ခေါ်သံ
ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။
နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ … .. ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။
ကိုယ်နောက်မှာ
ကိုယ့်ဘေးပတ်လည်မှာ
စိတ်မရှည်တဲ့ မျက်နှာနဲ့ 
လူတွေဟာ လူတွေဟာ
ခေါ်သံကိုသာ နားစွင့်နေကြတယ်။
တစ်ယောက်ပြီးတစ်ယောက်
အလှည့်ရောက်ရင် မနွဲ့ စတမ်း
တလှမ်းချင်းလျှောက်
ရွံ့ ကြောက်မှုတွေ ကိုယ်စီနဲ့ လေ။
ဟော
ငါ့နာ့မည် ခေါ်သံပါလား –
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့ လာတယ်။
နားသယ်ဆံစမှာ
ချွေးတဆ တွဲခိုလာတယ်။
ရှောင်လွှဲလို့ မရတဲ့
သည်ခဏအချိန်ကလေး အတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြှားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့ နေလေရဲ့
အဆုံးမတော့
ငါဟာ . . . တုန့် ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ပဲ
ကျိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။
ကမ္ဘာလောကကြီးက
အသံဗလံတွေအားလုံးဟာ
အဲသည်တခဏမှာ
ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့  မေးခွန်းထုတ်လိုက်တယ်။
“အခွန်ဆောင်မှာလား သက်တမ်းတိုးမှာလား” ………….. .တဲ့။
ရေးသူမသိ။
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>