အောင်မြင်သော အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦး၏ စကား
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးဖိလစ်မောင်ဟာ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ်  (8-Sep- 2011) ကြာသပတေးနေ့က သမ္မတ အိုဘားမား ပြောတဲ့ စီးပွားရေးဆိုင်ရာမိန့်ခွန်းကို  လွှတ်တော်မှာ တက်ရောက် နားထောင်ခွင့်ရခဲ့ပါတယ်။
ဦးဖိလစ်မောင်ဟာ အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၂၈ ခုမှာ ဆိုင်ခွဲပေါင်း ၄၀၀ ကျော်နဲ့ ဆူရှီကုမ္ပဏီထူထောင်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ပါ။
VOA (ကိုကျော်အောင်လွင်): မြန်မာနိုင်ငံမွေးဖွားခဲ့တဲ့ ဦးဖိလစ်မောင်က အခု အမေရိကန် သမ္မတနဲ့ သမ္မတကတော်နဲ့ပါ တွေ့တယ်၊ လွှတ်တော်ထဲမှာ နမူနာ ပြရလောက်အောင်ကို အောင်မြင်တဲ့စီးပွားရေးသမား တယောက်ဖြစ်ပါတယ်။ ဆိုတော့ ကိုယ့်ရဲ့စီးပွားရေး လုပ်ငန်းတွေကို ဘယ်လောက်အထိ အောင်မြင်အောင် ဆက်လုပ်ဖို့ စိတ်ကူးတွေ ရပါသလဲ။ -
ဦးဖိလစ်မောင် “ကျနော်တို့ ကုမ္ပဏီ ဘယ်လောက် အောင်မြင်မအောင်မြင် တိုင်းတာတာကို ကျနော်တို့ ဆိုင် ဘယ်လောက်ချဲ့နိုင်သလဲ၊ ကျနော်တို့ ပိုက်ဆံ ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တော့ ကျနော်တို့ တိုင်းထွာလေ့မရှိပါဘူး။ ကျနော်တို့ ဘယ်လောက်အထိ စားဝတ်နေရေး မအောင်မြင်တယ်၊ အောင်မြင်တယ် ဆိုတာကိုကြည့်ပြီးတော့ တိုင်းတာပါတယ်။ အဲဒါကိုပဲ သမ္မတကို ကျနော်ပြောပါတယ်။ နိုင်ငံတိုးတက်တာနဲ့ ကုမ္ပဏီနဲ့ အတူတူပဲ။ ကုမ္ပဏီတခု တိုးတက်တယ်ဆိုတာ ဘယ်လောက် ပိုက်ဆံရှာနိုင်သလဲ အပေါ်မှာ မမူတည်ဘူး။ ကိုယ့်ရဲ့ ၀န်ထမ်းတွေ ဘယ်လောက် ကျနော်တို့ ကြည့်ပေးနိုင်သလဲ၊ စောင့်ရှောက်ပေးနိုင်သလဲ ဆိုတာပဲ။”
VOA (ကိုကျော်အောင်လွင်): ဦးဖိလစ်မောင်ကို အမေရိကန်က ဘီလျံနာ သူဌေးကြီးလို့ ပြောလို့ရပြီလား၊ မီလျံနာ လို့ပြောရမလား။ –
ဦးဖိလစ်မောင် : “ကျနော် အလုပ်တခု လုပ်နေတာ ပိုက်ဆံတခုတည်းကြောင့် မဟုတ်ပါဘူး။ ကျနော် အလုပ်တခုကို မပျော်တဲ့အချိန်ကျရင်တော့ ကျနော် ဒီလုပ်ငန်းမှာ လုပ်တော့မယ်မထင်ဘူး။ နောက်လူတွေကိုလည်း ကျနော့်အနေနဲ့ အကြံပေးချင်တာက အလုပ်လုပ်တယ်ဆိုရင် ပျော်လို့လုပ်တာလား။ အလုပ်ကို ပိုက်ဆံကြောင့် တခုတည်းနဲ့တော့ မလုပ်စေချင်ဘူး။ ဘ၀ဆိုတာ တိုတိုလေးပဲ။ မပျော်တော့တဲ့အချိန်ကျရင် ဒီအလုပ်ကို ဘာလို့ဆက်လုပ်မှာလဲ။”
မူရင်းကို ဖတ်လို လျှင် http://www.voanews.com/burmese/news/Burmese-Businessman-09-09-11-129568478.html
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>