Changi Airport အတွေ့ အကြုံ

သူငယ်ချင်းတစ်ယောက် စင်္ကာပူကို လာမည်ဆိုလို နာမည်ကျော် Changi Airport ကို ရထားစီးပြီးထွက်လာခဲ့တယ်။

သူငယ်ချင်းကပြောထားတာက Silk Air နဲ့  ရန်ကုန်က 10:30 မှာထွက်လာမယ်။ စင်္ကာပူကို 2:30 လောက် Terminal 2 ကိုဆိုက်ရောက်မယ်တဲ့ ။

ရုံးကနေ နေ့ တ၀က်ခွင့်ယူပြီး ကမန်းကတန်းထွက်လာခဲ့ရတယ်။ MRT ရထား စီးရင်း Juron East ကနေ လေဆိပ်ကို ၁ နာရီ ခွဲလောက်ကြာမယ် စိတ်ထဲမှာမှန်းဆပြီး 12:45 မှာ Juron East MRT ကနေ ထွက်လာခဲ့တယ်။

တကယ်တမ်းကျတော့ မှာ Juron East MRT ကနေ Changi Ariport ကို 52 မိနစ် တိတိပဲ ကြာတယ်။ ရထားထဲက ထွက်ထွက်ချင်း လေယာဉ်ပျံ အချိန်စာရင်းတွေ ဖော်ပြထားတဲ့ Electronic Display Board ကို ချက်ချင်း တွေ့ လိုက်ရတယ်။ ကျွန်တော် အရမ်းဝမ်းသာသွားတာပေါ့ – ကျွန်တော် သူငယ်ချင်းစီးလာတဲ့ လေယာဉ်ပျံ ဘယ်အချိန်ရောက်မလဲ။ ဘယ် Belt မှာ ပစ္စည်း ရွေးပြီး ။ဘယ်အပေါက်ကနေ ထွက်လာမှာလဲ -သိချင်လို့ ပါ။

တိုးတက်တဲ့ တိုင်းပြည်တွေမှာ အားကျ အတုယူဖို့ ကောင်းတာ လူတွေရဲ့အချိန်ကို တန်ဖိုးထားပြီး အတတ်နိုင်ဆုံး လွယ်ကူ အဆင်ပြေအောင် စီစဉ်ပေးထားတယ်။

အခု မိနစ်အနည်းငယ်အတွင်းမှာ လိုအပ်တဲ့ အချက်အလက်တွေ အလွယ်တကူရသွားပြီ။ လေယာဉ်ပျံ 02:28 မှာဆင်းမယ်။ ပစ္စည်းတွေကို Belt 33 မှာယူရတယ်။ ကျွန်တော်နာရီကြည့်လိုက်တော့ 1:50။ အချိန်တွေ ပိုနေပြန်ပြီ။ ဘာလုပ်ရမလဲ။

ဒီလိုမှန်းသိရင် 1:30 လောက်မှ ထွက်လာတာပေါ့။

အမှန်က ကျွန်တော်မေ့လျော့ခဲ့တဲ့ အချက်တစ်ခုရှိခဲ့တယ်။ Juron East MRT ကနေ Changi Ariport MRT ကို ဘယ်လောက်ကြာမလဲဆိုတာ web site မှာ ကြိုတင်တွက်ဆလို့ ရတယ်။

စင်္ကာပူမှာ အချက်အလက်တွေ ကို ကြိုတင် လေ့လာလို့ ရတာ မြန်မာပြည်ကကျွန်တော် မသိခဲ့ဘူး။ အခုတော့ အချိန်တွေ ပုတ်တာပါ့။ ဗိုက်လည်းဆာနေပြီ။

လေဆိပ်မှာ စားမယ်ဆိုရင် … ရင်တမမ ဖြစ်နေမှာ၊ ဈေးကြီးလို့ ။
ဒီတော့ အကြံထုတ်လိုက်တယ်။ လေဆိပ်မှာ အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်းကို ”ထမင်းစားချင်တယ် ။ ဈေးချိုတဲ့ နေရာလေး ရှိရင် ပြောပါလို့ ” ဖုန်းဆက်လိုက်တယ်။ ဟုတ်ပါ့ အရမ်းအဆင်ပြေတာပဲ။ ကျွန်တော်တို့ မြန်မာတွေ စင်္ကာပူမှာ နေရာအနှံ့ မှာ အလုပ်လုပ်နေကြတယ်။ သိချင်တာ မေးလို့ ရတယ်။ အတွင်းသတင်းတွေတောင် တခါတရံရသေးတယ်။

