သင်ခန်းစာ

ဘ၀မှာ သင်ခန်းစာတွေ အများကြီး သင်ယူရတယ်။
ဒီသင်ခန်းစာတွေတိုင်းမှာ ကိုယ်ရဲ့အမှား မပါစေနဲ့ ။

လူတော်ဆိုတာ သူများအမှားတွေကနဲ့  သင်ယူတတ်တယ်။
လူလိမ္မာဆိုတာ ကိုယ်အမှားတွေကနဲ့  သင်သူတတ်တယ်။
လူရှော်ဆိုတာ ကိုယ့်အမှားကို ကိုယ်မသိခဲ့ဘူး။
လူမိုက်ဆိုတာ ကိုယ့်အမှားကို ကိုယ်သိပေမယ့် မပြုပြင်၊ မသင်ယူဘူး။

ကျွန်တော်တို့  ငယ်စဉ်အခါက ညနေရောက်ရင် အမေ၊ အဖေတို့ က -“သားဒီနေ့  ဘာသင်ခန်းစာတွေ ကျောင်းမျာ သင်ခဲ့သလဲ” – လို့  ကျွန်တော်တို့ ကို မေးခဲ့တယ်။
အဲဒိအခါ ကျွန်တော်တို့ က ဒီနေ့ သင်ယူခဲ့တဲ့ သင်ခန်းစာတွေကို ပြောပြခဲ့တယ်။ ကိုယ်ထက်ပိုသိတဲ့ လူကြီးမိဘတွေက ဒီသင်ခန်းစာတွေကို မှတ်မိအောင် မှတ်သားလေ့လာခိုင်းတယ်။

ဒီလိုနဲ့ ကျွန်တော်တို့  လူကြီးဖြစ်လာတော့ –
ကျွန်တော်တို့ ကို -“ ဒီနေ့  ဘာသင်ခန်းစာတွေ သင်ယူခဲ့လဲ” -ဘယ်သူမှ မမေးတော့ဘူး။

ကျွန်တော်တို့ မှာ သင်ယူစရာ သင်ခန်းစာ မရှိတော့ဘူးလား။
ကျွန်တော်တို့ နေ့ စဉ်ပြောဆို လုပ်ကိုင်နေတဲ့ အရာတွေဆီက ဘာသင်ခန်းစာတွေမှာ မရှိတော့ဘူးလား။

သင်ခန်းစာဆိုတာ အမှားတွေမဟုတ်ပါဘူး။
တချို့ က အမှားကျူးလွန်မိမှ သင်ခန်းစာရယူတတ်တယ်။

လက်ရှိ အကြောင်းအရာတွေသည် သင်ခန်းစာတွေပါပဲ။
အတိတ်က အဖြစ်အပျက်တွေသည် သင်ခန်းစာတွေပါပဲ။

ကျွန်တော်တို့ ငယ်စဉ်တုန်းကလို့  – ငါဒီနေ့  ဘာသင်ခန်းစာတွေ သင်ယူခဲ့သလဲ – မေးမိမယ်ဆိုခဲ့ရင် ။
ဘ၀ တက္ကသိုယ်မှာ ကျွန်တော်တို့ ဆည်းပူးစရာ အများကြီးတွေ့ ရမှာပါ။
ကျွန်တော်ရှင်သန်နေတာ ဘာအတွက်လဲ – မေးမိတယ်။

အမှန်တရားတခုကို ရှာဖွေဖို့  ရှင်သန်နေတယ်ဆိုရင် ကျွန်တော်တို့ ကို ကျွေးမွေးခဲ့တဲ့ မိဘ၊ သင်ကြားပေးခဲ့တဲ့ ဆရာသမားတို့ ကို ကျေးဇူးဆပ်နိုင်မယ်လို့  -ကျွန်တော်ယုံကြည်ပါတယ်။

သင်ခန်းစာတွေနဲ့ ပြည့်နေတဲ့ ဘ၀ ဖတ်စာအုပ်ကို ဖတ်ရတဲ့အခါ –

ကျွန်တော်သည်လည်း ဇာတ်ကောင် တစ်ယောက်။

ကျွန်တော် သူငယ်ချင်း-မောင်ဖြူသည်လည်း – ဇာတ်ကောင်တစ်ယောက်။
ထိုသူ .. ဒီသူ ..  တွေသည်လည်း ဇာတ်ကောင်အသီးသီးပါပဲ

လူလောက ဆိုတာ ဇာတ်လမ်းကိုယ်စီနဲ့   အချိတ်အဆက် လှပတဲ့ အခန်းဆက် သင်ခန်းစာ စာမျက်နှာတွေပါပဲ။

အခန်းဆက် သင်ခန်းစာ စာမျက်နှာတွမှာ ကျွန်တော်သည် မှင်နီ တားမခံရဘူးဆိုရင် – ဘ၀ တက္ကသိုယ်က ကျွန်တော် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့။
ကျွန်တော်ကို ကျွေးမွေးခဲ့တဲ့ မိဘ၊ သင်ကြားပေးခဲ့တဲ့ ဆရာသမားတို့ ကို ကျေးဇူးဆပ်နိုင်ပြီပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>