လက်ထပ်ခြင်းအနုပညာ

အပြောကျယ်တဲ့လောကအလယ်မှာ သူသူငါငါ သွားလာလှုပ်ရှားရင်း မောပန်းတဲ့အခါ ဘယ်အရိပ်မှာခိုလို့  ဘယ်လိုအားအင်တွေယူရမှာလဲ။

လောကရဲ့ အခက်အခဲကျော်ဖြတ်ရတဲ့အခါ တစ်ဦးတည်း တစ်ယောက်တည်းကျော်ဖြတ်ရသည်ထက် အဖော်မွန်တစ်ယောက်နှင့်အတူ ကျော်ဖြတ်ရသည်က လူဘ၀တစ်အတွက်
ပိုလို့ အားအင်တွေတိုးပွားစေသည်လို့  ကျွန်တော်ကတော့ ယုံကြည်မိသည်။

တစ်ယေက်တည်းနေလို့ အခက်အခဲအပူအပင်တွေလျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။
နှစ်ယောက်အတူတူနေလို့ လည်းအခက်အခဲအပူအပင်တွေလျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။
လူဖြစ်လာကတည်းက အခက်အခဲ၊အပူအပင်တွေက ပါလာစမြဲ၊ရှိစမြဲ ပါပဲ။
ဘယ်နေရာမှာနေနေ၊ ဘယ်သူနဲ့ နေနေ အပူမဲ့စွာ မနေရပါဘူး။

ဒါပေမယ့်လို့ အရေးကြုံ့ လို့  အနားလှည့်ကြည့်တဲ့အခါ နားလည်စွာကိုယ့်လက်ကိုဆုပ်ကိုင်ရင်း အားအင်တွေပေးမည့်ရှိတော့ ပင်ပန်းသမျှအမောပြေသလို၊ ရှေ့  လျှောက်ရမယ့်ခရီးလမ်း အတွက်လည်း အားအင်တွေဖြစ်စေတယ်လို့ ကျွန်တော်တော့ယုံကြည်မိသည်။

ဒီအခက်အခဲ ဒီအပူတွေ ဘယ်ရင်မှာ နားခိုပြီးဖြေသိမ့်ရမလဲလို့  -မေးလာခဲ့ရင် သေချာစွာဖြေဆိုနိုင်သူတွေရှိသလို။ ယောင်ယောင်ဝါးဝါးနဲ့  ပြေးရှောင်သွားတာတွေလည်း မနည်းလှပါဘူး။

ဒီရင်မှာခိုလို ၊ဒီအရပ်မှာပျော်မယ်လို အသေအချာပြောနိုင်ရင် ဒီလူ့ မှာ မျှော်လင့်ချက် တစ်ခုတော့ရှိရမယ်။
ဒီမျှော်လင့်ချက်ကတော့ ချစ်ခြင်းမေတ္တာပါပဲ။

ချစ်ခြင်းမေတ္တာဆိုတာ နူးညံ့လွန်းလို့ ။သိမ်မွေ့ လွန်းလို့ -ယုယဖို့ သေချာဖို့  နေ့ ရက်များစွာ ရှင်သန်နိုင်စေဖို့  နေရာတစ်ခုမှာ ကျွန်တော်ပြုစုပျိုးထောင်ရပါတယ်။

အဲဒီနေရာလေးကို “အိမ်” လို့ ခေါ်ပါတယ်။

.

.

.

လောကမှာ ကျောချစရာ နားခိုဖို့ ရာအများသားဆိုပေမယ့် ဘ၀တစ်ခု တည်ငြိမ်မှုအတွက် ခိုင်မြဲမှုကိုပေးနိုင်တာ “အိမ်” ဆိုတာပါပဲ။

အိမ်ရယ်လို့ ဖြစ်လာဖို့  အဆောက်အဦးတည်ဆောက်မှုအပြီးမှာ ချစ်ခြင်းမေတ္တာဖြင့် လွမ်းခြုံပေးမှ “အိမ်” ရယ်လို့ သတ်မှတ်လို့ ရတာပါ။ ချစ်ခြင်းမေတ္တာ မလွှမ်းခြုံနိုင်သမျှ အဆောက်အဦးမျှသာလို့  လောက၀န်းကျင်မှာ သတ်မှတ်ထားတာပါ။

ဒီလိုနဲ့ ပဲ ချစ်ခြင်းမေတ္တာကို ရှင်သန်စေဖို့ ၊ ချစ်ခြင်းမေတ္တာကို ယုယဖို့ ၊ ချစ်ခြင်းမေတ္တာကို သေချာဖို့  အိမ်ယာတစ်ခုတည်ထောင်ကြတော့မှာပေါ့။

ဘယ်သူနဲ့  လဲ လို့ မေးလာခဲ့ရင်
. . . . .စိတ်တူ၊ကိုယ်တူချစ်တဲ့သူနဲ့ ပေါ့။
KoKTH
လက်ထပ်ခြင်းအနုပညာ

.

.

.

သီတင်းကျွတ်ပြီဆိုတော့ . . .
မင်္ဂလာရက်မြတ်လက်ထက်မည့်သူတွေ ပျော်ရွှင်နိုင်ပါစေ..

