သားသမီး ရတနာ
သားသမီးဆိုတာ မိသားစုတစ်ခုကို လှပစေသော ပန်းချီကားဆိုလည်း ဟုတ်တယ်။ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းသံဆိုလည်း ဟုတ်တယ်။ အိမ်ထောင်တစ်ခုကို ရင်းနှိးခိုင်မာစေသော ကြိုးတစ်ချောင်းဆိုလည်း ဟုတ်တယ်။
ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုလည်း မမှားပါဘူး။
၂၁ ရာစုမှာ ချမ်းသာတဲ့ မိသားစုမှာ သားသမီးရရှိထားမှု နည်းနေတာကို သတိထားမိပါတယ်။
ဒါပေမယ့် ဆင်းရဲတဲ့ မိသားစုမှာတော့ သားသမီးရရှိထားမှု များနေတာ အရင် ကတည်းကနေ – အခုလက်ရှိ အချိန်ကာလအထိ မပြောင်လဲပါဘူး။
ဗျူး ကာတွန်းထဲတစ်ခုကို ပြန်ရေးပြရရင် – ခင်ဗျား အလုပ်အကိုင်မရှိဘဲ ဘာလို့ ကလေးတွေ အများကြီးယူထားရတာလဲ လို့ အ မေးခံရတဲ့အခါ ၊ အဖြေက – “အလုပ်မရှိလို့ ပါဆို ” ။
ဟုတ်တော့ ဟုတ်သလိုလိုရှိသားပဲ။
အလုပ်ကျိုးစားပြီး ချမ်းသာတဲ့ နိုင်ငံတွေမှာ အခု သားသမီး မွေးဖွားနှုန်း လျော့ကျနေလို့  – နိုင်ငံ့ခေါင်းဆောင်တွေ အကျပ်ရိုက်နေပါပြီ။ (ဘာမှမလုပ်ဘဲ ချမ်းသာနေတဲ့နိုင်ငံတွေကို မပါဝင်ပါ။)
တောင်ကိုးရီးယားနိုင်ငံသည် ကမ္ဘာာပေါ်မှာ ကလေး မွေးဖွားမှု အနည်းဆုံး နံပါတ် ၄ နေရာကိုရောက်ရှိနေပြီလို့  2010 နှစ်ဆန်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုးရီးယားရှိ အသက် 15 နှစ်မှ 29 နှစ်အတွင်း အမျိုးသမီးတစ်ယာက်ချင်းရဲ့ ပျမ်းမျှ ကလေးမွေးဖွားနှုန်းက 1.19 ပဲရှိပါတယ်။ တောင်ကိုးရီးယား ၇ဲ့ နောက်နားမှာ ကပ်နေတာ၊ ယူကရိန်း 1.14 ၊ Slovakia နိုင်ငံ 1.14 ၊ ဟောင်ကောင် 0.14 တို့ ဖြစ်ပါတယ်။ ဒီတော့ တခြားနိုင်ငံတွေမှာ ပျမ်းမျှရှိပါသလဲ။ ကမ္ဘာနိုင်ငံ အတော်များများမှာ ပျမ်းမျှအားဖြင့် 2.56 ရှိပါတယ်လို့ UN မှာ စာရင်းပြူစုထားပါတယ်။
ဒါလို မွေးဖွားမှုနှုန်း လျော့နေည်းနေတာ- မွေးကင်းစ ကလေးငယ်တွေကို ကျန်မာရေး စောင့်ရှောက်မှုလျော့နည်းလို့ လား-
တောင်ကိုးရီးယားမှာ Infant Mortality Rate ( မွေဖွားပြီး အချိန်မှ 1 နှစ်အရွယ်အတွင်း ကလေး သေဆုံးမှုနှုန်း) သည် ကလေး 1000 မှာ 3 ယောက်ပဲ ရှိပါတယ်။ ကျန်မာရေး စောင့်ရှောက်မှုနှန်း အတော်ကောင်းပါတယ်။ တောင်ကိုးရီယားထက် ကလေးငယ် သေဆုံးမှုနည်းပါးတာ – ဂျပန်၊ နော်ဝေ၊ ဆွီဒင်နဲ့  စင်္ကာပူနိုင်ငံတွေပါ။ ဒီလို မွေးဖွားပြီး ကလေးငယ်သေဆုံးမှု နည်းပါးတဲ့ နိုင်ငံတွေမှာထူးခြားစွာ ကလေး မွေးဖွားမှုနှုန်းက အရမ်းနည်းနေပါတယ်။ မွေးသမျှ ကောင်းမွန်စွာ အသက်ရှင် ကြီးထွားပေမယ့် မိဘတွေကိုယ်တိုင်က ကလေး မွေးဖွားဖို့ တွန့် ဆုတ်နေတာ အဓိက အကြောင်းရင်းပါ။
ပြက္ခဒိန်တွေကို ပြန်လှန်ကြည့်လိုက်တော့ – တောင်ကိုးရီးယား နိုင်ငံသည် စီးပွားရေး တိုးတက်အောင် အရှိန်အဟုန်နဲ့  ကျိုးစားခဲ့၇တယ်။ စီးပွားရေးမှာ ရှေ့ ဆုံးကပြေးနေတဲ့ ဂျပန် ကို အမှီလိုက်ဖို့ ကျိုးစားခဲ့တာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ကလေး မွေးဖွားမှု  ကျဆင်းသွားခဲ့ပါတယ်။
ကလေး မွေးဖွားမှု ကျဆင်းတော့ ဘာဖြစ်မှာလဲ။
