Home > အတွေ့ အကြုံ > ပတ္တမြားမှန်ရင် နွံ့ မနစ်ပါ။
ပတ္တမြားမှန်ရင် နွံ့ မနစ်ပါ။
January 22nd, 2010 Leave a comment Go to comments
အခုရက်ပိုင်းမှာ http://www.temasekreview.com/ ရဲ့ဆောင်းပါး သည် စင်္ကာပူနိုင်ငံသားတွေနဲ့  မြန်မာတွေ အငြင်းအခုံဖြစ်အောင် တွန်းအားပေးနေပါတယ်။
သေချာလေ့လာကြည့်ရင် -
  • ဒီ blog သည် အတိုက်အခံပါတီရဲ့ လက်ရှိ အာဏာရပါတီကို တိုက်ခိုက်နေတဲ့နေရာပါ။
  • ဒီ blog သည် မြန်မာလူမျိုးတို့ သာမက၊ တခြား လူမျိုးများ (တရုတ်၊ ဖိလစ်ပိုင်) အစရှိသော စင်္ကာပူမှာ အခြေချ၊ အလုပ်လုပ်နေသောသူများကို စော်ကားစွာ ရေးသားထားတာ တွေ့ နိုင်ပါတယ်။ ရေးသားထားသော ဆောင်းပါးများမှာလည်း တဖက်သားကို စော်ကားလွန်းပြီး၊ အဆင့်အတန်းမဲ့စွာ တိုက်ခိုက် ရေးသားထားပါတယ်။
    ဒါကြောင့် ဒီ blog သည် ပြဿနာကို မီးခွက်ထွန်းရှာနေသာ အတိုက်အခံပါတီရဲ့ တိုက်ကွက်ဖြစ်ပါတယ်။
    နောက် ဆောင်းပါး တစ်ပုဒ် မှာ ပြဿနာရှာလိုကြောင်း ရေးသားထားပါတယ်။
    Protracted online flame war between foreigners and locals on TR a warning for future social unrest
  • သူတို့ နိုင်ငံရေးပြဿနာ အရှုပ်အထွေးမှာ မြန်မာတွေ မြေဇာပင်မဖြစ်စေလိုပါ။  ။
ကျွန်တော် တန်ဖိုးထားသော မြန်မာ ချစ်မိတ်ဆွေတွေကို ပြောလိုတာ-
မလိုမုန်းထား၊ အဆင့်အတန်းမရှိသူများက သွားပုပ်လေလွင့် ပြောဆိုတိုင်း ကျွန်တော်တို့ မှာ ဘာမှ မထိခိုက်ပါ။
အဆင့်အတန်းရှိစွာ၊ အချက်အလက်ခိုင်လုံစွာ ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့  ကာကွယ်နိုင်ပါသည်။
  • ကျွန်တော်တို့ သည် ဒီနေရာမှာ တရားဝင်နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့် ရရှိထားသူများဖြစ်ပါတယ်။
  • မြန်မာတွေ အလုပ်လာလုပ်လို့ ရအောင် လက်ရှိခန့် ထားဆဲ မည်သူတစ်ဦး တစ်ယောက်ကိုမှ အလုပ်မှထုတ်ပစ်ခြင်းမရှိပါ။
    မြန်မာတွေ အလုပ်လာလုပ်လို့ ရအောင် အလုပ်အကိုင်အသစ်တွေကိုလည်း မည်သူမျှ မဖန်တီးပေးပါ။
    အကြောင်းတစ်ခုကြောင့် အလုပ်မှ ထွက်ခွာသွား ၀န်ထမ်းတွေကြောင့်  ဖြစ်ပေါ်လာတဲ့ လစ်လပ်တဲ့ နေရာတွေမှာသာ မြန်မာတွေ ၀င်ရောက် လုပ်ကိုင်တာဖြစ်ပါတယ်။ ဒီလစ်လပ်တဲ့နေရာ မှာအလုပ်လုပ်သူသည်  မြန်မာလည်းဖြစ်ချင်ဖြစ်မယ်၊ တခြား လူမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်ရှင်ကိုယ်တိုင် သင့်တော်သောသူကို အလုပ် ခန့် ထားတာ ဖြစ်ပါတယ်။
    ဒါကြောင့် မြန်မာလူမျိုးတွေကို အလုပ်ပေးချင်လို့  အလုပ်ပြုတ်သွားတဲ့ စင်္ကာပူနိုင်ငံသားတစ်ဦး၊ တစ်ယောက်မှ မရှိပါ။
  • စီပွားရေးအခြေအနေကြောင့် စင်္ကာပူနိုင်ငံသားတွေ အလုပ်ပြုတ်တာပါ။ နိုင်ငံခြားသားတွေ မရှိလဲ အလုပ်ပြုတ်မည့်သူသည် ပြုတ်မှာပါပဲ။
မြန်မာတွေကို နေထိုင်ခွင့်ပေးထားတာ စင်္ကာပူ အစိုးရ ။
မြန်မာတွေကို အလုပ်ပေးထားတာ စင်္ကာပူနိုင်ငံရှိ လုပ်ငန်းရှင် ။
ဒါကို မကျေနပ်တာလည်း စင်္ကာပူနိုင်ငံသားတွေ ။
ဒါ သူတို့ အချင်းချင်း ဖြေရှင်းရမယ့် ပြဿနာပါ ။
ကျွန်တ်ာတို့  မြန်မာလူမျိုးများနှင့် လုံးဝ မသက်ဆိုင်ပါ ။
  • ပြဿနာဖြစ်လိုသော အတိုက်အခံပါတီက မြန်မာတွေကို ဆွပေးရင်း ပြဿနာကြီးအောင် ဖန်တီးနေတာ အမြဲ သတိရပါ။
    ကျွန်တော်တို့ သာ ကျွဲနှစ်ကောင်ခတ်ရာ မြေဇာပင် မဖြစ်ပါစေနဲ့ ။
ကျွန်တော်တို့ တစ်တွေ ရထားတဲ့အခွင့်အရေးမှာ ကိုယ့်အရည်အချင်းကို အမြဲ မြှင့်တင်ပါ။
ကျွန်တော်တို့ တွေမှာ အရည်အချင်းရှိနေသရွေ့  ကျွန်တော်တို့ တစ်တွေ အောင်မြင်နေမှာပါ။
ပတ္တမြားမှန်ရင် နွံ့ မနစ်ပါ။
မိမိ ကိုယ်ကို တန်ဖိုးရှိတဲ့ ရတနာမျိုးဖြစ်အောင် ကျိုးစားပါ။
Email This Post Email This Post
Print This Post Print This Post
  1. No comments yet.
  1. No trackbacks yet.
UA-11799235-1