စီးဆင်းနေတဲ့ စမ်းချောင်း

November 27th, 2009 Leave a comment Go to comments

ကဗျာတစ်ပုဒ် ကျွန်တော်တို့ငယ်စဉ်က သင်ခဲ့ရဖူးတယ်။The Brook ဆိုတဲ့ ကဗျာလေးပါ။ စမ်းချောင်းလေးတစ်ခုအကြောင်းကိုရေးထားတာပါ။
သူဖြတ်သန်းရာလမ်းတစ်လျှောက်မှာရှိတဲ့ တောင်ကုန်းတွေ၊ ရွာတွေ၊ တံတားတွေ၊ တောင်ယာတွေ၊ မြက်ခင်းစိမ်းတွေ၊ ပျံလွှားငှက်တွေ၊ မိုးမခပင်တန်း၊ ကျူပင်တွေ၊ ရွှေငါးလေးတွေ၊ သဲသောင်ပြင်တွေ အစုံပါတယ်။ သူ (စမ်းချောင်းလေး) ဟာ ဖြောင့်ဖြောင့် တန်းတန်းသွားတဲ့အခါ သွားရသလို ကောက်ကောက်ကွေ့ကွေ့ သွားရတဲ့အခါလဲ ရှိတယ်။ ညင်ညင်သာသာ စီးဆင်းရတဲ့နေရာ တွေရှိခဲ့သလို တောင်ပေါ်ကအဆင်းတွေမှာ တ၀ုန်းဝုန်းနဲ့ ကြမ်းချင် ကြမ်းခဲ့ရတာပဲ။ နေ့ဘက်တွေမှာ စမ်းရေဟာ နေရောင်အောက်မှာ ရွှေရောင် တောက်သလို ညဘက်တွေမှာလဲ လရောင်ဆမ်းလို့ ငွေရောင်လွှမ်းခဲ့ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူ ကတော့ စီးဆင်းနေမှာပါပဲတဲ့။
အကြိုက်ဆုံးကတော့ Men may come and men may go, but I go on for ever ဆိုတဲ့စာသားလေးပါပဲ။
Internet ပေါ်မှာ သူငယ်ချင်းတွေစုစည်းပြီး မှတ်မိသော စာ၊ နှစ်သက်သော ကဗျာ၊ ကြုံရာဆုံရာ အကြောင်းအရာများ စသည်ဖြင့် ရေးသားကြမယ်ဆိုတော့ ဒီကဗျာလေးကို သတိရမိပါတယ်။
ဒီလိုနဲ့  “စမ်းချောင်း” ဆိုတဲ့ အမည်လှလှလေးကို ရွေးချယ်ခဲ့ကြတယ်။
သုတ ပါမယ်။ ရသပါမယ်။ မှတ်သားဖွယ်ရာတွေပါမယ်။ စဉ်းစားစရာတွေပါမယ်။ သိချင်တာမေးဖို့ အမေးအဖြေကဏ္ဍပါမယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းတစ်ချို့ ဖော်ပြပေးမယ်။ ထူးခြားချက် အနေနဲ့ ဖတ်ရုံသက်သက်မဟုတ်ဘဲဝင်ဆွေးနွေးလို့လဲရတယ်။ အမြင်ချင်း ဖလှယ်နိုင်တယ်။ အကြောင်းအရာတစ်ခုကို ထောက်ခံနိုင်တယ်။ ချေပနိုင်တယ်။
The Brook ဟာ ကြည်လင်စွာ စီးဆင်းသလို စမ်းချောင်း ဂျာနယ်ဟာလည်း သန့်ရှင်းစွာ ချီတက်ကြဖို့ ရည်ရွယ်ပါတယ်။ စမ်းချောင်းဂျာနယ်ကို စိတ်ကူးတူသူတို့ အတွေးအမြင် ဖလှယ်ရာ blog တစ်ခုအဖြစ် ဦးတည်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ၀ါသနာတူတဲ့ မိတ်ဆွေ တွေကို ဖိတ်ခေါ်ပါတယ်။ စုဆောင်းထားတဲ့ ဗဟုသုတဖြစ်ဖွယ်မှတ်စုတွေ၊ ရသစာပေတွေ ရှိရင် ဝေမျှပေးပို့ကြပါ။ ကျွန်တော်တို့ တင်ထားတဲ့ အကြောင်းအရာတွေထဲက အသုံးတည့်တာ နှစ်သက်တာ များရှိရင်လဲ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ အထွေထွေ ဗဟုသုတ စိတ်ဝင်စားသူတွေ၊ ရသစာပေခုံမင်သူတွေအတွက် မွေ့လျော်စရာ blog ကလေးတစ်ခု ဖြစ်လာရင် ကျွန်တော်တို့ ဆန္ဒ ပြည့်ဝပါပြီ။
စိတ်ရင်းစေတနာကောင်းနဲ့ ၀ိုင်းဝန်းအားပေးကြစေလို ပါတယ်။ အကူအညီပေးမဲ့ မိတ်ဆွေအားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်တို့လဲ အမြဲကြိုးစား နေပါမယ်။
Men may come and men may go, but we go on for ever ဆိုတဲ့ စကား အတိုင်းပါပဲ။
စမ်းချောင်းဂျာနယ်မှာ “အပြစ်” တွေထက် “အချစ်” တွေပဲ ရေးကြရအောင်။
စမ်းချောင်းဂျာနယ်မှာ “အမုန်းတရား” အတွက် အချင်းမများဘဲ “အပြုံးစကား” ပဲ ပြောရအောင်။