နောက်မကြာခင်မှာ တိုင်းပြည်ထဲမှာ အလုပ်လုပ်နိုင်တဲ့ လူနည်းပြီး  သက်ကြီးရွယ်အိုတွေများလာပါလိမ့်မယ်။
အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ အလုပ်လုပ်နိုင်တဲ့ လူငယ် အချိုးအစားမမျှတော့ပါဘူး။ ဒီတော့ တိုင်းပြည်မှာ ကုန်ထုတ်လုပ်အား ကျဆင်းလာလိမ့်မယ်။ အလုပ်လုပ်မယ့်သူမရှိတော့ နိုင်ငံခြားသားတွေ ခေါ်သွင်းရလိမ့်မယ်။ ဒါတွေဟာ  တဖြည်းဖြည်းနဲ့  ရုပ်လုံးပေါ်လာမယ့် ပန်းချီကားချပ်တစ်ခုလိုပါပဲ။
ဒီလို ပြဿာနာကို ကိုးရီးယားနိုင်ငံ ၊ ထိုင်ဝမ် နဲ့  ဂျပန် နိုင်ငံ၊ စင်္ကာပူ နိုင်ငံ တွေမှာ တွေ့ နေရပါပြီ။
ဒီနိုင်ငံတွေရဲ့ မိသားစုတစ်ခုစီမှာ သားသမီး တစ်ဦးလောက်ပဲ ယူထားပြီး နောက်ထပ် ကလေး ယူဖို့  တော်တော် စဉ်းစားနေရပါတယ်။ ဘာကြောင့်လဲ လေ့လာဆန်းစစ်တဲ့အခါ – အမျိုးသမီးတွေဟာ  သားသမီးကို ကျွေးမွေး စောင့်ေ၇ှာက်ကိစ္စ၊ အိမ်ကိစ္စ အစရှိတာတွေနဲ့  ဗျာများနေရတဲ့အထဲ လုပ်ငန်းခွင်ထဲလည်း ၀င်ရသေးတယ်။ အမျိုးသမီးတွေ အလုပ်တဖက်နဲ့  အိမ်ထောင့်တာဝန်ထမ်းရတဲ့ အချက်က သားသမီးနည်နည်းယူနေရတဲ့ အဓိကအချက်ပါပဲ။
  • အမျိုးသမီးတွေကို ဦးစားပေး တန်ဖိုးထားဖို့    လှု့ ဆော်တိုက်တွန်းနေပါတယ်။
  • အိမ်ထောင်ရှင် တွေကို ခွင့်ရက်တွေပိုပေးတယ်၊ (အဖေ၊ အမေ – ၂ယောက်စလုံးကို ပေးတာပါ။ maternity leave ဆိုတာရှိသလို ၊ paternity leave ဆိုတာ လည်း ရှိလာပါပြီ။)။
  • အိမ်ထောင်ရှိသူတွေကို အခွန်တွေ လျှော့ပေးတယ်။
ဒါပေမယ့်လည်း နိုင်ငံခေါင်းဆောင်က အစ၊ လမ်းလျှောက်နေတဲ့လူ အထိ ပညာခေတ် ၊ နည်းပညာခေတ် လို့  အော်နေတော့- ကလေး တစ်ယောက်ရဲ့ ပညာသင်စရိတ်က မိဘတွေအတွက် ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်နေစဲပါပဲ။
“ကဲကဲ ရှင်မရေ အလုပ်မလုပ်နဲ့ တော့ ၊ သားသမီးကိစ္စ ၊ အိမ်ကိစ္စပဲ တာဝန်ယူတော့လို့  ” ပြောရအောင်။ လင်ယောကျာင်္းရဲ့ ၀င်ငွေက တအားကောင်းနေလို့ လား။ တိုးတတ်နေတဲ့ နိုင်ငံတွေမှာ ပညာသင်ကြားစရိတ်ကလည်း ထိုးတက်နေတော့ – မေးခွန်းတွေထပ်ထွက်လာရော – တစ်ဦးတစ်ယောက်တည်း ၀င်ငွေနဲ့  ဒီအိမ်၊ ဒီသားသမီးတွေကို ကျွေမွေး၊ပညာသင်ပေးနိုင်မှာလား။
စဉ်းစားစရာတွေ တခုမကပါပဲလား။
ဒီလိုသတင်းတွေ ဖတ်မိတော့ ကျွန်တော်တို့  အဖိုးအဖွားတွေ ခေတ်တုန်းက အိမ်ထောင်စုတစ်ခုမှာ ၅ ယောက် ကနေ ၁၀ ယောက်အထိရှိခဲ့တယ်၊ အားလုံး သိုက်သိုက်ဝန်းဝန်း၊ ၀၀ ဖြိုးဖြိုးနဲ့ ပါပဲ။ အိမ်ဝိုင်းဆို အကျယ်ကြီး ။ အဖွားက  အဖိုး ရှာဖွေ ကျိုးစားတဲ့ စီပွားကို မပျောက်မပျက်အောင် ထိမ်းသိမ်းသလို ၊အိမ်ထောင်တာဝန်ယူလည်းယူထားတယ်။ သားသမီးကိုလည်း စောင့်ရှောက်တယ်။ သားသမီး မြေးမြစ်တွေအထိ ပျော်တပြုံးပြုံနဲ့  နေသွားခဲ့တဲ့ အဖိုးအဖွားတို့ ကို ပြန်တွေးရင်း ။
အခုခေတ်မှာ ကျွန်တော်တို့  သားသမီး ဘယ်နှစ်ယောက် ယူမလဲ။
ကျွန်တော်တို့  သားသမီးတွေရဲ့ နောက် မျိုးဆက်မှာ. . .
နောက်မျိုးဆက်တွေမှာ . . . . . . . .
One thought on “သားသမီး ရတနာ”
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>