ကန့် လန့် ကာ၏နောက်ကွယ်၌ (၁)

လူတစ်ယောက်အတွက် အနှမြောဆုံးအရာမှာ သူ၏အသက်ပင်မဟုတ်ပါလား။

သို့ ပေငြားလည်း တရုတ်ပြည် Foxconn လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံမှာ (၆)လအတွင်းမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ (၇) ဦး သေဆုံးခဲ့ပြီးပါပြီ။

Foxconn – သူကဘယ်လို အလုပ်မျိုးလုပ်နေသလဲ။
ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တည်းတမ်းထုတ်လုပ်တဲ့ စက်ရုံကတော့ တရုတ်ပြည် Shenzhen မြို့ မှာ တည်ရှိပါတယ်။
တရုတ်ပြည်က စက်ရုံကို 1988 မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၊ ယခုအချိန်မှာ ၀န်ထမ်းစုစုပေါင်း (400,000) လေးသိန်းကျော်နဲ့  ကမ္ဘာပေါ်မှာ အလှဆုံး။ လူကြိုက်အများဆုံး iPod,iPad, iPhone တို့ ကို နောက်ကွယ်ကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ပစ္စည်းထုတ် စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။

iPod,iPad, iPhone ထုတ်ကုန်တွေကို လူသိများသလို။ အခုအချိန်မှာ Foxconn စက်ရုံက သေကြောင်းကြံစည်မှုတွေကိုလည်း လူတွေအာရုံစိုက်လာရပါပြီ။

ဘာကြောင့် (၆)အတွင်းမှာ သေကြောင်းကြံစည်မှု (၉) ကြိမ်ဖြစ်ပွားခဲ့ရပါသလဲ။

အသက် (၂၀) အရွယ် အပျော်တမ်း လူငယ် သတင်းထောက် Liu Zhi Yi  စက်ရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီး ၀န်ထမ်းတွေရဲ့ ဘ၀ကို အတွင်းကျကျ လေ့လာခဲ့ပါတယ်။

ဒီနှစ်အကုန်မှာ iPhone 4 G အရေအတွက် 24 million ထုတ်လုပ်ပေးဖို့ အရွယ်ကောင်း အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ အသက် ၂၀ ကျော်လူငယ်တွေကို Foxconn ကရွေးချယ်နေတဲ့အတွက် ငယ်ရွယ်တဲ့ သတင်းထောက် ရီ အတွက် အလုပ်တနေရာရဖို့  မခက်ခဲခဲ့ပါဘူး။

အလုပ်ဝင်ပြီး ၂၈ ရက်အကြာမှာ အာလုံးသောဝန်ထမ်းတွေ ကြုံတွေ့ ရတဲ့ ခံစားမှုကို သတင်းထောက် ရီ စတင်ရခဲ့ပါတယ်။
နာရီတစ်လုံး မရပ်မနားလည်ပတ်နေသလို။ စက်ရုံမှာရှိတဲ့ ၀န်းထမ်းတွေလည်း ကိုယ့်အဆိုင်းနဲ့ ကိုယ် တလှုပ်လှုပ်နဲ့  လည်ပတ်နေတာပါပဲ။

အလုပ်သွားတယ်၊ အလုပ်ပြန်တယ်။ရေချိုးတယ်။စားစရာရှိတာ စားတယ်။
ရေချိုးတယ်၊ အလုပ်သွားတယ်။ အလုပ်ပြန်တယ်။ စားစရာရှိတာ စားတယ်။
အာလုံးသော ၀န်ထမ်း ၄သိန်း တို့ ဟာ မဟောင်းနွမ်းတဲ့ လည်ပတ်မှုမှာ အပြုးအရယ် မရှိ လှည့်ပတ်နေကြတာပါပဲ။

တရုတ်ပြည် ပြင်ပတိုင်းပြည်တွေမှာ iPhone, iPod, iPad  အသုံးပြုရဖို့  ရင်ခုန်စွာ စောင့်ဆိုင်းနေပေမယ့်။ တရုတ်ပြည်ထဲက ဒီစက်ရုံက ၀န်ထမ်းတွေကတော့ iPhone, iPod, iPad တွေကို ခံစားမှုကင်းမဲ့စွာ တပ်ဆင်နေပါတယ်။ စက်ရုံက၀န်ထမ်းတွေသည် iPad လည်း မသိ။ iPhone 4Gလည်း စိတ်မ၀င်စား။
သူ့ တို့ အားလုံး တူညီစွာ စိတ်လှုပ်ရှားတာ လဆန်း ၁၀ ရက်နေ့  – လစာထုတ်ရက်ပါပဲ။

