pdf document စာကြောင်းတွေ ဖြည့်ဖို့ 

pdf document တွေကို print ထုတ်ပြီး လက်ရေးနဲ့  မဖြည့်ချင်တော့ဘူး။ ကွန်ပျုတာထဲမှာပဲ ဖြည့်စွက်ချင်တယ်။ ပြီးမှ သပ်သပ်ရပ်ရပ် Print ထုတ် ဒါမှ မဟုတ် email ပို့ ချင်တယ်။

သြော် လူ့ အလို နတ်မလိုက်နိုင် တဲ့။

ဒါပေမယ့် ကွန်ပျူတာ ပညာရှင်တွေကတော့ user တွေ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး ကျိုးစားပြီး ဖြည့်ပေးပါတယ် ။

သာမန်ကိစ္စလေးအတွက် Adobe Acrobat Professional ကို သုံးဖို့ က မသင့်တော်ပြန်ဘူး။
PDF Editor တွေကလည်း ဈေးကြီးတယ်။ မြန်မာပြည်မှာ License ကိစ္စက အရေးမကြီးပေမယ့်၊ နိုင်ငံရပ်ခြားမှာ နေထိုင် အလုပ်လုပ်နေသူတွေအတွက် License က ဂရုစိုက်ရမယ်လေ။

ကျွန်တော်ကတော့ http://www.pdfescape.com/ ကို ညွှန်းချင်တယ်။

  • Online Application ဆိုတော့ Installation လုပ်ဖို့ လုံးဝ မလိုဘူး။ Web Browser ကနေ အလွယ်တကူ သုံးလို့ ရတယ်။ မြန်မာပြည်တွင်းကတော ဈေးကြီးတဲ့  Pdf editor တွေကို crack လုပ်ပြီး သုံးလို့ ရပါတယ်။
  • မူလ pdf document ထဲကို စာကြောင်းတွေ ဖြည့်စွက်လို့ ရတယ်။
    ရှိပြီးသား စာပိုဒ်တွေ ပုံတွေကို ဖျက်ထုတ်လို့ ရတယ်။
  • pdf document ထဲက ရှိပြီးသား စာမျက်နှာတွေကို ဖျက်လို့ ရတယ်။ ရှေ့ နောက် ရွှေ့ လို့ ရတယ်။
  • pdf document ၂ ခု၊ ၃ ခု တွေကို တစ်ခုတည်းဖြစ်သွားအောင် ပေါင်းလို့ ရတယ်။
    ဒါကို  Append PDF လုပ်တယ်လို့ ခေါ်တယ်။
  • Register မလုပ်ဘဲ သုံးချင်လည်းရတယ်။
    Register လုပ်ထားရင် မိမိ pdf တွေကို သိမ်းထားပေးတယ်

ကျွန်တော် သိသလောက် မျှဝေလိုက်တယ်။ ပိုကောင်းတာတွေ ရှိရင် လည်း ကျွန်တော် ကို မျှဝေပါ။

KoKTH

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>