ ဘယ်သူမှ Unicode Font တွေကို မသုံးတော့ပဲ လွယ်ကူတဲ့ ဇော်ဂျီကို ပဲ အသုံးများခဲ့ပါတယ်။ အခုတော့ Unicode Font Installer တွေအများကြီးထွက်လာပါပြီ။ ပိုပြီးလည်း လွယ်ကူလာပါတယ်။
Win Myanmar 5
သူ့က ဇော်ဂျီလက်ကွက်နဲ့ အတူတူပါပဲ။ မြန်မာ၊ English ပြောင်းချင်ရင် F8 နဲ့ ပြောင်းရပါတယ်။ Myanmar3 ထက်သူ့က သုံးရတာ လွယ်ကူပါတယ်။ ဒါပေမယ့် အခမဲ့ တော့ အကုန်လုံးမပေးပါဘူး။ အခမဲ့ version လည်းရှိသလို။ ဝယ်ယူရမယ့် version လည်း ရှိပါတယ်တဲ့။ အခုထိတော့ဝယ်ယူရမယ့် version မထွက်သေးပါဘူး။ အခုထိတော့ Windows7, Linux, Mac မှာ သုံးလို့ မရသေးပါဘူးတဲ့။
ဒီတော့ ကျွန်တော် တခြား အခမဲ့ Unicode Font တွေကိုသုံးကြည့်ပါတယ်။
Padauk (ပိတောက်) (အခမဲ့)
သူကို Myanmar3 ထက်သူ့ကို ပိုကြိုက်တယ်။ Install လုပ်တာလည်း သိပ်မခက်ခဲဘူး။ မြန်မာစာ၊ English ကို Ctrl+ Shift နဲ့ ပြောင်းလို့ရတယ်။ သူက မြန်မာစာကို ပုံမုန်ရေးသလိုမျိုး ရိုက်ရတယ်။ ဥပမာ – ‘မြန်’ ကို မ +ြ  လို့ ရိုက်ရတယ်။ ပြက္ခဒိန် ကို- ပ +ြ  + က+ခ +` (tide key)+ဒ+ိ+န+် – လို့ ရိုက်ရတယ်။
Win Myanmar နဲ့ ဇော်ဂျီကတော့ အရင်လာအရင်ရိုက်ပဲ- ‘မြန်’ ကိုြ  +မ။
ကျန်တာတွေတော့ ဆက်မစမ်းတော့ဘူး။ ဒီလောက်နဲ့ တော်တော်လုံလောက်ပါပြီ။
တဖြည်းဖြည်းနဲ့  စနစ်တကျရှိသော Unicode Font တွေလည်း ထွက်ရှိလာပါပြီ။ ကျွန်တော်တို့ တွေလည်း ဒီအပြောင်းအလဲနဲ့ အတူ ပြုပြင်စရာရှိတာ ပြုပြင်နိုင်ဖို့ ဒီလို အချိန်ပေးလေ့လာခဲ့တာပါ။
ဒီလေ့လာမှုတစ်လျှောက် အားလုံးကို Unicode Font နဲ့ ရိုက်သားမှတ်တမ်းတင်ထားခဲ့ပါတယ်။ သို့ပေငြားလည်း blog ပေါ်တင်တဲ့အခါတော့ ဇော်ဂျီနဲ့ ပြောင်းပြီးတင်ရပါတယ်။
လက်ရှိအခြေအနေမှာ ကျွန်တော့် blog သည် ဇော်ဂျီနဲ့ တည်ဆောက်ထားလို့ ပါပဲ။  တချို့ နေရာတွေမှာ ဇော်ဂျီ။ တချို့ နေရာတွေမှာ Unicode Font လုပ်လို့ မရပါဘူး။
အားလုံးကို ဇော်ဂျီမှ Unicode ကိုပြောင်းဖို့   ကျွန်တော်အခုလောလောဆယ် မဆုံးဖြတ်ရသေးပါဘူး။ လေ့လာစရာ ပြင်ဆင်စရာတွေရှိပါ​သေးတယ်။
Opera 10.5
Web Browser တွေထဲမှာ အမြန်ဆုံးပါလို့  ကြွေးကြော်ပြီး – ဒီနေ့  ထွက်ရှိလာပါပြီ။
လက်တွေ့ စမ်းကြည့်ရသလောက် တော်တော်လေး မြန်ပါတယ်။
မြန်မာစာ Font နဲ့  ရေးသားဖို့  အတွက် နည်းနည်းတော့ ပြင်ဆင်ရလိမ့်မယ်။
http://www.opera.com/