လေးစားစွာဖြင့်
sanchaung.com

Print This Page Print This Page Email This Page Email This Page
  1. wunna
    February 12th, 2008 at 23:37 | #1

    yahh….!!

  2. Thura
    August 24th, 2008 at 00:33 | #2

    “May Sanchaung Journal be long live forever”

    &

    My interest & love to the Sanchaung Journal be long lasted forever

    like the precious sentence

    ” Men may come and Men may go, but i go on forever”

  3. ye soe
    November 18th, 2008 at 08:47 | #3

    cool bro phyo kyaw.. i love your idea..

  4. January 22nd, 2009 at 08:20 | #4

    အစဉ် သဖြင့် အားပေးလျက်ပါ ..

    စိတ်တူကိုယ်တူတွေ ဖြစ်လို့ .. တစ်ဦးနဲ့ တစ်ဦး ဖေးမလို့ ၀ိုင်းကြရအောင်လားဗျား . . .

  5. July 7th, 2009 at 06:05 | #5

    ရှာလိုက်ရတာ….. စမ်းချောင်းဂျာနယ်ရာ….. တွေ့မယ်တွေ့တော့လဲ မထင်မှတ်ပဲနဲ့…..လာတွေ့တာ…
    မဖတ်တာကြာပီဗျ…. အများကြီးဖတ်သွားပါတယ်……

  6. admin
    December 8th, 2009 at 09:10 | #6

    Sanchaung Journal

    အစပျိုးနေတာ 2007 December ။ ကဗျာ၊ စာ တီးတိုးတိုင်ပင် စုဆောင်း နေခဲ့တယ်။
    စစချင်း WordPress ကတည်းက ကိုသုံးဖို့ ရည်ရွယ်ခဲ့တယ်။ မြန်မာပြည်မှာ- blog spot ကို သုံးလို့ မှမရတာ။
    http://www.sanchaung.com ကို အရင်ကတည်းက ၀ယ်ထားတာ။ အခုတော့ အတော်ဖြစ်သွားတယ်။
    ပထမဆုံး Post က how to post with zawgyi on 2008 Jan 21- တော်တော် ခက်ခဲစွာ ကျိုးစားပြိး ပထမဆုံးတင်ခဲ့သော post ပါ။
    Officially Launched လုပ်တာ 2008 Feb 14 ပါ။

  7. lei mon
    January 13th, 2010 at 14:16 | #7

    ဂျူးရဲ့စာအုပ်တွေ download ရတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်

  1. No trackbacks yet.
UA-11799235-1