တူးတီးတူတူးတူး

ချူချာလူမျိုးတယောက်က အင်္ဂလန်ကိုသွားလည်တယ်။
ဟိုတယ် မှာတည်းတယ်..သူက receptionistကိုပြောတယ်..

`တူးတီးတူတူးတူး´

receptionistနားမလည်ဘူး..ဒါနဲ့ စပိန်ဘာသာပြန်ကိုခေါ်မေးတယ်..စပိန်ဘာသာပြန်က မေးတယ်..
`ဘာအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´။

ချူချာပြန်ပြောတယ်..
`တူးတီးတူတူးတူး´

စပိန်ဘာသာပြန်နားမလည်ဘူး..ဒါနဲ့ ပြင်သစ်ဘာသာပြန်ေ၇ာက်လာတယ်..မေးတယ်..
ချူချာ ကလဲ ပြန်ပြောတယ်..
`တူးတီးတူတူးတူး´

ပြင်သစ်လဲ နားမလည်ဘူး..စကားပြန်တွေတော်တော်စုံသွားတယ်..ဘယ်သူမှ နားမလည်ဘူး..

နောက်ဆုံးဟိုတယ် မန်နေဂျာေ၇ာက်လာတယ်..မေးတယ်..
`ဘာများအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´

ချူချာကပြောပြတယ်..
`တူးတီးတူတူးတူး´
မန်နေဂျာ စဉ်းစားတ.ယ်..ပြီးတော့မှ ၀မ်းသာအား၇ ထပြောတယ်..

`အော်..သူကပြောတယ်…လက်ဖက်၇ည်နှစ်ခွက် အခန်းနံပါတ် ၂၂ ကိုလာပို့ ပေးပါတဲ့´။


ချူချာ ဆိုတာ ရုရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုက လူမျိုးလို့  ကျွန်တော် ဖတ်ဖူးတယ်။
ဟာသ အတိုအထွာတွေ စုစည်းတတ်တဲ့ မောင်ကောင်းထိုက်ရဲ့ ဇာတ်လမ်းတွေမှာ ပါလေ့ရှိတယ်။

သူတို့ က ရိုးအတယ်ပေါ့တယ်။
ဒီ ဟာသလေးကို ဖတ်မိတော့ နိုင်ငံခြားရောက် မြန်မာတွေရဲ့ အဖြစ်အပျက်လေးတွေကို တွေးမိလို့  – ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>