အမေ သီချင်း

[youtube]xtzBI7_E6_U[/youtube]
အမေ အကြောင်း စပ်ဆိုထားတဲ့သီချင်းတွေ အများကြီး ရှိခဲ့ပါတယ်။
အထူးသဖြင့် အမေ့ကျေးဇူး ဖော်ကျုးထားတဲ့သီချင်းတွေ အများကြီးပါပဲ။
ဒါပေမယ့် အမေ့တစ်ယောက်ရဲ့ တာဝန် တွေအကြောင်း ဖော်ကျူးထားတာ အတော်နည်းပါးတယ်။
ဒီဗီဒီယို ကတော့ လူတစ်ယောက် အတွက် မွေးခါစ အရွယ်ကအစ- ဘွဲ့ ရ လူလားမြောက်တဲ့ အရွယ်အထိ အမေတစ်ယောက်ရဲ့ နေ့စဉ်ပြောဆိုဆောင်ရွက်နေရတာတွေ စီကာပတ်ကုံး အနုပညာကိုသုံးပြီး ဖန်တီးတင်ဆက်ထားပါတယ်။

* ဗီဒီယိုကို Screen အပြည့် ကြည့်ပါက- သီချင်းစာသားများကို ကောင်းမွန်စွာတွေ့ မြင်နိုင်ပါသည်။

video ကို ဒီမှာ download ပြုလုပ်နိုင်ပါသည်။

ဒီ ဗီဒီယိုထဲက အနောက်နိုင်ငံတစ်ခုက အမေတစ်ယောက်ရဲ့ နေ့ စဉ်တာဝန်တွေ အကြောင်း ကြားသိရတော့-
အိမ်က ကျွန်တော်အမေကို သတိရမိတယ်။
ကျွန်တော်အမေလည်း ဒီဗီဒီယိုထဲကလိုပဲ နေ့ စဉ်တာဝန်တွေ ထမ်းဆောင်ရင် ကျွန်တော်လူလားမြောက်အောင် စောင့်ရှောက်ပေးခဲ့တယ်။
.
. . .
အမေ
အမေရိကန်က အမေ။
တရုတ်နိုင်ငံက အမေ။
မြန်မာနိုင်ငံက အမေ။
ဘယ်နေရာက အမေပဲဖြစ်ဖြစ် အမေတစ်ယောက်ရဲ့ တာဝန်တွေ အတူတူဖြစ်နေတာ အံသြစရာပါပဲ။

အမေ့ကို သတိရတိုင်း ဒီဗီဒီယို ကို ကြည့်မိတယ်။

………………………..
အမေ ဘာပြောပြော “ဗျာ အမေ” လို့  ထိုင်ရာမထ အော်တတ်တဲ့ ကျွန်တော့်အကျင့်။
“ဗျာထားပြီး လူလာခဲ့” သားအကြောင်း လှည့်မကြည့်ဘဲ သိတဲ့အမေ။
အမေ့အဆူမှာ ကျောင်းသွားခဲ့ရတဲ့သား။
အမေ့အဆူမှာ အလုပ်သွားခဲ့ရတဲ့သား။
အခုတော့
အမေရဲ့ ဆူတဲ့ အဆူ …………အဆူမခံ၇တာကြာခဲ့ပြီပဲ။
အဆူတကာ အဆူထဲမှာ

ဘယ်အဆူ က အအေးဆုံးလဲမေးရင် -အမေရဲ့အဆူပါပဲ။
ဘယ်အဆူ က အပူဆုံးလဲမေးရင် – ကိုယ့် မိန်းမရဲ့အဆူပါပဲ။

မိန်းမချင်းတူပေမယ့်-
……………..အဆူချင်းမတူ သလို။
…………….အပူချင်းလည်း မတူပါဘူး။

အမေ့အဆူက လွတ်အောင်ရုန်းမှ။
မိန်းမအဆူ ထိတဲ့အခါ……….
ဒီဗီဒီယို ကို ကြည့်ပါ။
သူများကိုလည်း မျှဝေပေးပါ။

One thought on “အမေ သီချင်း”

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>