တိတ်တဆိတ်

အဝေးကြီးကိုလည်း
ထွက်မပြေးရဲဘူး။ ။

အနီးနားမှာလည်း
ငါ…မဖြစ်နိုင်ဘူး။ ။

တိတ်တဆိတ်လေး
ချစ်ခဲ့တယ်။ ။

တိတ်တဆိတ်လေးပဲ
မင်းဆံနွယ်တွေ အနား
ငါ မူးမိုက်နေခဲ့တယ်။ ။

မင်းပတ်ဝန်းကျင်
မင်းကောင်းကင်မှာ
လင်းနေသမျှ
လှနေသမျှ
ကြယ်တစ်ပွင့်သာ မင်းဆိုရင်
အခန်းဆီးနောက်ကွယ်က
အမြဲခိုးကြည့်မိသူက ငါပါ။ ။

တိတ်တဆိတ်ပဲ ငါချစ်ခဲ့တယ်
တိတ်တဆိတ်ပဲ ငါလွမ်းနေတယ်
တိတ်တဆိတ်လေးပဲ ကြည်နူးမိတယ်
တိတ်တဆိတ်လေးပဲ မင်းအနားက ငါထွက်ခွါခဲ့တယ်
တိတ်တဆိတ်ပဲ နာကျင်မှုလေးတစ်ချို့ ငါရခဲ့တယ်။ ။

ကြယ်ရောင်ပျောက်တဲ့ညမှာ
ငါ့အချစ်တွေ အလွမ်းတွေနဲ့
ကြည်နူးခြင်းတွေကို
တိတ်တဆိတ်လေး အာခေါင်ခြစ်အော်ညည်းပေမယ့်
မျက်ရည်တစ်စက်က ငါ့ပါးပြင်ပေါ်လာကျတယ်။ ။

မင်းမရှိတဲ့ အခါမှ
ရင်ဖွင့်ပြရဲတဲ့ သတ္တိက
ငါ့နာကျင်မှုလေး ပါပဲကွာ။ ။

by: သားဖြိုး
http://mypoembag.iblogger.org/

4 thoughts on “တိတ်တဆိတ်”

  1. တိတ်တဆိတ် တဲ့…ကြိတ်ခံထားတာတွေ များရင်လည်း မကောင်းဘူး
    တစ်ချိန်ချိန်မှာ ပေါက်ကွဲတတ်တယ်

  2. အကို ဒီကဗျာလေးကို နှစ်သက်မိလို ကျွန်တော့် ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်. ကျွန်တော့်ဘလောဒ့်မှာ .. အကယ်လို ခွင့်မပြုဘူးဆိုရင် ကျွန်တော် ပြန်ဖျက်ပေးပါ့မယ် .ကျေးဇူးတင် အားပေးလျှက်

  3. တိတ်တဆိတ် ဆိုတာတော့ ကျွန်တော် သိပ်မကြိုက်ဘူး . ရေးထားတဲ့ ကဗျာလေးက ဖတ်လို့ ကောင်းတယ်.ဖွင့်ထုတ်ပြဖို့  ခက်ခဲတယ်ဆိုရင်တော့လည်း ဘယ်တတ်နိုင်မလဲလေ. ကျွန်တော်ကတော့ ချစ်သူရှိတဲ့ အတွက်ခံစားချက်ချင်းမတူတာလည်း ဖြစ်မှာပါ.တင်ထားတဲ့  ကဗျာလေးကို တိတ်တဆိတ် ချစ်နေသူများအတွက် ဆို ပြည့်စုံပါလိမ့်မယ်

  4. ကောင်းပါတယ်..တိတ်တိတ်လေးပဲချစ်သွားမယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>