သူငယ်ချင်းက Staff Canteen မှာစားပါတဲ့။ ဒီကို ဘယ်လိုသွားရသလဲ
Terminal 2 Departure Hall Car Park (2B လို့ ကျွန်တော်ထင်သည်) သို့ သွားရ ပါသည်။
Car Park ထဲရောက်ရင် ဟိုဟိုဒီဒီ ရှာလိုက်ရင် Staff Canteen သို့ ဆိုင်းဘုတ်ကို တွေ့ ရမယ်။ သူက ဓာတ်လှေကားကို ညွှန်လိမ့်မယ် ။ ဓာတ်လှေကားမှာ 3M ကို နှိပ်ပြီးသွားပါ။ 3 ကို နှိပ်မိရင် မှားနေပါလိမ့်မယ်။
Staff Canteen မှာ စားစရာ အမျိုးစုံကို ဈေးနှုန်း ချိုသာစွာတွေ့ ပါလိမ့်မယ်။ အပြန်မှာလဲ ဒီဓာတ်လှေကားစီးပြီး 2 ကို နှိပ်ပြီး ပြန်လာခဲ့ပါ။

ကျွန်တော်လည်း ဗိုက်ပြည့်သွားပြီး။ Belt 33 အရှေ့ နေရာလေးကို ပြန်ရောက်တော့ 2:30 ပြီ။
ပစ္စည်းတွေ Belt ပေါ်မရောက်သေးဘူး။ စောင့်နေရင်း တခြားလေယာဉ်ပျံတွေက ခရီးသည်တွေ အလျှိုလျှို Custom ကို ဖြတ်ကျော်ပြီး ထွက်လာနေတာတွေ့ ရသည်။ Custom Officer တွေ မည်သည့် ခရီးသည်ကို မှ မစစ်ဆေးဘူး။
ရန်ကုန် လေဆိပ်က Custom တွေနဲ့ များကွာပါ့။

2:46 မှာ Belt ပေါ်မှာ အိတ်တွေ စပြီးပေါ်ထွက်လာသည်။ ကျွန်တော်မှတ်သားလိုက်သည်။ လေယာဉ်ဆိုက်ချိန်နဲ့  Belt ပေါ်မှာ ပစ္စည်းရောက်ချိန် 15 မိနစ်ဝန်းကျင်ခန့် ကြာပါသည်။

2:50 မှာ ရန်ကုန်ကလိုက်လာတဲ့ ခရီးသည်တွေ Belt အနားစပြီး ရောက်လာပြီ။
အိတ်တွေလည်း အလျှိုလျှိုပေါ်လာသလို ။ ခရီးသည်တွေ လည်း အလျှိုလျှိုရောက်လာပါပြီ။

အဲဒီအချိန်မှာပဲ တနေ့ လုံး ငြိမ်နေတဲ့ Custom Officer တွေ လှုပ်ရှားနေပြီ။
ကျွန်တော် ပထမတော့ အံသြသွားတယ်။
ဘာကြောင့် Custom Officer တွေ ချက်ချင်းကြီး ထပြီး အလုပ်လုပ်နေပါလိမ့်။

မြန်မာမျက်နှာတွေမြင်လိုက်တော့မှ ကျွန်တော်နားလည်လိုက်သည်။
သြော် ရွှေမြန်မာတွေ ရောက်လာပြီကိုး။

တကယ်ပါ.. ဒီမြင်ကွင်းက မလှပါဘူး။
ပစ္စည်းလှည်း ကိုယ်စီနဲ့  ထွက်လာတဲ့ ခရီးသည်အများကြီး အတူတူယှဉ်ပြီး ထွက်လာတာ- မြန်မာတွေကိုမှ Custom Officer က ရပ်တန့် စစ်ဆေးတယ်။ တခြားလေယာဉ်က ခရီးသည်တွေကိုတော့ မစစ်ဆေးပဲ လွှတ်ပေးတယ်။

သြော် .. မြန်မာ။
ကမ္ဘာမှာ မြန်မာဆိုတာ ဒီလိုကြုံတွေ့ ရတာပါလား။

ကျွန်တော် အတွေ့ အကြုံတွေ ရလိုက်ပါတယ်။

  • Changi Airport ကို ရထားနဲ့ သွားရင် ဘယ်လောက်ကြာမယ် သိချင်ရင်
    http://www.smrt.com.sg/trains/train_timings.asp
    ကို ကြည့်ပြီး တွက်ဆနိုင်ပါတယ်။
  • လေယာဉ်ပျံ အ၀င်အထွက် အချိန်စာရင်းသိချင်ရင် http://www.changiairport.com မှာ ကြိုတင် ကြည့်လို့  ရပါသည်။
  • Staff Canteen ကတော့
    Changi Airport Terminal 2
    Staff Canteen at Level 3M
    (you can take the lift from the car park outside the departure hall level)
  • ဧည့်သည်လာကြိုရင် လေယာဉ်ဆိုက်ရောက်ချိန်နဲ့ 20 မိနစ်လောက် နောက်ကျပြီး လေဆိပ်အရောက်လာ အတော်ပါပဲ။
  • နောက်ရွှေမြန်မာတွေကိုသာ Customer တွေက ရွေးပြီး ပစ္စည်း စစ်ဆေးကြောင်း။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>