တမလွန်ကိုဘယ်သူလိုက်မလဲ။

ကျွန်တော်သေတော့မည်ဆိုပါစို့။
တမလွန်ခရီးကို သွားရတော့မည်။
တစ်ယောက်ထဲမသွားလို၍အဖော်ခေါ်သွားရန်ကြိုးစားမိပါသည်။

ပထမဆုံး ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကိုမေးကြည့်သည်။
ဘာတစ်ခုမှ ယူသွားလို့မရ။

ဒုတိယ အခင်ဆုံးသူငယ်ချင်းကို မေးကြည့်သည်။
“မလိုက်ဖူး” ဟု တုံးတိကြီးဖြေသည်။

တတိယ ချစ်ဇနီးကို မေးကြည့်သည်။
“ရှင့်ကို လိုလေသေးမရှိ ပြုစုလိုက်ပါ့မယ်။ သေပြီးတဲ့နောက်တော့ တမလွန်ကို မလိုက်နိုင်ဘူး။ သားတွေသမီးတွေအတွက် လုပ်စရာတွေ အများကြီးကျန်သေးတယ်” ဟု ဆင်ခြေပေးသည်။

နောက်ဆုံး ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်ပြန်မေးကြည့်သည်။
ခန္ဓာကိုယ်ကြီးက “လိုက်မယ်” ဟု ဆိုသည်။
အားတက်သွားမိပါသည်။
ဒါပေမယ့် သင်္ချိုင်းအထိပဲလိုက်မည်ဟု ဆိုသည်။
သင်္ချိုင်းမှာ နေခဲ့မည်။
သင်္ချိုင်းဟိုဘက် တမလွန်ခရီးကို နာမ်ဟုပဲခေါ်ခေါ်၊ စိတ်ဟုပဲခေါ်ခေါ်၊ ၀ိဉာဉ်ဟုပဲခေါ်ခေါ် အဲဒါလေးက တစ်ကိုယ်တည်း ခရီးဆက်ထွက်ရတော့မည်။
တစ်ခုခုတော့ အားကိုးစရာပါသွားမှဖြစ်မည်။
သီလလား၊ သမာဓိလား၊ ပညာလား။
မသွားခင် ပြည့်နိုင်သလောက်ပြည့်အောင်ဖြည့်သွားရမည်။
အခုကတည်းက စဖြည့်နိုင်မှ သေတဲ့အခါ “တနိုင်စာ” ပါသွားနိုင်ပါမည်တဲ့။

ကဲ
ကိုယ့်ဆရာ
သင်ရော သေရင် ဘယ်သူ့အဖော်ခေါ်မှာတုန်း။
မေးကြည့်ပါဦး။
လုပ်တော့နော်… အချိန်မနည်းတော့ဘူး။

One thought on “တမလွန်ကိုဘယ်သူလိုက်မလဲ။”

  1. သေသွားပြီးနောက် သေချာစွာ လိုက်ပါနိုင်တာ တစ်ခုရှိပါတယ်- ဒါပာာ ကိုယ်ပြုခဲ့တဲ့ကံပါပဲ။
    အရိပ်ဆိုတာ အမြဲလိုက်ပါစမြဲပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>