အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။
ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။
ဒေါက်တာ ဦးထွန်းလွင် (မိုးလေ၀သ ပညာရှင်)
‘Save the Irrawaddy’ ဟောပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။
ဒေါက်တာဦးထွန်းလွင်ပြောခဲ့သော စကားကို ဆက်လေ့လာရအောင် -
အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက် စီးမှုတန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ မှာ အသေအပျောက်အများဆုံး မုန်တိုင်းတွေ စာရင်းတင်ထားတဲ့အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်း နား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။
မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်းဒီရေက အန္တရာယ်ပေးနိုင် တယ်ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာခဲ့ကြပါဘူး။
ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအားလျှပ်စစ်တွေ ထုတ်လုပ် ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြချင်ပါတယ်။
တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံ ကို တွေ့သွားတာပါ။
တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။
နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။
မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။
ဦးထွန်းလွင် ကို စမ်းချောင်းဂျာနယ်နှင့် ဧရာဝတီမြစ်ကိုချစ်သူများအားလုံးက ကျေးဇူးတင်ပါသည်။
ကျွန်တော်တို့  မျက်စိရှေ့ မှာတင် ကျွန်တော်တို့  မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ နာဂစ်မှာ လူပေါင်း သိန်းချီသေကြေ ပျက်စီးသွားခဲ့သည်။
အသိပညာရှင်တွေ၊ အတက်ပညာရှင် တွေ – မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ ပါ။
သေဆုံးသွားပြီးရင် ဘယ်အရာမှ၊ ဘယ်သူမှ ပြန်ရှင်မလာတော့ပါဘူး။
မသေဆုံးခင်မှာ မသေဆုံးနိုင်အောင် ကာကွယ်ရမှာ လူသားတို့ ၏ တာဝန်ပါပဲ။
တစ်လုပ်စားဖူး သူ့ ကျေးဇူးတဲ့။ မသေဆုံးခင်မှာ ကျေးဇူးဆပ်ဖို့  လိုအပ်နေပါပြီ။စမ်းချောင်းဂျာနယ်