လစာတွေ အများကြီးရနေလို့  လစာထုတ်ရက်ကို စိတ်လှုပ်ရှားနေတာလား – သူတို့ လစာကတော့ US$130 ကနေ စတင်ပါတယ်။ မက်မောစရာ Over Time တွေရှိနေသေးလား။ အလုပ်ဝင်စဉ်က ၀န်ထမ်းတိုင်းမှာ Over Time ကို လုပ်ပါမည် (သို့ ) မလုပ်နိုင်ပါ စသည်ကို မိမိဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခွင့်ရှိပါသည်။
မိမိရွေးချယ်မှုသည် မိမိတာဝန်ဖြစ်ပါသည်တဲ့။ အဲဒီနောက် ရှည်လျားလှတဲ့ အလုပ်ချိန်တွေကို မိမိရွေးချယ်မှုနဲ့  စတင်လုပ်ကိုင်ရပါတယ်။

အချိန်ပိုအလုပ်တွေလုပ်ရင်း အလုပ်ကပေးတဲ့ ၀န်ထမ်းအဆောင်မှာနေနေကြတာ။ တစ်ယောက်နဲ့ တစ်ယောက် အလုပ်ချိန် အဆိုင်းချင်းမတူကြ။
သူမလာခင်၊ ငါ ထွက်။ ငါမလာခင် သူထွက်နဲ့  -တစ်ခန်းထဲနေပေမယ့် အခန်းဖော် ဘယ်သူမှန်းမသိ။

အလုပ်ချိန်မတူနေပေမယ့် အားလုံး အရွယ်တူ၊ ၀တ်စုံတူတွေ -နောက်ပြီးတော့ ဒီလိုဘ၀ မျိုးက ကျွတ်လွတ်ချင်တာချင်းတာလည်း အတူတူ။
အပတ်စဉ် ထီထိုးပြီး ၊ မြင်းလောင်ပြီး- သူဋ္ဌေးဖြစ်မလား မျှော်လင့်နေတဲ့သူတွေ။ မြင်လောင်းပွဲမှာ ထီရုံမှာ ရုံးပိတ်ရက်တိုင်း လူတန်းရှည်ကြီးက အထင်းသား။
စက်ရုံ စဖွင့်ခဲ့တဲ့ 1988 မှာ အခုအထိ ၀န်ထမ်း ၄ သိန်းထဲက ဘယ်သူမှ သဋ္ဌေးမဖြစ်ခဲ့ပေမယ့် ကုပ္မဏီပိုင်ရှင်ကတော့ တိုးတိုးပြီး သူဋ္ဌေးဖြစ်သွားတာ အမှန်ပါပဲ။

ဝန်ထမ်းတွေအတွက်ကတော့ အလုပ်ချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး အနားရတာ သူတို့ အတွက် မဟာ အခွင့်ထူးတစ်ခုလိုပါပဲ။
နေမကောင်းလို့ ဆေးခွင့်ရခဲ့လျှင်ဖြင့် ၀မ်းသာစရာ အနားရတာပါပဲ။ ဟိုလူ ဆေးခွင့်နဲ့  အနားရသွားပြီဆိုရင် ကျန်တဲ့လူတွေက အားကျ။ ငါလည်း ဆေးခွင့်ရအောင် ယူဦးမှ။
အလုပ်ချိန်မှာ ခါးလေး ဆန့် ခွင့်ရတာဟာ ၀န်ထမ်းတွေအတွက် အရသာရှိတာ ဇိမ်ခံမှုတမျိုးပါပဲ။
အထက်အရာရှိရဲ့ အဆူအဆဲကို မကျေနပ်သမျှ ၀က်အူတွေချည်း လှိမ့်ကျပ်နေတာလည်း  ၀န်ထမ်းတွေ အတွက် စိတ်ထွက်ပေါက် တစ်ခုပါပဲ။

