သင်သေသွားသော်

သင်သေသွားသော်

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

ဇော်ဂျီ

၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း

ဒီကဗျာတွေကို ရေးသားတဲ့အချိန်မှာ ဆရာဇော်ဂျီရဲ့ အသက်က ၂၈ နှစ်ပဲ ရှိပါသေးတယ်။
ဆရာ့ကဗျာကို ဖော်ပြခဲ့တဲ့ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာက အသက် ၂ဝ ပဲ ရှိသေးတဲ့ ကိုအောင်ဆန်းဖြစ်ပါတယ်။
ဒါကိုကြည့်ရင် လူငယ်တွေရဲ့ အခန်းကဏ္ဍက မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဘယ်လောက်အရေးပါခဲ့တယ် ဆိုတာကို ခန့်မှန်းနိုင်သလို၊ လူငယ်တွေရဲ့အတွေးအခေါ် အယူအဆတွေကိုလည်း ခန့်မှန်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝကို တန်ဖိုးရှိရှိ ကျော်ဖြတ်ခဲ့တဲ့ ဆရာဇော်ဂျီရဲ့ စိတ်ဓာတ်နဲ့ စေတနာတွေဟာ သူ့ရဲ့ စာပေတွေမှာ အမြဲတမ်း ကိန်းဝပ်နေမှာ အသေအချာပါပဲ။    ။

ထိန်လင်း (၂၊ ၁၂၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

မိုးမခ  ( http://moemaka.com )မှကူးယူထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>