အဝေးကြီးကိုလည်း
ထွက်မပြေးရဲဘူး။ ။
အနီးနားမှာလည်း
ငါ…မဖြစ်နိုင်ဘူး။ ။
တိတ်တဆိတ်လေး
ချစ်ခဲ့တယ်။ ။
တိတ်တဆိတ်လေးပဲ
မင်းဆံနွယ်တွေ အနား
ငါ မူးမိုက်နေခဲ့တယ်။ ။
မင်းပတ်ဝန်းကျင်
မင်းကောင်းကင်မှာ
လင်းနေသမျှ
လှနေသမျှ
ကြယ်တစ်ပွင့်သာ မင်းဆိုရင်
အခန်းဆီးနောက်ကွယ်က
အမြဲခိုးကြည့်မိသူက ငါပါ။ ။
တိတ်တဆိတ်ပဲ ငါချစ်ခဲ့တယ်
တိတ်တဆိတ်ပဲ ငါလွမ်းနေတယ်
တိတ်တဆိတ်လေးပဲ ကြည်နူးမိတယ်
တိတ်တဆိတ်လေးပဲ မင်းအနားက ငါထွက်ခွါခဲ့တယ်
တိတ်တဆိတ်ပဲ နာကျင်မှုလေးတစ်ချို့ ငါရခဲ့တယ်။ ။
ကြယ်ရောင်ပျောက်တဲ့ညမှာ
ငါ့အချစ်တွေ အလွမ်းတွေနဲ့
ကြည်နူးခြင်းတွေကို
တိတ်တဆိတ်လေး အာခေါင်ခြစ်အော်ညည်းပေမယ့်
မျက်ရည်တစ်စက်က ငါ့ပါးပြင်ပေါ်လာကျတယ်။ ။
မင်းမရှိတဲ့ အခါမှ
ရင်ဖွင့်ပြရဲတဲ့ သတ္တိက
ငါ့နာကျင်မှုလေး ပါပဲကွာ။ ။
by: သားဖြိုး
http://mypoembag.iblogger.org/
တိတ်တဆိတ် တဲ့…ကြိတ်ခံထားတာတွေ များရင်လည်း မကောင်းဘူး
တစ်ချိန်ချိန်မှာ ပေါက်ကွဲတတ်တယ်
အကို ဒီကဗျာလေးကို နှစ်သက်မိလို ကျွန်တော့် ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်. ကျွန်တော့်ဘလောဒ့်မှာ .. အကယ်လို ခွင့်မပြုဘူးဆိုရင် ကျွန်တော် ပြန်ဖျက်ပေးပါ့မယ် .ကျေးဇူးတင် အားပေးလျှက်
တိတ်တဆိတ် ဆိုတာတော့ ကျွန်တော် သိပ်မကြိုက်ဘူး . ရေးထားတဲ့ ကဗျာလေးက ဖတ်လို့ ကောင်းတယ်.ဖွင့်ထုတ်ပြဖို့  ခက်ခဲတယ်ဆိုရင်တော့လည်း ဘယ်တတ်နိုင်မလဲလေ. ကျွန်တော်ကတော့ ချစ်သူရှိတဲ့ အတွက်ခံစားချက်ချင်းမတူတာလည်း ဖြစ်မှာပါ.တင်ထားတဲ့  ကဗျာလေးကို တိတ်တဆိတ် ချစ်နေသူများအတွက် ဆို ပြည့်စုံပါလိမ့်မယ်
ကောင်းပါတယ်..တိတ်တိတ်လေးပဲချစ်သွားမယ်