အနိုင်လိုချင်လား

ကျွန်တော် ဒီတစ်ပါတ်လုံး ကွန်ပျုတာအနဲ့  chess ထိုးနေခဲ့တယ်။
ပထမ Level 1, 2,3,4 အထိ ကျွန်တော် နိုင်လာခဲ့တယ်။
Level 5 ရောက်တဲ့အခါ ကျွန်တော် စတင်ရှုံးလာခဲ့တယ်။
မနေ့ ညက တညလုံး အနိုင်ရအောင် ကျွန်တော် ကစားတယ်။ လူသာပင်ပန်းနွယ်နယ်ပြီး ပျော့ခွေသွားတယ် ကျွန်တော် မနိုင်ခဲ့ပါဘူး။

ဒီ Chess ကစားပွဲမှာ ကျွန်တော် ဘာကြောင့် မနိုင်တာလဲ –

Chess ကစားပွဲကို လေ့လာကြည့်ရအောင် –
Chess ကစားတဲ့အခါ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကံတရား ဆိုတာ မရှိပါဘူး။
၂ ဖက်စလုံး တန်းတူ အခွင့်အရေး ရပါတယ်။

ဒီလောက် သန့် ရှင်းတဲ့ ကစားပွဲမှာ
ကျွန်တော် ဘာကြောင့်မနိုင်တာလဲ –
ကျွန်တော် ညံ့လို့ ပေါ့ ဆိုပြီး -ဒီမှာ ရပ်ထားလို့ မရပါဘူး။
ဒါ အပြစ်တင်ခြင်းသက်သက်ဖြစ်ပါတယ်။
ထိရောက်တဲ့ သုံးသပ်ချက်မဟုတ်ပါဘူး။
အရှုံးကနေ အနိုင်ရအောင် ဘယ်လို လုပ်ရမလဲ။


chess ထိုးတဲ့အခါ
တိုက်စစ်မှာပဲ ဖြစ်ဖြစ် ၊ ခံစစ်မှာပဲ ဖြစ်ဖြစ် အနိုင်အရှုံးဆိုတာ –
ဘယ်လောက်အထိ ကြိုတင် စဉ်းစားနိုင်လဲ။
ဘာတွေ ကြိုတင် ပြင်ဆင်ထားနိုင်လဲ – ဒီအချက်တွေအပေါ်မှာ မူတည်နေတာပါပဲ။

chess ထိုးတဲ့အခါ ကံကြမ္မာဆိုတာ မရှိပါဘူး။
သူလည်း ဒီစစ်သားအရေအတွက်။ ကိုယ်လည်းဒီ ဒီစစ်သား အရေအတွက်။
လုပ်နိုင်ခွင့်လည်း – နှစ်ဖက်စလုံးမှာ အားလုံးတန်းတူ။
သူပို စဉ်းစားနိုင်ရင် သူနိုင်မယ် ။ ငါ ပိုစဉ်းစားနိုင်ရင် ငါနိုင်မယ်။
တစ်ဖက်အသင်းရဲ့ ပါဝါတွေကို စောင့်ကြည့်နေရသလို – ကိုယ့်ရဲ့ ပါဝါတွေကိုလည်း နေရာချရတယ်။

အနိုင်လိုချင်လား – အကွက်များများ ပိုစဉ်းစား။

အရေးကြီးတဲ့ စဉ်းစားနိင်ခြင်းဆိုတဲ့ အလေ့အကျင့် မလုပ်ဘဲ – (ရှုံးမဲမဲပြီး) အပင်ပန်းခံ ထိုးလည်း – ကျွန်တော် မနိုင်ခဲ့ပါဘူး။
အရေးကြီးတာ – လုပ်သင့်လုပ်ထိုက်တာ – မလုပ်ဘဲ အောင်မြင်မှုဆိုတာ မရပါဘူး။

စဉ်းစားပါ။
အနိုင်လိုချင် – တဖက်သားထက် ပိုမိုစဉ်းစား ပြင်ဆင်ပါ။

KoKTH

One thought on “အနိုင်လိုချင်လား”

  1. တစ်ဖက်ကို အနိုင်လိုချင်ရင် အားနည်းချက်ကို အရင်ရှာသင့်ပါတယ်.ကိုယ့်ရဲ့  အာနည်းချက်ကို သူမသိဖို့ လည်းလိုပါတယ်.ပြီးတော့ ကိုယ့်ရဲ့ ယုံကြည်ချက် ကို အလေးနက်ထားသင့်ပါတယ်.ကိုယ် ဖန်တီးတဲ့ ကစားကွက်က ဘယ်လောက်ထိ ထိုးဖောက်နိုင်သလဲ.ကိုယ့်ကို ရော တစ်ဖက်က ဘယ်လို ထိုးဖောက်နိုင်သလဲပေါ့ . ကိုယ့်ဘက်က အတတ်နိုင်ဆုံးပြင်ဆင်ရပါလိမ့်မယ်.ကိုယ့် ရဲ့  ဗျုဟာကို ကိုယ်ယုံကြည်ရပါမယ်.ဒီလောက်ဆို မော်ရင်ဟို ပြောသလို ကျွန်တော် က စပါယ်ရှယ်ဝမ်း လို့  ပြောလို့ ရနေပါပြီ.အိုကေနော်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>