Crossing Over (Movie)

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုစကားနဲ့ မွေးရပ်မြေကနေ ရွှေ့ ပြောင်းနေကြသူတွေရဲ့ ရုန်းကုန်မှု။
တမြေရပ်ခြားမှာ ခိုလှိုနေသူတွေရဲ့ အိမ်မက်။
မသေချာပေမယ့် ရနိုင်ကောင်းရဲ့ မျှော်လင့်ချက်။
.
..
ကမ္ဘာနေရာ အနှံ့ ကနေ အမေရိကန်နိုင်ငံဆိုတဲ့ စိန်စီထားသလား ထင်မှတ်ရတဲ့ ကမ္ဘာကျော် လွတ်မြောက်ရာမြေကို ထိုးဝင်နေကြတဲ့သူများအကြောင်း ရိုက်ကူးထားတာပါ။

မွတ်စလင်နိုင်ငံတွေက ၀င်ရောက်လာသူမိသားစု-
အရှေ့ နိုင်ငံတွေက ၀င်ေ၇ာက်နေထိုင်သူမိသားစုတွေ-
သြစတြေးလျနိုင်ငံကနေ အလည်အပတ်နဲ့ ဝင်ေ၇ာက်လာတဲ့ လှပပျိုမျစ်တဲ့ မိန်းမလှလေး-
နောက်
နယ်စပ်ကနေ၀င်ရောက်လာပြီး အလုပ်လုပ်နေတဲ့ ကလေးငယ်နှင့်မိခင်တစ်ယောက်-

ထိုသူတွေရဲ့ ပါးစပ်ဖျားမှာ၊ အိပ်မက်တွေမှာ၊ နေစဉ်ရေရွက်နေတဲ့ စကားလုံးတွေမှာ လွှမ်းမိုးနေတာက – Green Card.
သတင်းကြီးတဲ့ Green Card ကို ရိုးသားစွာ ရဖို့ ကြိုးစားနေသူတွေ ။ ဖြတ်လမ်းက ရဖို့ ကြိုးစားနေသူတွေ – ဘယ်သူတွေမှာ အခွင့်အရေးပိုရရှိနေလဲ – သိသာအောင် တင်ပြထားခဲ့သည်။

မင်းသားကြီး Harrison Ford ကတော့ လူဝင်မှုကြီးကြပ်ရေးဌာနက အရာတစ်ဦးအနေနဲ့ အမေရိကန်နိုင်ငံထဲ တရားမ၀င် ၀င်ရောက် အလုပ်လုပ်နေသူတွေကို တာဝန်အရ လိုက်လံဖမ်းဆီးနေရပေမယ့် –
ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးတတ်သူတစ်ဦး အနေနဲ့ သရုပ်ဆောင်သွားခဲ့ပါတယ်။

နယ်စပ်မှခိုးဝင်အလုပ်လုပ်တွေရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ- သိပေမယ့်။ တာဝန်ကရှိနေပြန်တော့ ဖမ်းရဆီးရလုပ်ရပေမယ့် -မရက်စက်ဘူး။ အခွင့်အာဏာ တရားလက်လွန်အသုံးမပြုဘူး။
ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးနိုင်တာ၊ကူညီပေးသင့်တာကို ကူညီပေးသောစိတ်ဓာတ်ကို မြင်သာအောင် သရုပ်ဆောင်သွားခဲ့သည်။

ဒီဇာတ်လမ်းကို ကျွန်တော်နှစ်သက်တာက ဇာတ်ကားရဲ့ ရည်ရွယ်ချက်ပါပဲ –

ရေကြည်မြက်နုရာရှာဖွေသူတွေရဲ့ အကြောင်းနဲ့ သူတို့ ရဲ့မျှော်လင့်ချက်တွေကို -အဆိုးဘက်လည်း မရောက်စေရောက်အောင်။
အမေရိကန်မှာ ဥပဒေတားဆီမှုတွေရှိပေမယ့် ရေကြည်မြက်နုရာရှာဖွေသူတွေအတွက် လူသားအချင်းချင်းရသင့်သောအခွင့်အရေးကို တရားဝင်ခွင့်ပြုပေးထားတဲ့အကြောင်း။
အစွန်းနှစ်ဖက် ဘယ်မလိုက်ဘဲညီမျှစွာ ရိုက်ပြထားတော့ Documentary တစ်ခုကို စိတ်ဝင်စားအောင် ရိုက်ပြထားသလိုပါပဲ။

Crossing Over
Director: Wayne Kramer
Writer : Wayne Kramer
Release Year : 2009
Casting :Harrison Ford, Ray Liotta, Jim Sturgess, Ashley Judd

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>