4 thoughts on “လက်ထပ်ခြင်းအနုပညာ”

  1. “ဒီအခက်အခဲ…………………………….. ကတော့ ချစ်ခြင်းမေတ္တာပါပဲ။”

    သေချာမ ဖြေဆိုနိုင် တဲ့ သူဆိုတာ… မျှော်လင့်နေဆဲ (သို့ ) မျှော်လင့်ချက်မဲ့ တဲ့သူလား……….
    မျှော်လင့်ထားတာ မရှိသေး တဲ့သူ လို့  ကျွန်တော် ထင်တယ်။
    မျှော်လင့် နေဆဲက အလားအလာ ကောင်းသေးတယ်။
    —————————————————
    “ချစ်ခြင်းမေတ္တာကို ရှင်သန်စေဖို့ ၊ ချစ်ခြင်းမေတ္တာကို ယုယဖို့ ၊ ချစ်ခြင်းမေတ္တာကို သေချာဖို့ ”

    အိမ်လေး အစား
    နှလုံးသား ကို partition ကန့် LTFS (Love Technology File System) နဲ့ format ရိုက်….ချစ်ခြင်းမေတ္တာကို “ဘက်အပ်” လေး လုပ်ပြီး သိမ်းထားနိုင် မယ့် program လေး ရေး ပါ လား Mr. Programmer များ ရယ်။……….
    စင်ကာပူ မှာ အိမ်ဈေး ကြီး လို့  ပါ။……….
    —————————————————-
    ဆုတောင်း ပေး လိုက် ပါ တယ်…..
    ကျွန်တော့်ရဲ့  အကိုကြီး မကြာသော အချိန် လေးအတွင်း မှာ ချစ်သောသူ နဲ့  ချစ်သူ တွေဖြစ်…ပြီး
    ချစ်ခြင်းမေတ္တာ ရှင်သန်ကြီး ထွား ဖို့  အိမ် လေး ခိုင်ခိုင်ခံ့ခံ့ တည်နိုင် ပါစေ။…..
    —————————————————-

ိညီလေး
    ကျော်ကြီး (သို့ ) သီဟ

  2. ကောင်းလိုက်တဲ့ အကြံပေးချက်-
    နှလုံးသား ကို partition ကန့် LTFS (Love Technology File System) နဲ့ format ရိုက်….ချစ်ခြင်းမေတ္တာကို “ဘက်အပ်” လေး လုပ်ပြီး သိမ်းထားနိုင် မယ့် program လေး ရေး ပါ လား Mr. Programmer များ ရယ်။……….
    စင်ကာပူ မှာ အိမ်ဈေး ကြီး လို့  ပါ။……….

    နှလုံးသားကို ဘာနှစ်ခုလောက်များ partition ကန့် မလို့ လဲ ကိုသီဟရယ်။LTFS (Love Technology File System) နှစ်သက်စရာ နည်းပညာလိုထင်ပါတယ်.။မျှဝေပါအုံး

    ကိုသီဟ မသိလို့ ပါ။ စင်ကာပူ မှာ အိမ်ဈေး ကြီးတယ်ဆိုပေမယ် – အိမ်ထောင်ပြူထားရင် PR လျှောက်ရတာလွယ်တယ်။ အိမ်ထောင်ပြူထားရင် အစိုရဆီက အိမ်ကိုအရစ်ကျစနစ်နဲ့ ဝယ်လို့ ရတယ်။ သားသမိးရှိ၇င် နောက်ထပ်အခွင့်အရေးတွေရသေးတယ်။
    အတွေးမမှားနဲ့  လုပ်စရာရှိတာမြန်မြန်လုပ် 2008 ကုန်တော့မယ် ကို သီဟ

  3. Rock အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ သား ၀င်းထွဋ်သော်တာ (အီတိုး) နဲ့ မျိုးမြတ်သူ (ပတ္တမြားနဂါး ကျောက်စိမ်းကုမ္ပဏီ)ရဲ့ သမီးတို့ရဲ့ ၂၅၊ ၁၀၊၀၈ ဒီကနေ့နံနက် ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တဲ့ ထိမ်းမြားမင်္ဂလာကို ပူပူနွေးနွေး ဦးဦးဖျားဖျား ထည့်ပေးလိုက်ပါတယ်။
    ခေါင်းစဉ်လေးနဲ့ အံကိုက်ဖြစ်သွားလို့ပါ။

    အားလုံးလဲ (အထူးသဖြင့် ကောင်မလေးတွေ) စိတ်ဝင်စားနေကြမယ်လို့လဲ ထင်လို့ပါ။

  4. ချစ်ခြင်းမေတ္တာကို ရှင်သန်စေဖို့ ၊ ချစ်ခြင်းမေတ္တာကို ယုယဖို့ ၊ ချစ်ခြင်းမေတ္တာကို သေချာဖို့  အိမ်ယာတစ်ခုတည်ထောင်ကြတော့မှာပေါ့။….ဘယ်သူနဲ့  လဲ လို့ မေးလာခဲ့ရင်. . . . .စိတ်တူ၊ကိုယ်တူချစ်တဲ့သူနဲ့ ပေါ့။…ကျွန်တော်ချစ်သောသူအတွက် ရည်ရွယ်ပြီး မျော်လင့်ချက်များစွာ၊တည်ဆောက်ခြင်းများစွာနှင့် ဒီစာကို ရေးခဲ့ပါတယ် ဆိုတဲ့ ကိုဟိန်း တစ်ယောက်
    မဝေးတော့တဲ့ ကာလတစ်ခုမှာ စိတ်တူကိုယ်တူချစ်တဲ့သူနဲ့ သာယာချမ်းမြေ့ပြီး နွေးထွေးလုံခြုံတဲ့ အိမ်လေးတစ်လုံး အမြန်ဆုံးပိုင်ဆိုင်နိုင်စေဖို့ ………….
    ဆန္ဒပြုလျှက်

    မမေ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>