Home > ကဗျာ > အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)

အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)

အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။

ညညကျ…
ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။

တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။

နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။

မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။

ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။

အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..

source : http://mypoembag.iblogger.org/

Email This Post Email This Post

Print This Post Print This Post

  1. June 5th, 2012 at 22:23 | #1

    ကဗျာ တွေကို ဖက်ရတာ အရမ်းပဲ ကျေနပ်ပါတယ် ဗျာ

  2. August 8th, 2012 at 15:07 | #2

    like

  3. August 21st, 2012 at 21:45 | #3

    bye

  1. No trackbacks yet.

UA-11799235-1