ခရီး

ခရီး

ဘယ်လမ်းကို ကွေ့ကွေ့
အမှားတစ်ခု၊
အမှန်တစ်ခုနဲ့
စကားတစ်ခွန်း ဒွန်တွဲပါလာတယ်။ ။

ဘယ်အရိပ် နားနား
အေးချမ်းမှုတစ်ခု၊
ပူလောင်မှုတစ်ခုနဲ့
ရေတစ်ခွက်စာ စဉ်းစားမှုပါလာတယ်။ ။

လိုချင်တဲ့လမ်း လိုချင်တဲ့ခရီးသွားဖို့
လောကလမ်းတစ်ခု၊
ငါ့ကိုယ်ပိုင်လမ်းတစ်ခုနဲ့
ပေးဆပ်ရမယ့် ၀ဋ်ကြွေးစာရင်းတွေပါလာတယ်။ ။

ခရီး…ခရီး
အဆုံးသတ်ပြီလို့ ထင်တဲ့လမ်းမှ
ချောက်၊ကမ်းပါးက
ရှေ့မှာပိတ်ကားချထားတယ်။ ။

ချွေးသီးတွေကျ၊ မြေခရတဲ့ ဒီခရီး
အဆုံးသတ် အရိပ်ကလေးတစ်ခု ပြလှည့်ပါ
မောပန်းရကျိုးနပ်ချင်လို့။ ။

ရယ်သံတွေကြား ခဏပျော်ချင်လို့။ ။

ငိုသံတွေအနားက ခဏခွာချင်လို့။ ။

သားဖြိုး

http://mypoembag.iblogger.org

ကိုသားဖြိုးရဲ့
အမှန်တရားကို တင်ပြပုံကြိုက်နှစ်သက်တယ်။
ကိုယ့်ခရီး၊ကိုယ်လမ်း ကိုယ်မေ့သလောက်
သူကတော့ အကောင်းဆုံးလက်တို့ ပေးပြန်တယ်။

One thought on “ခရီး”

  1. ခရီးသွားချင်းအတူတူ
    မညူစူဘူး
    လဲကျတဲ့အခါ ထူပေးရမှာ
    ပျော်ရွှင်တဲ့အခါ မျှဝေရမှာ
    စိတ်ထားချင်းတူ
    သဘောဖြူက
    လာသာ လာပါ ချစ်မိတ်ဆွေရာ။

    မာနမထား
    မစော်ကားဘဲ
    အလှတရား
    မျှဝေထားလို့ 
    ခရီးကြိုပြု
    မိတ်ဆွေတွေ စုပြီး
    ကောင်းတာကို ပြုရအောင်။

    KoKTH
    Sanchuang Journal
    ဒီကဗျာကို ဖတ်မိတော့
    လျှောက်လာတဲ့ ခရီလမ်းအတော်လှမ်းနေပြီ ဆိုတာ သတိထားမိတယ်။
    ခရီးလမ်းတလျှောက် လမ်းမပျောက်ရအောင် တစ်ယောက်ကိုတစ်ကောက် ဖေးကူကြစို့ လား။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>