Challenging ရုပ်ရှင်အညွှန်း

Changeling
(နတ်သမီးဖွတ်ထားသော ကလေး)

ဒီဇာတ်လမ်း အမည်ကို စိတ်ဝင်စားပြီး စကြည့်ခါက အတော်ပျင်းဖို့ ကောင်းနေခဲ့သည်။
ဇတ်အိမ်က 1928 ၀န်းကျင်ကို အခြေခံပြုထားပြီး အစပိုင်းမှာ သားအမိ( မိခင်တစ်ဦး Christineနှင့် ကိုးနှစ်အရွယ်သားငယ် Walter) အကြောင်း။ ထိုအမျိုးသမိး၏ နေ့ စဉ်လုပ်ငန်းစဉ်နဲ့  စတင်ထားတော့ အတော်ပျင်းခဲ့ပါတယ်။
ဒါပေမယ့် တနေ့ Chrintine ရုံးကအပြန် Walter ကို ရှာမတွေ့ တော့ပါဘူး။ သားအမိနှစ်ဦးတည်းနေတဲ့ အိမ်မှာ သားငယ်ပျောက်သွားတာ ဘယ်လိုမှ ခြေရာခံလို့ မရပါဘူး။

တချိန်တည်းမှာပဲ LAPD ရဲအဖွဲ့ ရဲ့ ခြစားမှုတွေ၊ အာဏာအလွဲသုံးစွဲမှုတွေကို အများပြည်သူက သတိပြုစိတ်ပျက်နေတဲ့ အချိန်ဖြစ်နေပါတယ်။
LAPD ရဲ တွေ အလုပ်မလုပ်ဘူး- ပြောနေတော့ ရဲအဖွဲကလည်း အကျပ်ရိုက်နေတာအချိန်မှာ ဇာတ်လမ်းက အစပြုခဲ့ပါတယ်။

နေရာတစ်ခုမှာ ပိုင်ရှင်မဲ့ကလေးငယ် တစ်ဦးအကြောင်း ရဲကို အကြောင်းကြားခဲ့ပါတယ်။
နောက်နေ့ မှာ Chrintine ကို ရဲအဖွဲ့ က အကြောင်းကြားပါတယ်- ပျောက်နေတဲ့ Walter ကို ကောင်းမွန်စွာရှာတွေ့ ခဲ့ပါပြီ။ Chrintine မိခင်တစ်ယောက်အနေနဲ့  အလွန်ပျော်ရွှင်ခဲ့ပြီ။ သားတော်မောင်ကို ကြိုဖို့ ရထားဘူတာရုံအရောက်မှာ-
ရှေ့ မှာ ရောက်နေတဲ့ ကလေးငယ်ဟာ သူမ၏ သားWalter မဟုတ်မှန်း သိလိုက်တယ်။
ဘေးဝန်းကျင်မှာ စာနယ်ဇင်း သတင်းထောက်တွေ ရဲ အဖွဲ့ လူကြီးတွေ -ဒီလူတွေအများကြီးက
ရဲအဖွဲ့ ရဲ့ ကလေးပျောက် ရှာတွေ့ မှုကို အသိအမှတ်ပြုဖို့ အဆင်သင့်။
“Chrintine က ဒါသူမရဲ့ သားငယ်မဟုတ်ပါဘူး” လို့  ရဲအဖွဲ အကြီးအကဲပြောခဲ့ပေမယ့်။ ရဲအကြီးအကဲက လက်မခံခဲ့ဘူး ၊ “ရဲအဖွဲ့ က ကလေးပျောက်ကိစ္စရှာတွေ့ ပြီးပြီ။ အခုစိတ်လှုပ်ရှားနေလို့ ပါ -အိမ်ပြန်ရောက်လို့ ရက် အနည်းငယ်ကြာခဲ့ရင် အရင်ကလို သားအမိ ပျော်ရွှင်မှာပါ။ ကိစ္စအထွေအထူးရှိရင် ဆက်သွယ်ပါ။ ” ပြောဆိုပြီး သားအမိ ပြန်လည်တွေ့ ဆုံပြီ – ဓာတ်ပုံမှတ်တမ်းနဲ့  အတိအလင်း သတင်းစာမှာထည့်လိုက်ပါတယ်။

ဒီကလေးငယ်သည် Chrintine ရဲ့ Walter ပဲလား။

Chrintine သည် Walter မပျောက်ခင် ရက်ပိုင်းအလိုတွင် အရပ်တိုင်းထားခဲ့သည်။
ဒီကလေးငယ်သည် တိုင်းခဲ့သော အရပ်ထက် အတော်နိမ့်နေခဲ့သည်။
ဒီကလေးငယ်သည် Walter တက်ရောက်နေသော ကျောင်းမှာ အစိမ်းသက်သက်ဖြစ်နေခဲ့သည်။

မိခင်တစ်ယောက်အနေဲ့ ဒီကလေးသည် သားအရင်း Walter မဟုတ်ပါဘူး ။ သူမ၏သားအရင်း Walter ကို ဆက်လက်ရှာပေးဖို့ ရဲအဖွဲ့ ကိုအကြောင်းကြားသောအခါ-
ဇာတ်လမ်းကအရှိန်တက်လာခဲ့သည်-
ရဲအဖွဲ့ က ဘယ်လိုတုံ့ ပြန်သလဲ-

Chrintine ကို စိတ္တဇဆေးရုံ ပို့ လိုက်သည်။
Chrintine ကို ရဲအဖွဲ့ ကရှာဖွေပေးသော ကလေးငယ်သည် သားအရင်းပါလို့ လက်ခံကြောင်း လက်မှတ်ထိုးလျှင် လူကောင်းအဖြစ် ဆေးရုံမှာ ဆင်းခွင့်ပြုမည် လို့ စိတ္တဇဆေးရုံမှာ အကျပ်ကိုင်ထားသည်။

Challenging (Drama)
140 minutes
http://www.imdb.com/media/rm1413780480/tt0824747

Director – Client Eastwood
Main Character : Angelina Jolie
Christine Collins: “The boy they brought back is not my son. I want my son back.”

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>