ပင်ပန်းတာချင်းအတူတူ၊ ၀တ်စုံတွေကလည်း အတူတူ၊ စိတ်ညစ်ညူးနေတာချင်းလည်းအတူတူမို့  ၀န်ထမ်းတွေရဲ့ စိတ်ထဲမှာ သူလည်း ငါ့ကို မကယ်နိုင်၊ ငါလည်း သူ့ ကို မကယ်နိုင် သူတို့ အချင်းချင်း မိတ်ဆွေဖွဲ့  လိုစိတ်၊ အားကိုးလိုစိတ် နည်းပါးလာကာ။ ၀န်ထမ်း အရေအတွက်သာ သိန်းချီရှိပေမယ့် အချင်းချင်း အားပေးလိုစိတ် လက်တွဲထားလိုစိတ်ရှိတဲ့လူက ရာဂဏန်းမျှပင်ရှိနေရဲ့လား။
ဒီမေခွန်းကို Foxconn က HR personnel တွေက မေးခွန်းထုတ်ခဲ့ဖူးလား။
ဒါမှ မဟုတ် ဒီ ၀န်ထမ်းတွေဆီက လုပ်အားကို ဒီထက်ပိုရအောင် ဘယ်လိုရမလဲ – ဒီမေးခွန်းပဲ ထုတ်နေလား။

ဝန်ထမ်းတွေအတွက် တဖြည်းဖြည်း လူတစ်ယောက်ရဲ့ တန်ဖိုး၊ လူတစ်ယောက်ရဲ့ မျှော်လင့်ချက် တို့ သည် ပြောင်းလဲလာတော့သည်။
လူတစ်ယောက်ရဲ့တန်ဖိုးသည် လဆန်းတိုင်းရနေတဲ့ လစာ။
လူတစ်ယောက်ရဲ့ မျှော်လင့်ချက်သည် အလုပ်နားရက်။
လူတစ်ဦးချင်းရဲ့ စိတ်တို့ သည်၊ မျှော်လင့်ချက်တို့ သည်- ကျဉ်းမြောင်းလာတော့သည်။

အပျက်တကာ့ အပျက်ထဲတွင် – စိတ်ပျက်ခြင်းသည် အဆိုးဆုံးပဲ လို့ ကြားဖူးခဲ့သလို –
မိမိဘ၀ကို မိမိစိတ်ပျက်ခြင်းသည် – မိမိကိုယ်ကို အဆုံးစီရင်ခြင်းရဲ့ အစပဲ လို့  Foxconn က ၀န်ထမ်းတွေရဲ့ တိုးတိုးစကား ပုံပြင်တွေက ပြောနေသလိုပါလား။

ဝန်ထမ်းတွေဟာ များပြားလှတဲ့အလုပ်ချိန်တွေနှင့်အတူ မရပ်မနား စက်တွေနဲ့  အပြိုင် အလုပ်လုပ်ရင်း Apple ထွက်ကုန်တွေ ပိုမိုကောင်းလာပေမယ့် စက်ရုံ ၀န်ထမ်းတွေရဲ့ လူနေမှူအဆင်အတန်းကတော့ တိုးတက်မလာခဲ့ပါဘူး။

တိုးတက်မလာတဲ့ ဘ၀ အခြေအနေက မလွတ်မြောက်နိုင်လို့ - မိမိကိုယ်ကို အဆုံးစီရင်ပြီး လွတ်မြောက်အောင် ကျိုးပမ်းမူ ကိန်းဂဏန်းပဲ တိုးပွားလာတာပါပဲ။

အချိန်ကာလ တစ်ခုမှာတော့ ကန့် လန့် ကာနောက်ကွယ်က ဘ၀တွေ တိုးတက်လာပါစေလို့  – ဆုတောင်းမျှော်လင့်ရင်း အသက် (၂၀) အရွယ် အပျော်တမ်း လူငယ် သတင်းထောက်ရဲ့ ဆောင်းပါးကို မျှဝေပေးလိုက်ပါတယ်။

ဒီလို အခြေမလှတဲ့ အခြေခံဝန်ထမ်းတွေရဲ့ ဘ၀တွေက တရုတ်ပြည်မှာမှ မဟုတ်ပါဘူး။ ၀န်ထမ်းတွေရဲ့ ဘ၀တွေကို ပစ်ပယ်ထားတဲ့ အလုပ်ရှင်တိုင်းဆီမှာ တည်ရှိနေပါတယ်။ ဒီအလုပ်ရှင်တွေကို ပြောင်းလဲပေးဖို့  တာဝန်က သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မူဝါဒအပေါ်မှာ အများကြီးမူတည်ပါတယ်။

အလုပ်သမား မခိုကပ်အောင် အလုပ်ရှင်က တာဝန်တွေ၊စောင့်ကြည့်မှုတွေနဲ့  ထိန်းချုပ်ထားသလို။
အလုပ်ရှင်တွေ မခိုကပ်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိန်းချုပ်စောင့်ကြည့်ပေးဖို့ လိုပါတယ်။

source : http://micgadget.com/3793/the-real-truth-behind-foxconns-suicide-cluster/

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>