ကမ္ဘာဟာ ပြား လာတာလား။ ကမ္ဘာဟာ ခြား လာတာလား။
ကျွန်တော်တို့  ဒီဘက်ခေတ်မှာ smart phone, mp3/mp4 player, tablet တွေက ကျွန်တော်တို့ ကို ညှို့ ယူဖမ်းစားသွားပါပြီ။
ကျွန်တော်တို့ ရဲ့ ကမ္ဘာကြီးကို အနေအထား တစ်ခု သို့ ပြောင်းလဲဖို့  စတင် မောင်းနှင်နေပါပြီ။
မယုံဘူးလား။
ဒီဖက်ခေတ်မှာ ရည်းစားစာ ဆိုတာ ပီကာဆိုရဲ့ ပန်းချီကားလိုပဲ ရှားပါးသွားပါပြီ။
နောင် ၁၀ နှစ်လောက်ဆိုရင် ရည်းစားစာဆိုတာ ပြတိုက်ထဲမှာသွားကြည့်ရပါလိမ့်မယ်။
သင့်မှာ ရည်းစားစာများ ရှိခဲ့လျှင် ရိုသေစွာသိမ်းထားသင့်ပြီ။
ချစ်သူရည်းစား စုံတွဲလေးများ အတူတူ ဘေးနားမှာ ထိုင်နေကြပြီး ကိုယ်စီ smart phone/ tablet ပေါ်မှာ သူတို့ ရဲ့ အာရုံတွေကို ဖြန့် ကျက်ထားနေကြတယ်။ ဂိမ်းဆော့နေကြသည်။
ချစ်သူရည်းစားဆိုတဲ့ ကြည့်နူးချိန်လေးတွေကို Gadget လေးတွေနဲ့ လဲလှယ်လိုက်ကြပြီ။
စုံတွဲ တစ်တွဲ တရားရုံးမှာ ထိမ်းမြားလက်ထပ်ပြီးခဲ့ပါသလား။
ရှေ့ ခုနှစ်အိမ်၊ နောက်ခုနှစ်အိမ် အသိပေးဖို့ မကျိုးစားတော့ပါဘူး။ Facebookမှာ status လေးကို ပြင်လိုက်ရုံပါပဲ။
သင်ရဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက် ပျောက်ဆုံးနေပါသလား။
ရဲတိုင်ဖို့  အရင် မကျိုးစားတော့ပါဘူး။ Facebook မှာ လူပျောက်ကြော်ငြာ Page တစ်ခုအရင် ဖွင့်နေပါပြီ။
စကားသိပ်ပြောပါတယ်ဆိုတဲ့ ၁၀ နှစ် – ၁၃ နှစ် အရွယ် မိန်းကလေးများဆီက ချိုလွင်လှတဲ့စကားသံတွေ မကြားရတာ အတော်ကြာလှပါပြီ။
သူတို့ တွေ ဖုန်းထဲမှာ smart phone ပေါ်မှာ SMS ပို့ ရင်း ပြုံးစိစိ ဖြစ်နေတာ -” စကားမှ ပြောတတ်ပါရဲ့လား” လို့  ဘေးကလူ အထင်မှားလောက်ပါတယ်။
ကျောင်းသားလေးတွေအတွက် စာရွက်ပေါ်မှာ စာမရေးတတ်တော့ပါ။
သူတို့ ကို စာရွက်နဲ့ ခဲတံပေးလိုက်ပါ။ ကတုန်ကယင်နဲ့ စာရေးနေလိမ့်မယ်။
ဒါပေမယ့် smart phone/tablet ချပေးလိုက်ပါ။ smart ကျကျ စာလုံးလေးတွေ ရေးပြပါလိမ့်မယ်။
နိုင်ငံတော်အကြီးအကဲတွေကအစ Gadget တွေကိုယ်စီပေးမယ်လို့ မဲဆွယ်နေကြတယ်။
ကျောင်းသားတွေ လက်ရေးလှအောင် ရေးဖို့ တိုက်တွန်းဖို့ မေ့လျော့နေကြပြီ။
ကျွန်တော်တို့  တစ်တွေ သစ်ပင်တွေ အချိန်ပေးပြီး လုံ့ လစိုက်ပြီး စိုက်ပျိုးကြ၊ ထွန်ယက်ကြတယ်။ နင့် သစ်ပင် ငါ့သစ်ပင် အပြိုင်အဆိုင် စိုက်ကြပျိုးကြတယ်။
ဒါပေမယ့် – အိမ်ရှေ့  လမ်းနဘေးက သင်ပင်လေးတွေတော့ ဂရုစိုက်မယ်လူ မရှိလို့  သေလုနီနီး ဖြစ်နေပါပြီ။
Facebook မှာတော့ အပင်လေးတွေ စိမ်းစိုနေလိုက်တာ။
ကျွန်တော်တို့ တစ်တွေ ဘယ်လောက်ဝေးဝေး နည်းပညာနဲ့ ကမ္ဘာကြီးကိုဆွဲချုံ့ လိုက်ကြတယ်။
ကမ္ဘာအရှေ့ ဖြားက ကိုကို က ကမ္ဘာအနောက်ခြမ်းက မမ နဲ့  Skype မှာ မျက်နှာချင်းဆိုင် စကားပြောနိုင်ကြပြီး။
တစ်နေ့ လုံး တစ်ယောက်ဘာတွေလုပ်နေလဲ၊ နောက်တစ်ယောက်က ကြည့်နေနိုင်အောင် နည်းပညာတွေက ပဉ္စလက်ဆန်ဆန် ဆောင်ကျဉ်းပေးနေကြတယ်။
ဒါပေမယ့် ကျွန်တော်တို့  မေ့နေကြတဲ့ အချက်တစ်ခုရှိနေပါတယ်။
Virtual World မှာ နေထိုင်ရင်း ကမ္ဘာ အစစ်ရဲ့ လက်ဆတ်တဲ့ သင်းရနံ့  ကို ရှူရှိုက်ဖို့ မေ့လျော့နေကြပြီ။
ဒီဖက်ခေတ် ကျွန်တော်တို့ ကို ရူးသွားအောင် အပြစ်ပေးချင်ပါသလား။
ထောင်ချစရာမလိုတော့ဘူးဗျ။
Gadget တွေလုံးဝ မသုံးရ။ Facebook မသုံးရ၊ Google မသုံးရ သာ ပြောလိုက်- ကြားရတဲ့လူ ချုံးပွဲချ ငိုသွားလိမ့်မယ်။
ကျွန်တော်တို့ ရဲ့ ကမ္ဘာဟာ ပြား လာတာလား။ ကမ္ဘာဟာ ခြား လာတာလား။
ဒါမှမဟုတ် ကမ္ဘာဟာ မှား လာတာလား။
ဘယ်သူဆုံးဖြတ်ပေးမှာလဲဗျာ။
ကျော်သူဟိန်း
ဒီစာကို စာရွက်ပေါ်မှာ မရေးဘဲ ကွန်ပျုတာထဲမှာ တိုက်ရိုက်ေ၇းပါသည်။
အကယ်လို့ များ ဒီစာသည် နံမယ်ကြီးသွားလို့  မီလီယံနာ တစ်ယောက်က လက်ရေးစာမူ သိမ်းထားကို အမှတ်တရ သိမ်းထားချင်ပါသည် -ဆိုခဲ့ရင်တောင်မှ ရောင်းစရာ လက်ရေးမူ မရှိပါ။ :(
(This is digitally signed and no signature is required)
(When it is copied, please credit me)
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>